ဓာတ်ပုံသတင်း ကျော်ဟုန်း နိုင်ငံတကာရေးရာ

ရေဘေးသင့် ပြန်လည်ထူထောင်ရေးအတွက် ဗန်ကူးဗား မြန်မာမိသားစုတို့ ရဲ့ အလှူ

 

ရေဘေးသင့် ပြန်လည်ထူထောင်ရေးအတွက် ဗန်ကူးဗား မြန်မာမိသားစုတို့ ရဲ့ အလှူ
ကျော်ဟုန်း၊ မိုးမခ၊ နိုဝင်ဘာ ၅ ၊ ၂၀၁၅

မြန်မာပြည်တွင်းရှိ ရေဘေးသင့်ခံဒေသ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့လှူဒါန်းရန် ကနေဒါ၊ ဗန်ကူးဗားဘီစီရှိ မြန်မာမိသားစုများက ရံပုံငွေပွဲကို 487 Alexandar St, Japanese Hall မှာ အောက်တိုဘာ ၂၄၊ ၂၀၁၅ နေ့ က ကျင်းပခဲ့ ကြပါတယ်။

ဒီရံပုံငွေပွဲကို ညနေ ၅ နာရီမှာ စတင်ခဲ့ပါတယ်။ အခမ်းအနားမှုးအဖြစ်  ကိုတင်နွယ်က ဆောင်ရွက်ပြီး ကျေးဇူးတင်စကားကို ကိုဟန်ဆန်မွန်က ပြောကြားကာ အစီအစဉ်ကို စတင်ပါတယ်။

 

ပထမဆုံး ဖျော်ဖြေမှုကို UD အဖွဲ့ မှ ကိုဇော်ဇော်၊ ကိုမင်းဆန်း၊ ကိုအောင်အောင်၊ ကိုသက်၊ ကိုမြင့်ဝေ၊ ကိုတင်ကိုတို့ မှ တီးခတ်ပြီး ကိုထူးထူး၊ ဆူးလေး၊ ဆုံဆုံ၊ သမီးငယ် စတယ်လ်လာ၊ တို့ အပြင် Jeremy Flynn (ကနေဒါနိုင်ငံသား) ကလည်း ပါဝင် အားဖြည့် သီဆိုဖျော်ဖြေကြပါတယ်။

ဒုတိယပိုင်းအတွက်ဖျော်ဖြေမှုကို Zomi Community of Canada မှ လိုင်ပီးက တကိုယ်တော် တီးခတ်သီဆိုဧည့်ခံပါတယ်။ ထိုစဉ်အတွင်းမှာပဲ ကြွရောက်လာသူ ပိရိသတ်များကို မြန်မာထမင်း ဟင်း၊ သစ်သီးစုံ၊ ဖျော်ရည်စုံ၊ နို့ သာကူ၊ မုံ့ ဟင်းခါးတို့  နဲ့  ပြည့်ဝစုံလင်စွာ ညစာကျွေးမွေးဧည့်ခံကြပါတယ်။

 

 

တတိယပိုင်းမှာတော့  FNG တေးဂီတအဖွဲ့ မှ  ကိုမြင့်ဝင်း (အပုလေး) ၊ ကိုတင်ကို၊ ကိုစိုးမင်း၊  ကိုမြင့်ဝေ၊  ကိုသန်းထိုက်၊ မဆူးလေးတို့ က တီးခတ်ပြီး  ကိုတင်နွယ်၊  ကိုထွန်းထွန်းဦး၊  ကိုစိုးမင်း၊  ကိုမြင့်သူ၊  ကိုဌေးအောင်၊  ကိုအောင်ဗိုလ်ဟိန်း၊ Jammy(ဖိလစ်ပင်း)၊ မမော်မော်၊ မအေးလွင်မိုး၊ မနန်း၊ မမီးမီး၊ မသီတာ၊ Ethara တို့ မှ တကိုယ်တော်နဲ့ စုံတွဲအဆိုများပါ မြူးမြူးကြွကြွ သီဆို ခဲ့ကြပါတယ်။ ပရိသတ်များထဲမှလည်း စင်အောက်မှာ ပျော်ရွှင်စွာ လိုက်လံ ကခုန်နေတာ မြင်တွေ့   ရပါတယ်။

ဒီရံပုံငွေပွဲမှာ ရုံဝင်ခလက်မှတ်များကို လူတဦးကို ၂၅ ဒေါ်လာ၊ မိသားစုကို ၅၀ ဒေါ်လာဖြင့်သတ်မှတ်ကာ အလှူခံခဲ့ကြတာ ဖြစ်ပါတယ်။  ကြွရောက်လာတဲ့ ဧည့်ပရိသတ်များကို ချက်ပြုတ်ကျွေးမွေးသူများကတော့ မလေးလေးနွယ်(မုံ့ ဟင်းခါး)၊ ကို သက်ဦးနိုင်မိသားစု(အမဲသား)၊ ကိုစိန်သောင်း(ဝက်သား)၊ ကိုမင်းမြင့်ဦးအဖွဲ့ (ငါးချဉ်သုတ်၊ အသုတ်စုံ)၊ ကိုတင့်လွင်မိသားစု (ခေါက်ဆွဲကြော်)၊  ရံပုံငွေဖြစ်မြောက်ရေးအဖွဲ့ မှ(ကြက်သား၊ ခရမ်းချဉ်ငါးပိချက်)တို့ အပြင် မရွှေဇင်ထွန်း(နို့ သာကူချို)၊ ကို
တရုတ်ကြီး၊ မမို့ မို့ ချိုလွင်(ရေ၊ အချိုရည်)၊ ကိုသန်းဝင်း၊ မမိငယ်(သစ်သီးစုံ)တို့ ဖြင့် ပါဝင် လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

 

 

ရံပုံငွေပွဲဖြစ်မြောက်ရေးအဖွဲ့ မှ ကိုတင်နွယ်က ” ရုံဝင်လက်မှတ်များကို ဝယ်ယူရတယ်ဟု သဘောမထားကြစေလိုကြောင်း၊ လက်မှတ်ခဟာ ပြည်တွင်း ရေဘေးသင့်ခံပြည်သူများကို မိမိတို့ တတ်နိုင်သမျှ လှူဒါန်းတဲ့ဒါနအဖြစ် မှတ်ယူလိုစေကြောင်း၊ ဖြစ်မြောက်ရေးအဖွဲ့ မှလည်း ကြွရောက်ဒါနပြုကြသူများကို ကျေးဇူးတင်တဲ့အနေနဲ့ အစားအသောက်များကို စီမံကျွေးမွေး ဧည့်ခံခဲ့ခြင်း ဖြစ်ကြောင်း” အင်္ဂလိတ်၊ မြန်မာဘာသာတို့ ဖြင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထိုပွဲကို မြန်မာမိသားစုများ၊ မြန်မာတိုင်းရင်းသားများအပြင် ဒေသခံ ကနေဒါနိုင်ငံသားများ စုစုပေါင်း လူ ၅၀၀ ခန့် ပျော်ရွှင်စွာ အားပေးခဲ့ကြတာတွေ့ ရပါတယ်။ အသားတင်ရရှိငွေ ဒေါ်လာ ၅၀၀၀    ရွှေဘိုမြို့ ရေဘေးသင့်ခံဒေသမှ အခမဲ့ စေတနာ ကျေးလက် ပညာရေးကျောင်းဖွင့်ထားသည့် ‘Our Educational Help for Countryside’ အဖွဲ့ သို့  ဒေါ်လာ ၂၅၀၀၊ ချင်းပြည်နယ် တီးတိန်မြို့ ရှိ “Zomi Youth Association” သို့  ဒေါ်လာ ၂၅၀၀ အသီးသီး လှူဒါန်းခဲ့ကြောင်းသိရပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts