ကဗျာ

မောင်ရဲနွေ (ပလိပ်) – အမာ မသေဘူး

 မောင်ရဲနွေ (ပလိပ်) – အမာ မသေဘူး

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

အမာ

တစ်ရာပြည့်

မသေသောနေ့

ဖွားသေ

မြေကျပေမယ့်

အမာဟာ

ဖွားတာ မြတ်

သေတာ မြတ်

အမာဟာ

အမှန်တရားအတွက် ရဲရဲရပ်သူ

အမာဟာ

အမှန်တရားအတွက်

ရဲရဲရှင်သန်သူ

အမာဟာ

ယဉ်ကျေးမှုအတွက် လမ်းပြသူ

အမာဟာ

စာပေအတွက် တာဝန်ကျေသူ

အမာဟာ

မန္တလေးရဲ့ပုံရိပ်

အမာဟာ

လူထုအတွက် ပုံရိပ်

အမာလို လူ

သူ မရှိ

ပကတိတရားနဲ့

လူအများအတွက် တာဝန်ကျေ

အမာ  မသေဘူး

အမာ မသေဘူး

မသေဘူး။             ။

 

   နိုဝင်ဘာ ၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts