ဓာတ်ပုံသတင်း

“Startup Challenge 2015” နောက်ဆုံးယှဉ်ပြိုင်ခြင်းနှင့် ရွေးချယ်ဆုပေးပွဲကျင်းပ

 

“Startup Challenge 2015” နောက်ဆုံးယှဉ်ပြိုင်ခြင်းနှင့် ရွေးချယ်ဆုပေးပွဲကျင်းပ

သွန်းခ၊ မိုးမခ။ နိုဝင်ဘာ ၂၃၊ ၂၀၁၅

 

(ရန်ကုန်၊ နိုဝင်ဘာ ၂၂) မိမိကျွမ်းကျင်သည့် နည်းပညာများနှင့် အများပြည်သူအကြား အကျိုးရှိ ထိရောက်ဖော်ဆောင်အသုံးချနိုင်မှု နောက်ဆုံးယှဉ်ပြိုင်တင်ဆက်ခြင်းနှင့် အမှတ်ပေးဆုရွေးချယ်ပွဲအား ရန်ကုန်မြို့၊ကုန်သည်လမ်း၊ အမှတ်(၅၆၁)၊ MCA Tower (၁၁လွှာရှိ “ဖန်တီးရာ” ခန်းမတွင်ပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲ မစတင်မီကတည်းက သင်တန်းပို့ချခြင်း၊ မိမိကျွမ်းကျင်ရာ နည်းပညာများအလိုက် လေ့ကျင့်အသုံးချမှု အစီအစဉ်များကို နိုဝင်ဘာ (၁၄ရက်နေ့မှ စတင်၍ စီစဉ်ဆောင်ရွက်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အဖွဲ့ပေါင်း (၄၉ဖွဲ့ ၀င်ရောက် ဆင်နွှဲခဲ့သည်။

 

နောက်ဆုံး ဆန်ခါတင် (၁၁ဖွဲ့ ၏ တင်ဆက်ယှဉ်ပြိုင်ခြင်းကို ညနေ ၃၁၅ တွင်ပြုလုပ်ခဲ့ရာ ပထမဆု – ပျိုးပင်ပေါက်အဖွဲ့၊ ဒုတိယ – (MPA) Myanmar Pressphoto Agency၊ တတိယ – Tay အဖွဲ့တို့ အသီးသီးရှိသွားခဲ့ကြသည်။


 

အဆိုပါအစီအစဉ်အား USAID၊ Wave Money (ရိုးမဘဏ် နှင့် တယ်လီနော)၊ ကမ္ဘောဇဘဏ်နှင့် ANTHEM ASIA တို့မှ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြောင်း သတင်းရှိသည်။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts