သတင်းပဒေသာ

(သွန်းခ) – မေတ္တာမှတပါး အခြားမရှိ အခွေထုတ်လုပ်မှု သတင်းစာရှင်းလင်း


(သွန်းခ) –  မေတ္တာမှတပါး အခြားမရှိ အခွေထုတ်လုပ်မှု သတင်းစာရှင်းလင်း

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅

 

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ရေဘေးပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ထုတ်လုပ်သည့် “မေတ္တာမှတစ်ပါး အခြားသောအရာမရှိ”  DVD Live Show အခွေမိတ်ဆက်နှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။  ရန်ကုန်မြို့၊၊ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၏ ကူရှင်ခန်းမတွင် နိုဝင်ဘာ ၁၂ ကြာသပတေးနေ့၊ ညနေ ၅း၃ဝမှ ၆း၃ဝ အထိ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ လာမည့်ဒီဇင်ဘာ(၁)ရက်နေ့တွင် ထုတ်လုပ်ဖြန့်ချိမည့် “မေတ္တာမှတစ်ပါး အခြားသောအရာမရှိ” ဒီဗွီဒီအခွေတွင် အဆိုတော်ပေါင်း၅၈ဦးခန့် ၊ တေးဂီတအဖွဲ့ပေါင်း ၄ ဖွဲ့နှင့် စုပေါင်း တင်ဆက်ထားခြင်းဖြစ်သည်။ တေးရေးဆရာပေါင်းများစွာ ပါဝင်ကူညီရေးဖွဲ့ထားသည်။ “စာနာစိတ်ဖြင့်တွဲလက်ကူ”၊ “မျှော်လင့်ချက်”၊ “ဘေးဒဏ်လွတ်ရာ”၊ “လဲနေသူထူပေးပါ”၊’နှလုံးသားဖြင့်ကြည့်လျှင် မြင်လိမ့်မယ်”၊ “ရှင်သန်ခြင်းတေး” အပါအဝင် စုစုပေါင်းသီချင်း ၁၇ ပုဒ် ပါဝင်သည်။

ရေဘေးသင့်ပြည်သူများအတွက် အထူးလိုအပ်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အခွေရောင်းချငွေဖြင့် လှူဒါန်းနိုင်ရေး စီစဉ်ခဲ့ခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts