News Yan Naung (Bo Ta Htaung) ရသဆောင်းပါးစုံ

JARKEN မှ မြန်မာ့ဈေးကွက်အတွင်း ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေကြောင်း အတည်ပြုကြေညာ

 JARKEN မှ မြန်မာ့ဈေးကွက်အတွင်း ဝင်ရောက်ရန် အဆင်သင့်
ဖြစ်နေကြောင်း အတည်ပြုကြေညာ
ရန်နောင် (ဗိုလ်တထောင်)   မိုးမခ နိုဝင်ဘာ ၇ – ၂၀၁၅

 

 

 
 
          ထိုင်းနိုင်ငံ၏
ထိပ်တန်းမှ ဦးဆောင်နေသော ဗိသုကာနှင့် အိမ်တွင်းအလှဆင်လုပ်ငန်း သုံးခုအနက်မှ တစ်ခုဖြစ်သည့်
JARKEN  Company များ အဖွဲ့သည် ကမ္ဘောဒီးယား
၊လာအို၊ မြန်မာ နှင့် ဗီယက်နမ် ဈေးကွက်များသို့ စတင်ချဲ့ထွင်ရန် အဆင်သင့် ဖြစ်နေပြီ
ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ၁၂ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော  JARKEN Company များအဖွဲ့သည် ၎င်း၏ လက်အောက်
Company ခွဲ လေးခုမှ တဆင့် အမျိုးမျိုးသော ဒီဇိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။
          တစ်ဦးချင်း
ဝယ်ယူသူများ၊ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်အမျိုးမျိုးဖန်တီးသူများ၊ စီးပွားရေးအကြံပေးများ၊
ဂရပ်ဖစ်ဒီဇိုင်းနာများ၊ အိမ်တွင်းအလှဆင်ပညာရှင်များနှင့် ဗိသုကာပညာရှင်များအတွက် အမျိုးမျိုးသော
ဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော JARKEN သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးမှုကို
အထောက်အကူဖြစ်စေမည့် အိမ်အသုံးအဆောင်များ၊ပရိဘောဂများ၊ဗိသုကာလက်ရာများ၊အိမ်အလှဆင်ပစ္စည်းများ၊ဆောက်လုပ်ရေးသုံးပစ္စည်းများကို
ပြသမည့် Myanmar Build & Décor 2015 ပြပွဲကြီးတွင် ပါဝင်ပြသခြင်းဖြင့် ကမ္ဘောဒီးယား၊လာအို၊မြန်မာ
နှင့်  ဗီယက်နမ်နိုင်ငံလေးနိုင်ငံသို့ စီးပွားရေးချဲ့ထွင်မည့်
ပထမဆုံးခြေလှမ်းကို ပြင်ဆင်လိုက်သည်။ Myanmar Build & Décor 2015 ပြပွဲကြီးကို
နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၄ ရက်များတွင် M yanmar Event Park တွင် ကျင်းပသွားမည်ဖြစ်သည်။
          JAKERN
သည် စကန်ဒီနေဗီးယန်း၊အရှေ့အလယ်ပိုင်း နှင့် အရှေ့တောင်အာရှဒေသများမှ လုပ်ငန်းများအပါအဝင်
ပြည်တွင်းပြည်ပ အဆင့်မြင့် အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ဆေးရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက်
အိမ်တွင်းအလှဆင် ဒီဇိုင်းများ၊ဗိသုကာလက်ရာများကို ပံ့ပိုးပေးနေသည့် ဈေးကွက်တွင် ထိပ်တန်းမှ
ဦးဆောင်နေသော လုပ်ငန်းကြီး တစ်ခုဖြစ်သည်။ JAKERN ခံယူချက်မှာ နိုင်ငံတကာအဆင့်မီ အရည်အသွေး
ကျွမ်းကျင်မှုများနှင့်အတူ ` ရိုးရှင်းသော ခေတ်မီဆန်းသစ်မှု ´ ကို ဖန်တီးပေးရန်ဖြစ်သည်။
JARKEN Company များအဖွဲ့သည် ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံများရှိ
ထိပ်တန်း developers များစွာတို့နှင့် အတူလက်တွဲ လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။ ထို့အပြင်
ပြည်တွင်း ပြည်ပမှ ထင်ရှားသည့် အဖွဲ့အစည်းများဖြစ်သည့် ပြင်သစ် ၊ထိုင်းကုန်သည်ကြီးများ
အသင်း၊ စင်္ကာပူဒီဇိုင်းစီးပွားရေးကုန်သည်ကြီးများ အသင်း၊ စင်္ကာပူနိုင်ငံ အခြေစိုက် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု နှင့် ထိပ်တန်းစီးပွားရေး အကြံပေး အဖွဲ့အစည်းဖြစ်သည့် Consulus
တို့နှင့်လည်း အတူ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။
                   မြန်မာနိုင်ငံ
ဈေးကွက်အထဲ ဝင်ရောက်တဲ့အခါမှာ ဈေးကွက် ယှဉ်ပြိုင်မှု၊ ယဉ်ကျေးမှု ကွာခြားချက်တွေ ၊ဘာသာစကား
အတားအဆီး စတဲ့ အခက်အခဲတွေ အများကြီးကို ကြုံတွေ့ရပေမယ့် အဲဒါတွေက ကျမတို့အတွက် ပြဿနာတွေ
မဟုတ်ပါဘူး။ ကျမတို့က ဈေးကွက်ကို တနှစ်ကျော်လေ့လာပြီး ကျမတို့ စီးပွားရေးလုပ်ငန်းစုကြီးက
မြန်မာဈေးကွက်အတွင်းမှာ မကြာခင် ၅ ရာခိုင်နှုန်းအထိနေရာယူလာမှာပါ။ နောက်လာမယ့် နှစ်နှစ်အတွင်းမှာ
အထပ်မြင့်နဲ့ အထပ်နိမ့်လူနေအိမ်ရာ အဆောက်အဦးဆောက်လုပ်မှု စီမံကိန်းတွေကို အဓိကဦးတည်ပြီး
စီးပွားရေး ၁၀ ရာခိုင်နှုန်း တိုးမြှင့်လာဖို့ ရည်ရွယ်ထားပါတယ် ´ ဟု JARKEN Company
များအဖွဲ့၏ မန်နေဂျင်းဒါရိုက်တာ Ms.
Siritorn Sitthiwattanawong ကပြောပြခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts