ကဗျာ

ဇော်ထက်(ပျဉ်းမနား) – ငါတို့ပြည်က မိုက်ကယ် အိမ်ဂျယ်လို

 ဇော်ထက်(ပျဉ်းမနား) – ငါတို့ပြည်က မိုက်ကယ် အိမ်ဂျယ်လို

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

နေရောင်ခြည် ဆမ်း

ရွှေပြည်လမ်း ကွေ့

နေ့သစ် ဆန်းမှာ

ထန်းပင်တွေ
ကန္တာရပင်တွေနဲ့
အိနြေ္ဒရနေတဲ့
ဗာတီကန်ရဲ့ ဥယျာဉ်လှ

ပြတိုက်နံဘေးက
ဒေါင်း အလှရုပ်တွေရဲ့

ခြေရင်းမှာတော့

ခြင်္သေ့မင်းတွေက

ခစင်းလို့နေခဲ့…။

ဆယ့်ခြောက်ရာစုအစ
ရောမမြို့ကြီးမယ်
သက်ခုနစ်ဆယ်ကျော် ရွယ်အို

မိုက်ကယ်အိမ်ဂျယ်လိုက

ရှုံ့တွနေတဲ့ သူ့လက် 

အားတင်းနှစ်ဘက်နဲ့ စီ
စိန့်ပီတာဘာဆဲလစ်ကားကို
ဆောက်ပြသွားမယ် ဆိုတော့
ရောမတခိုနေ

ဂုဏ်သရေရှိလူကြီးမင်းတို့က

ဟုတ်ပါ့မလား
ဒီသက်ကျားအိုက တဲ့လား
တဟားဟားနဲ့ …
ဟားခဲ့ကြသတဲ့ …။

သူသေတဲ့အထိ

မပြီးဘူးဆိုတာ သူသိခဲ့
ဒါပေမဲ့လည်း …
အားမာန်ခဲ ခဲ့

သူချစ်တဲ့ ရောမမြို့ကြီးကို
အလှ ဆင်ပြင်
ဘဝ နေမဝင်မချင်း

ဆစ်စတင်းချက်ပယ်က

မျက်နှာကျက်တွေကို
ကိုယ်တိုင်ကိုယ်ကျ
ချလို့ပုံစီ
တုန်ရီနေတဲ့လက်

ခါးကမျက်နေပေမဲ့
ဘဝတသက်
ည မမက်
နေ့ ဆက် ညဆက်
လက်ရာ မပျက်
သူ ခရီးဆက်ခဲ့ပေါ့…။

နှစ်ထောင့်တဆယ့်ငါးမှာ

တကယ့်ကိုဗျာ

ကြည့်စမ်းကြပါဦးလေ


လူတန်းရှည်ကြီးက …

ဗာတီကန်ကျောင်းဝရှေ့
တနေ့တနေ့ စီ

ဒီလို အာဂလူသား

သူတို့ မိုက်ကယ်အိမ်ဂျလိုများ

ဦးညွှတ်လေးစား

ကမ္ဘာတလွှားက

ဘာသာရပ်ခြား

လူသားပီတိများ

ပြည့်လို့ဝလို့ပါလား…။

ငါတို့ရွှေပြည်မှာလည်း

ရဲသွေးပြည့်ဝ

အာဂလူသား

မိုက်ကယ်အိမ်ဂျလိုတပါး ရှိတယ်လေ

ရှုံ့တွနေပေမဲ့

ရဲရင့်တဲ့ သူမရဲ့

လှပနုနယ်တဲ့ လက်များနဲ့
နှစ်ဆယ့်တစ်ရာစု အစ
ရွှေပြည်လှမှာ
အောက်ကျနောက်ကျ ဘဝတွေကို

ကူ …

သူ ကယ် မထူခဲ့မတဲ့

 

ရွှေပြည်တလွှားက … လူကြီးမင်းများခင်ဗျား

ရွှေတွေလား
ငွေတွေလား
မြေတွေလား
တောတောင်တွေလား
တောကောင်တွေလား
တောကြောင်တွေလား

လိုချင်တာများ ယူသွားခဲ့ပြီးပြီပဲဗျာ။

 

အနာဂါတ်ကိုသာ  ချမ်းသာပေးခဲ့ပါ

ငါတို့ရဲ့မိုက်ကယ်အိမ်ဂျလို
ရွှေပြည်ကို ဆောက်ခွင့်ပေးပါ

ငါတို့ ရွှေပြည်မှာလား

အာဂလူသား

မိုက်ကယ်အိမ်ဂျလိုတပါး ရှိတယ်လေ။          ။

(St. Peter’s Basilica=ဗာတီကန်ရှိ ဘုရားရှိခိုးကျောင်းကြီး

Sistine Chapel=ပုပ်ရဟန်းမင်းကြီး၏ အိမ်တော် ဘုရားရှိခိုးခန်း)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts