ကဗျာ

လင်းသက်ငြိမ် – ခေတ်စနစ်ရဲ့ သားကောင်များ / သားကောင်းများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
လင်းသက်ငြိမ် – ခေတ်စနစ်ရဲ့ သားကောင်များ / သားကောင်းများ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
မတရားမှုတွေကို
ဆန့်ကျင်တော်လှန်နေပြီ ဆို
ကျွန်တော်တို့ကို သူပုန်လို့ ခေါ်ပါ။
 
အမှန်တရားကို
ချစ်မြတ်နိုးနေမိတဲ့အခါ 
ကျွန်တော်တို့ကို လူဆိုးလို့ ခေါ်ပါ။
 
ငြိမ်းချမ်းရေးကို
တယုတယ ပျိုးမိတဲ့အခါ
ကျွန်တော်တို့ကို ဆူပူလှုံ့ဆော်သူများလို့ ခေါ်ပါ။
 
ကိုယ့်တိုင်းပြည်ကို 
ကောင်းစေချင်တဲ့ စိတ်ပေါ်လာပြီဆို
ကျွန်တော်တို့ကို ဖောက်ပြန်ရေးသမားလို့ ခေါ်ပါ။
 
နိုင်ငံတကာနဲ့တန်းတူညီတူရှိဖို့
ကြိုးစားတဲ့အခါ 
ကျွန်တော်တို့ကို ပုဆိန်ရိုးလို့ ခေါ်ပါ။
 
မကောင်းတာကို
မကောင်းကြောင်း ပြောပြမိရင် 
ကျွန်တော်တို့ကို အဖျက်သမားလို့ ခေါ်ပါ။
 
စည်းကမ်း စည်းကမ်းနဲ့ ပါးစပ်ထဲမှာ
လမ်းဆုံးနေတဲ့နေရာမှာ
ဥပဒေဥပဒေနဲ့ အရာရာ
သူ့ခြေ သူ့လက် ဖြစ်နေတဲ့ နေရာမှာ
အာဏာ အာဏာ နဲ့
ခွာနာလျှာနာ ကျနေတဲ့ နေရာမှာ
စကားလုံး ကောင်းကောင်း
ဆိုင်းဘုတ် လှလှနဲ့ 
အခွံချည်းသက်သက် ကျန်တော့တဲ့
နေရာမှာ
တိုင်းပြည်မှာ
နိုင်ငံမှာ
ကျွန်တော်တို့ဟာ နာမည်အမျိုးမျိုးနဲ့
ပြစ်ဒဏ်အမျိုးမျိုးနဲ့ သေနည်း အမျိုးမျိုးနဲ့
အနေမလှ အသေမလှ
သမိုင်းထဲ တိုးတိုးတိတ်တိတ်
ဝပ်နေခဲ့ရပေါ့…..
တစ်ချိန်မှာ ရှင်ပြန်ထမြောက်မယ့်
အမျိုးချစ်သူ ကောင်းသားတွေ       

 

လင်းသက်ငြိမ် 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts