ကဗျာ

ဒီလူည – မင်းတို့ ငါတို့ဟာ လမ်းနဲ့ ကမ်းနဲ့ ဝေးကွာတဲ့ လူငယ် (၂)

ဒီလူည – မင်းတို့ ငါတို့ဟာ လမ်းနဲ့ ကမ်းနဲ့ ဝေးကွာတဲ့ လူငယ် (၂)
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၅

သွေးဝနေတဲ့ခြင်တစ်ကောင်လို
ဝလာတဲ့နေရောင်အောက်
ရေသန့်ဗူးခွံတွေရဲ့ နေရာယူမှု
ဒါဟာ ဖြေရှင်းဖို့ ငြင်းပယ်ခံရတဲ့ ပင်လယ်
အဲဒီပင်လယ်ထဲ
သူငယ်ချင်းတို့
မင်းတို့ ငါတို့ လူငယ်ဘဝတွေ လက်ပစ်ကူးခဲ့ရ
ရေလယ်ခေါင် သောင်ထွန်း
နတ်သမီးနေတဲ့ ကျွန်းပေါ်လည်း မရောက်ခဲ့ရ
ကျောက်မီးသွေးတွင်းထဲက မျက်လုံးတွေလို
အောက်မေးရိုးပြုတ်နေတဲ့ ခရီးထဲ
တစ္ဆေဆန်မှုတွေရဲ့ အနုကြမ်းစီးမှု
ငါတို့ ကမ်းနဲ့ဝေးကွာလာပုံ
ငါတို့ လမ်းနဲ့ဝေးကွာလာပုံ
မြစ်ရေကြီးမှုသတင်းထဲ
အိုးမဲ့အိမ်မဲ့ဟာ ငါတို့
အော်သံ ဟစ်သံ ကူညီသံတို့ဟာ ငါတို့
ပရိုကဒ်နဲ့ ငါတို့နှလုံးသားကို ထောက်ကန်ထားရ
ငါက လမ်းဘေးမှာ ဂစ်တာတစ်လက်နဲ့
ညရဲ့လရောင်ကိုမျှားလို့
မင်းက
ခုံပုလေးတွေပေါ် သီချင်းသံနဲ့
လက္ဖရည်ဆိုင်ရဲ့ လူငယ်ဘဝကိုမျှားလို့
ဒါပေမယ့်
ကြောင် ကြာကြာတော့ ရေမငုပ်ခဲ့ရ
ဘယ်သီချင်းဖွင့်ဖွင့်
ဒီဆောင်းရဲ့ နံနက်ခင်းတွေက
ငါ့တို့အရိုးကို ကွဲအက်အောင် အေးလို့။   ။

ဒီလူည

illustration : Toni Demuro

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts