Han Thit Naing သတင်းပဒေသာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဌာနချုပ်) တွင် AIDS ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဌာနချုပ်) တွင် AIDS ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၁ရက်၊ ၂၀၁၅
ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဌာနချုပ်) NAC အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခုခံအားကျဆင်းမှုရောဂါကာကွယ်တိုက်ဖျက်ရေးဌာနမှ ဒီဇင်ဘာ ၁ရက်နေ့ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့တွင် AIDS ရောဂါခံစား နေရသူများနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှ ဦးဆောင်ပြော ကြားခဲ့သည်။ အခမ်းအနားတွင် ရွှေညဝါဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဦးဝင်းထိန်၊ သရုပ် ဆောင် ဗေလုဝ၊ အလှူရှင်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။

၂၀၀၂ခုနှစ်မှ ဒေါ်အောင်စုကြည်၏လမ်းညွှန်မှုနှင့် ဒေါ်ဖြူဖြူသင်းအပါအဝင်လူငယ် (၁၉) ဦးသည်  ပညာပေးသင်တန်းတက် ပြီး စတင်ခဲ့ကြောင်း၊ ၂၀၀၄ခုနှစ်တွင် ဝေဒနာရှင်များအတွက် နေအိမ်များငှားရမ်း ပြီး ပြု စုစောင့်ရှောက်သော်လည်း အာဏာပိုင်များ၏အတားအဆီးအနှောက်အယှက်များ၊ ငွေကြေးအခက်အခဲ၊ နေရာအခက်များကြုံတွေ့ခဲ့ရ ကြောင်း၊ ၂၀၀၅ခုနှစ်တွင် ဒေါ်ဖြူဖြူသင်းမိသားစုပိုင် တောင်ဒဂုံမှမြေနေ ရာအားလှူဒါန်းခဲ့ပြီး ဂေဟာသစ် တစ်ခုဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နောက် ပိုင်းတွင် မေတ္တာရှင်ဆရာတော်မှ အရှေ့ဒဂုံ၊ ခါတော်မီ (၁) လမ်း၊ ၆ရပ်ကွက် အမှတ် (၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂)ကို ဝေဒနာရှင် များ အဆင်ပြေပြုစု စောင့်ရှောက်နိုင်ရန် လှူဒါန်းခဲ့ကြောင်း၊ ယခုတွင် မေတ္တာရှင်ဆရာတော်လှူဒါန်း ထားသောမြေနေရာကို ခုခံအားကျဆင်းမှု ရောဂါကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ၃ထပ်ခွဲအဆောက်အဦးဂေဟာသစ်ကို ဆောက်လုပ်နေ ကြောင်း၊ လူနာများအတွက်လည်း ရန်ပုံငွေများရအောင် မိမိတို့အနေနဲ့ အသေးစားစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လည်း လုပ်ဆောင်လျှက်ရှိကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြော သည်။

ဆက်လက်ပြီး “ဒီရောဂါခံစားနေရသူတွေကို တခြားနိုင်ငံများနည်းတူရောဂါတွေကို ဆေးဝါးတွေ အားလုံးရဖို့ ပျောက်ကင်းဖို့အတွက်ကြိုးစားခဲ့ရပါတယ်။ အခုဆိုရင် ကျမတို့နိုင်ငံမှာ လူဦးရေနှစ် သိန်းနှစ်သောင်းနီးနီး ရောဂါဝေဒနာခံစားနေရတယ်၊ အမှန်တကယ်တော့ ဆေးမရှိလို့မဟုတ်ပါဘူး ဆေးတွေကတော့ အပြည့်အဝရှိပြီးသားပါ။ ဒီဆေးတွေကိုပေးဖို့အတွက် အစီ အစဉ်တကျဖြစ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးနေပါတယ်” ပြောပြသည်။

သရုပ်ဆောင်ဗေလုဝက“ကမ္ဘာမှာတော့ ဂျိုလီက နိုင်ငံတကာက ကလေးတွေကိုမွေးစားတယ်၊ မဖြူကတော့ ဂင်းနစ်စံချိန်ဝင် လူနာတွေကိုမွေးစားထားတာနည်းတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ မာသာထရီဇာ” ဟု ဂုဏ်ပြုပြောခဲ့သည်။

၎င်းအခမ်းအနားတွင် အလှူရှင်များက လူနာများအတွက် ငွေများလှူဒါန်းခဲ့ပြီး ဂုဏ်ပြုလွှာများလည်း ပေးအပ်ခဲ့သည်။ ကိုရဲ လွင်၏ ပန်းရဲ့လမ်းတေဂီတဖျော်ဖြေမှုများနှင့်လည်း သီဆိုပေးခဲ့သည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts