Han Thit Naing ဓာတ်ပုံသတင်း

ဧည့်စာရင်းဖြင့်နေထိုင်သောရွှေ့ပြောင်းလုပ်သားများ လက်ရှိနေထိုင်ရာမြို့တွင် မဲပေးနိုင်ကြောင်း ကော်မရှင်အဖွဲ့မှပြော

 

ရပ်ကျေးကော်မရှင်ဥက္ကဌ ဦးမင်းလွင်

ဧည့်စာရင်းဖြင့်နေထိုင်သောရွှေ့ပြောင်းလုပ်သားများ လက်ရှိနေထိုင်ရာမြို့တွင် မဲပေးနိုင်ကြောင်း ကော်မရှင်အဖွဲ့မှပြော

ဟန်သစ်နိုင်၊ မိုးမခ၊ နိုဝင်ဘာ ၆ရက်၊ ၂၀၁၅ခုနှစ်

 မဲစာရင်းများမှားယွင်းမှုရှိခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှ သုံးကြိမ်သုံးခါပြု လုပ်ပေးခြင်းတွင် ရွှေ့ပြောင်းလုပ်သားများဖြစ်သည့်
ဧည့်စာရင်းဖြင့်နေထိုင်သူများအတွက်ပါ လျှောက်ထား ခွင့်ပြုခဲ့ကြောင်းကို ကျောက်တံတားမြို့နယ် ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးမင်းလွင်မှ ပြောပြခဲ့သည်။

          “ရွှေ့ပြောင်းအလုပ်သမား ယာယီဧည့်စာရင်းနဲ့နေတဲ့သူတွေလည်း ၃ က နဲ့ပါလျှောက်ထားနိုင်တယ် ၊ အောက်တိုဘာ ၁၀ရက်နောက်ဆုံးထားပြီးလက်ခံခဲ့တယ်၊ လျှောက်တဲ့သူအားလုံးပါတယ်၊ မလျှောက် ရင်တော့ မပါဘူး၊ ၃က ဆိုတာ  ကာယကံရှင် ကိုယ်တိုင်က လျှောက်မှလုပ်ပေးရတာ” ဟုပြောသည်။

          ယခုအခါတွင် မဲထည့်ဝင်နိုင်ရန် ဆန္ဒမဲသက်သေခံလက်မှတ်များကို နိုဝင်ဘာ၁ရက်မှ ၇ရက်နေ့ နံနက်၈နာရီမှ ညနေ၆နာရီအထိ ရပ်ကျေးရုံးများတွင်ထုတ်ပေးလျှက်ရှိကြောင်း၊ ဆန္ဒမဲသက်သေခံလက်မှတ်၊ မှတ်ပုံတင်လက်မှတ်၊ ကျောင်းသားကဒ်၊ ဝန်ထမ်းကဒ်၊ သန်းခေါင်းစာရင်း
စသည့်၅ခုတွင် တစ်ခုရှိလျှင် လည်း မဲထည့်ဝင်နိုင်ကြောင်း၊ ၄င်း၅မျိုးစလုံးပျောက်ဆုံးခဲ့ပါက ရပ်ကွက်လူကြီးမှ ရပ်ကွက်ထဲတွင်နေ ထိုင်ကြောင်းအာမ ခံနိုင်လျှင်လည်း မဲထည့်ဝင်နိုင်ကြောင်းများကို ကျောက်တံတားမြို့နယ် (၉)ရပ်ကွက် ရပ်ကျေးကော်မရှင်ဥက္ကဌ   ဦးမင်းလွင်မှပြောသည်။
မြို့နယ်ကော်မရှင်ဥက္ကဌ ဦးမြင့်သိန်း

          ကြိုတင်မဲများထည့်ခြင်းနှင့်ပတ်သက်၍လည်းကျောက်တံတားမြို့နယ် ကော်မရှင်ဥက္ကဌဦးမြင့်သိန်း မှပြောပြခဲ့ရာ အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဖွဲ့ဝင်များမှ နိုင်ငံခြားခရီးစဉ်များသွားမည်ဆိုက အောက်တိုဘာ ၂၉မှ နိုဝင်ဘာ ၇ရက်နေ့အတွင်း ကြိုတင်မဲများထည့်နိုင်ကြောင်း၊ မဲရုံမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အဝေးတနေရာတွင် တာဝန်ကျမည့်ရဲများအနေဖြင့်ကြိုတင်မဲထည့်ရမည်ဖြစ်ကြောင်း၊ အချုပ်ကျနေသောသူ၊ ဆေးရုံတက်နေသောသူများသည် မိမိရောက်ရှိနေသောမြို့နယ်အတွင်း နိုဝင်ဘာ ၆ရက်နှင့် ၇ရက်တွင် သက်ဆိုင်ရာလူကြီးမှတဆင့် မဲထည့်ဝင်နိုင်ကြောင်း၊ ပြည်ပတွင် တရားဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာများအနေဖြင့် မဲထည့်ဝင်လိုလျှင် ပုံစံ၁၅ဖြင့် မြန်မာသံရုံးများ တွင်လျှောက်ထားနိုင်ပြီးမိမိနေထိုင်ရာရပ်ကွက်မှမှန်ကန်ကြောင်းပြုလျှင် အဝေးမှစာအိတ် များဖြင့်ကြိုတင်မဲ ထည့်နိုင်ကြောင်း၊ပြည်တွင်း ခရီး အဝေးတွင် သင်တန်းတက်ရောက်နေသူများ၊ အချုပ်ကျနေသူများသည် ပုံစံ ၁၅ဖြင့်မိမိနေထိုင်ရာမြို့နယ်သို့ လျှောက်ရ မည်ဖြစ်ပြီး ရပ်ကွက်မှမှန်ကန်လျှင် ကြိုတင်မဲကို စာအိတ်ဖြင့်အဝေးမှ လှမ်းထည့်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး မကောင်းသူ၊ အသက်အရွယ်ကြီးမားသူ၊ လေဖြတ်၊လမ်း မလျှောက်နိုင်သူများအတွက် မဲထည့် မည်ဆိုပါက ရပ်ကျေးရုံးတွင် မိသားစုဝင်တစ်ဦးဦးမှ သွားရောက်စာ ရင်းပေးသွင်းရမည်ဖြစ်ပြီး နိုဝင်ဘာ ၆ရက်၊ ၇ရက်များတွင် ကော်မရှင်များ၊ ကိုယ်စားလှယ်များကိုယ်တိုင် အိမ်တိုင်ရာရောက် ကြိုတင်မဲများကို ကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။

 

          ကော်မရှင်ရုံးများတွင်ပြည်တွင်းကြိုတင်မဲပုံးများနှင့် ပြည်ပမှကြိုတင်မဲပုံးများကိုလည်း ကော်ကြိုးများဖြင့် ချိတ်ပိတ်ထားကြောင်း တွေ့ရသည်။
       

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts