စာအုပ်စင်

ဆေးတက္ကသိုလ် ၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု

 

ဆေးတက္ကသိုလ် ၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု

(နောင်ကျော်ဖေ့စ်ဘွတ်) မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၅၊ ၂၀၁၅

ဒီစာအုပ်က ကျနော့်လက်ထဲကို ဇူလိုင်လကတည်း က ရောက်နေခဲ့ပေမယ့် ဒိပြင်အလုပ်တွေများနေလို့ မနေ့ကမှ ဖတ်ဖြစ်ပါတယ်။ ကိုဇော်ထွန်းအကြောင်းတွေ ဖတ်ရတော့ ၈၈ အ ရေးတော်ပုံ GSC ကာလတွေမှာ အတူအိပ် အတူစားခဲ့ကြတာတွေ၊ တောထဲသွားဖို့ အလုံဆိပ် ကမ်းက စက်လှေပေါ်မှာခရီးစရိတ်ပေးပြီးမှ မုန်တိုင်း ကြောင့် စက်လှေမထွက်ဖြစ်တော့ဘူးဆိုလို့ ပြန်ဆင်းလာကြပြီး အောင်ဆန်းကွင်းရှေ့ဘက် မုဒုံကားဂိတ်ကနေ နေ့တွင်းချင်း မုတ္တမကို ရောက် သွားခဲ့ကြတာတွေ၊  မော်လမြိုင်မှာ ညအိပ်ပြီး နောက်တနေ့မှာ ကျိုက်ခမီကို ကားစီသွားကြရင်း မုဒုံအထွက်စစ်ဆေးရေးဂိတ်မှာ ကျနော့်ကို စစ်တပ်က ခေါ်ထားပြီး မော်လမြိုင်ပြန်ခိုင်းခဲ့တာတွေကို ပြန်သတိရတယ်။

၁၉၉၂လား ၉၃ လား မမှတ်မိ။ ကျနော် မန်း နန်းတွင်းထောင်မှာရှိနေတုန်း ဒေါက်တာနေဝင်းမိန်းမ မသန္တာက ထောင်ဝင်စာမှာ ကိုဇော်ထွန်း ကျသွား ကြောင်းနဲ့ ကိုဇော်မင်းကို အသိမပေးဖို့ မှာသွားတာလည်း သတိရတယ်။

ဒီစာအုပ်ဟာ ၈၈ အရေးတော်ပုံကိုမသိမီလိုက်သူတွေရော ဖြတ်သန်း ခဲ့ဖူးသူတွေပါ ဖတ်ရမယ့်စာအုပ်ပါ။ ဆေး ၂ ကျောင်းသားတွေရဲ့ပါဝင်ဖြတ်သန်းမှုဟာ အရေးတော်ပုံကြီးရဲ့ပုံရိပ်ကို ကောင်းကောင်းကြီး ထင်ဟပ်ဖော်ပြထားနိုင်လို့။ ဒါပြင် အရေးတော်ပုံထဲမှာ စွန့်လွှတ် စွန့်စား အနစ်နာခံ ပေးဆပ်ခဲ့ကြခဲ့ကြသူတွေအတွက်ပါ ကိုယ်စားပြု ထင်ဟပ်နေလို့ပါ။ မပြီးသေးတဲ့ ၈၈ အရေးတော်ပုံရဲ့ အစောပိုင်းသမိုင်း ကို သိချင်သူတိုင်း ဖတ်ရမယ့်စာအုပ်ဖြစ်ပါတယ်။ ကျနော်ကတော့ ဖတ်ရင်း ကြေကွဲ ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts