ကဗျာ

ရဲရင့်သက်ဇွဲ – ကမာပုလဲ(သို့ ) ညကောင်းကင်ရဲ့ တေးသမား

ရဲရင့်သက်ဇွဲ – ကမာပုလဲ(သို့ ) ညကောင်းကင်ရဲ့ တေးသမား
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

ကမာပုလဲ ဆုံးပြီတဲ့ …
ဗုံးအလုံးပေါင်းများစွာပေါက်ကွဲ
ငါကြေကွဲရပြီ ….

အသေခံဗုံးခွဲသူတယောက်ရဲ့ 
တိကျတဲ့ပြစ်မှတ်
ငါ ဘာဖြစ်သွားလဲ ဆိုတာတောင်
ငါ မတွေးလိုက်မိတဲ့ ခဏ
ခင်ဗျားကတော့ ထွက်ခွါသွားခဲ့ပြီ…..

ကိုပေါက် ရေ…..
မယ်လဦးစခန်းကို အတူသွားခဲ့ကြ
ကျောင်းသားကုန်းပေါ်က
ဘုန်းကြီးကျောင်းနဲ့ စေတီငယ်လေး
မနီးမဝေးမှာ
ညကောင်းကင်ရဲ့ တေးသမား သီချင်းတစ
ခင်ဗျား ဆို တီးပြခဲ့ဘူးတယ်
ခင်ဗျားနဲ့ ကိုလွမ်းဏီတို့ အိမ်မှာ
ထုံထောင်းထဲက လဘက်ရည်ဆိုင်မှာ
ကိုထော်ကြီးတို့ အိမ်မှာ
ဘီအမ်အေရဲ့ ညီလာခံများမှာ ….
ကျနော်တို့  စကားတွေ အများကြီးပြောခဲ့ဘူးကြတယ်…

အခုတော့ ထွက်သွားခဲ့ပြီ
ည ကောင်းကင်ရဲ့ တေးသမား
အမှောင်မှာပျော်ဘို့  ….

ဆို့ နစ်ကြေကွဲ အသံတွေမစဲဘူး
ကမ္ဘာမြေ၀သုန်ရေ လာခြင်းကောင်းတဲ့သူတယောက်ကို
ဆီးကြိုပေတော့….

ကြေကွဲမှုများစွာနဲ့ 

(နံက် ၄း၃၉ အေအမ်၊ ၂၀ နိုဝင်ဘာ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts