သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ဘုရား … ဘုရား … နှင့် ဘကြီးမိုး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်မိုးသူ – ဘုရား … ဘုရား … နှင့် ဘကြီးမိုး

(ကုမုဒြာဂျာနယ်) နိုဝင်ဘာ ၄၊ ၂၀၁၅

ခုတစ်လော ရွေးကောက်ပွဲက ရက်ပိုင်းလိုတော့တဲ့အချိန်မှာ သတင်းတွေကလည်း ရှုပ်မှရှုပ်။
သမ္မတကြီးနဲ့ ကာချုပ်ကြီးကလည်း တွဲပြီး ရွှေဘိုလည်းသွား ၊ အောင်မြေသွားနင်းကြသလား မသိ၊ မိုး ကုတ်လည်းသွား ၊ ကန်သွားဆယ်ကြသလား မသိ။ သမ္မတကြီး မိထ္ထီလာကြွချီတော့ နိုင်ငံတော်သတင်းစာဖြစ် တဲ့ ကြေးမုံက ထူးထူးဆန်းဆန်း အစိမ်းရောင်စာလုံးတွေနဲ့ခင်ဗျ။ မိထ္ထီလာတစ်နယ်လုံး အစိမ်းရောင်လွှမ်းစေရ မယ်ဆိုပဲ။ အစိုးရသတင်းစာဆိုတာ အဲသည်လို ဘက်မလိုက်ဘဲ ရေးကြသားကြရမှာပေါ့လေ။
သမ္မတကြီးကြွချီလို့ မထ္ထီလာတစ်နယ်လုံး အစိမ်းရောင် လွှမ်းမလွှမ်းဆိုတာကတော့ နိမှသောင် နောင်မှ သိရမှာပေါ့လေ။ နောင်ကလည်း သိပ်မဝေးတော့ပါဘူး။ နိုဝင်ဘာ ၈ ရက်နေ့မှာ သိကြရမှာပဲ။

ဘကြီးမိုးကတော့ အဲသည်သတင်းထက် ကုန်ဈေးနှုန်း ၊ ဆန်ဈေးနှုန်းတွေ ၃၀ ရာခိုင်နှုန်းလောက် တက် တာကိုတော့ လုံးဝ လုံးဝ မကျေနပ်ဘူးခင်ဗျ။ စာမှုခကတော့ ဒါပဲ ၊ ကုန်ဈေးနှုန်းကတော့ တရကြမ်းတတနေ တာ။ သည်ကြားထဲ ဒေါ်လာလိုက်ဇေးရှင်းကို တိုက်ခိုက်ဖို့ ဒေါ်လာသုံးစွဲခွင့်ထက် ကျပ်ငွေသုံးစွဲခွင့်လုပ်ဖို့ စီစဉ် သတဲ့။ အဲဒါကတော့ ဘကြီးမိုးအတွက် ပြဿနာသိပ်မရှိဘူးလေ။ ဘကြီးမိုးမှာ ဒေါ်လာမှမရှိဘဲကိုး။ ကျပ်ငွေ တန်ဖိုးကျပြီး ကုန်ဈေးနှုန်းတတ်တာကတော့ ပြဿနာပေါ့လေ။ ဘုရား ဘုရား။

သည်ကြားထဲမှာ အံ့သြကုန်နိုင်ဖွယ် သတင်းတစ်ရပ်လည်း ထွက်လာသေးခင်ဗျ။  လန်ဒန်အခြေစိုက်   Global Witness ရဲ့ အစီရင်ခံစာပဲခင်ဗျ။ ကျောက်စိမ်းပါပဲခင်ဗျ။ တရုတ်နိုင်ငံကို ၁၀ ဘီလျှံမှ ဘီလျှံ ၃၀ ဖိုး  ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ပါဝင်ပတ်သက်သူများက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစုတို့ ၊ ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ ၊ ကြံ့ခိုင်က ဦးမောင်မောင်သိမ်းတို့ကို နာမည်နဲ့တကွ ဖောပြတယ်။ မူးယစ်ရာဇာ တွေကိုလည်း နာမည်နဲ့တကွဖော်ပြတယ်။

အဲသည်လောက် တန်ဖိုးကြီးမားတဲ့ ကျောက်စိမ်းအရောင်းအဝယ်ကရတဲ့ ဝင်ငွေတွေဟာ ဘယ်စာရင်း နဲ့ ဘယ်သူ့ဆီရောက်သွားသလဲလို့ ဆိုပါတယ်။ ကျောက်စိမ်းတူးဖော်ရာမှာ အစိုးရတာဝန်ရှိသူတွေကို ၂၀ ရာ ခိုင်နှုန်း ၊ ကေအိုင်အေကို ၁၀ ရာခိုင်နှုန်း ပေးရဆိုပဲ။

အကြောင်းတိုက်ဆိုင်စွာ ဒီဗွီဘီက တို့ပြေ တို့မြေ အစီအစဉ်မှာ ဖားကန့်ကိုပြတာ တွေ့ရပါတယ်။ ဖား ကန့်မှာ ဒေသခံတွေက ခံနေရပြီး တရုတ်များက အာဏာပိုင်တွေနဲ့ပေါင်းပြီး ယန္တရားကြီးများနဲ့ တူးဖော်နေတာ တွေပြပါတယ်။ ဖားကန့်ရဲ့ ဥရုချောင်းကလည်း ချောင်းမဟုတ်တော့ဘူးတဲ့။ တောင်တွေက ချိုင့်ဝှမ်းတွေဖြစ် သွားကြပြီး မြေနိမ့်ချိုင့်ဝှမ်းတွေကတော့ မြေစာတွေနဲ့ တောင်တွေဖြစ်လာကြသတဲ့။
တောင်ထိပ်အမြင့်ပေါ်က စွန့်ပစ်မြေစာတွေ သွန်ချလိုက်တဲ့အခါ အရိုးအရင်းလိုက်ကောက်ကြတဲ့ လူ အုပ်ကြီးက အပြေးအလွှား ဝင်လုနေကြတာလေ မြင်မကောင်းပါဘူး။ သူတို့ကတော့ အဲသည် လွှင့်ပစ်မြေစာ တွေထဲက ရလိုရငြား ရှာကြသူတွေ ၊ အောက်ခြေ လော်ပန်လောင်း အိပ်မက်ရှင်တွေပါပဲ။ အတော်များများ လည်း မြေစာပိလို့ သေကြဆိုပဲ။

အဲသည်မှာ အများစုက မူးယစ်ဆေးဝါး သုံးစွဲနေကြ ၊ သုံးစွဲနေကြသတဲ့။
မူးယစ်ဆေးဝါးဆိုလို့ တစ်လောကပဲ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ၊ အာရှမှာ အများဆုံး မူးယစ်ဆေး ပြားတွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတဲ့သတင်း ဖတ်ရပါတယ်။ အိမ်ကြီးအိမ်ကောင်း တစ်လုံးမှာလည်း ပိုင်ရှင်မဲ့ တွေ့ ရသလို လမ်းဘေးတစ်နေရာမှာလည်း ပိုင်ရှင်မဲ့တွေ ဖမ်းဆီးရမိသတဲ့။

သည်လောက် တန်ဖိုးကြီးမားတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘာကြောင့် ပိုင်ရှင်မဲ့ ဖြစ်နေရတာတုံး။ သည် လောက်အများကြီး ဖမ်းဆီးရမိတယ်ဆိုတော့ သည်မှာပဲထုက်လုပ်လို့  ဖြစ်ရတော့မှာပေါ့။ ဘယ်သူတွေက ဘယ် လောက်ငွေကုန်ကြေးကျ အများကြီး အများကြီး အကုန်ကျခံပြီး ထုက်လုပ်နေကြတာလဲ။ ဘယ်လိုဖြန့်ချီကြတာ လဲ။ ပြည်တွင်းဈေးကွက်လောက်နဲ့တော့ မဟုက်လောက်ဘူးခင်ဗျ။

မူးယစ်ဆေးဝါးဆိုလို့ ဘိန်းစိုက်ပျိုးရေးဟာ အာဖဂန်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံး စိုက် ပျိုးထုက်လုပ်တယ်လို့ ကမ္ဘာ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မူးယစ်ဆေးဝါး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတာလည်း အာရှ မှာ အများဆုံး ၊ ကမ္ဘာမှာ ဒုတိယအများဆုံးဆိုတော့ ဘကြီးမိုးတို့နိုင်ငံကပဲ ထုက်လုပ်နေတာ ဖြစ်ရမှာပေါ့။

ကျောက်စိမ်းတွေ တူးဖော်ရောင်းချရာမှာ မူးယစ်ရာဇာတွေလည်း ပါတယ်လို့ အစီရင်ခံစာမှားဆိုပါ တယ်။ အဲသည် မူးယစ်ရာဇာတွေနဲ့ အာဏာရ ထိပ်ပိုင်းတာဝန်ရှိသူတွေများ ဘိန်းပင်တွေစိုက် ၊ ဘိန်းတွေထုက် လုပ် ၊ မူးယစ်ဆေးပြားတွေ ထုက်လုပ်နေရော့သလားဆိုပြီး မပြေးသော ကန်ရာရှိဆိုသလို စဉ်းစားစရာ ပေါ်လာ တော့တာပေါ့ခင်ဗျ။

ဘကြီးမိုးတို့ မြန်မာပြည်မှာ တိုင်းသူပြည်သားများက ဘကြီးမိုးအပါအဝင် ဆင်းရဲတွင် နက်သည်ထက် နက်နေပြီး ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မူးယစ်ရာဇာတွေက အလွန့်အလွန်ပဲ ချမ်းသာ ဝင်ငွေကောင်းနေကြပါ ကလား။

ရွေးကောက်ပွဲကလည်း ရက်ပိုင်းလိုပါတော့တယ်။

သမ္မတကြီးကလည်း မိထ္ထီလာတစ်နယ်လုံး အစိမ်းရောင် လွှမ်းရစေမယ်ဆိုပြီး ကြေးမုံသတင်းစာမှာ တောင် တစ်ခါမှမလုပ်စဖူး အစိမ်းရောင်မှင်များနဲ့ ရိုက်နှိပ်ဖော်ပြတာကို တွေ့ရပါတယ်။

တစ်ချန်တည်းမှာ ကျောက်စိမ်းတွေကို ခေါင်းဆောင်ကြီးတွေနဲ့ မူးယစ်ရာဇာတွေပေါင်းပြီး ၁၂ ဘီလျှံဖိုး တရုတ်ကို ရောင်းသတဲ့။

ဆင်းရဲသူဆင်းရဲသား လက်လုပ်လက်စားတွေက မူးယစ်ဆေးသမားကလေးတွေ ဖြစ်ကုန်ကြပြီး မူး ယစ်ဆေးဝါးထုက်လုပ်သူများကတော့ မြန်မာနိုင်ငံမှာ အချမ်းသာကြီး ချမ်းသာနေကြပါပကော။

ဘုရား ဘုရားနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts