ကာတွန်း ဇာနည်ဇော်ဝင်း စာအုပ်စင်

ဇာနည်ဇော်ဝင်း – ကာတွန်း ရာပြည့်နားနီး၊ ကာတွန်းပေါင်းချုပ်တွေ တန်းစီ

 

ဇာနည်ဇော်ဝင်း – ကာတွန်း ရာပြည့်နားနီး၊ ကာတွန်းပေါင်းချုပ်တွေ တန်းစီ

(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၃၊ ၂၀၁၅

ကာတွန်းနှစ်တစ်ရာပြည့်ပွဲနီးလာတော့ ကာတွန်းစာအုပ်တွေလဲ အများအပြားထွက်လာပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ အောင်မော်၊ ဗိုသံ၊ မိုးသွင်၊ ဖောင်းဖောင်း၊ ပံသုအောင်၊ ရာဇာသာစည်၊ ဝေယံ(တောင်ကြီး)၊ ကော့မှူးဖိုးကျော်၊ (ကာဠု၊၊ တာတီး၊ လူကြီး)(သုံးယောက်ပေါင်း)၊ (မျိုးမင်းမြတ်၊အေကေ၊ဘီညို) (သုံးယောက်ပေါင်း)၊ (CMM၊ ATH၊ ဘုန်းကျော်၊ သားကြီး)(မော်လမြိုင်ကာတွန်းဆရာ လေးယောက်ပေါင်း)၊ စောမင်းဝေ၊ မောင်လင်း စတဲ့ ကာတွန်းဆရာတွေရဲ့စာအုပ်တွေ ထွက်လာသလို ဆရာသန်းကြွယ်ရဲ့ကာတွန်းပေါင်းချုပ်လဲ ထွက်လာခဲ့ကြပါတယ်။ ဆရာတွေရဲ့ ထိထိမိမိ တစ်ကွက်ကာတွန်းတွေဟာ အားရစရာ ကောင်းပါတယ်။ ခေတ်နဲ့စနစ်ကို ဝေဖန်ထောက်ပြထားတဲ့ အတွေးရဲရဲ၊ အရေးရဲရဲ ကာတွန်းတွေပါ။

 

အခုရက်ပိုင်းအတွင်းထွက်လာတာကတော့ မြန်မာပြည်ကာတွန်းအကျော်အမော်လေးယောက်ရဲ့ကာတွန်းစာအုပ်တွေအပြိုင်အဆိုင်ထွက်လာပါတယ်။ သူတို့ကတော့
၁။ကာတွန်း သီဟ(စခန်းသစ်)ရဲ့စည်းကမ်းပြည့်ဝသော အလွဲများ။
၂။ ကာတွန်း ကျော်သူရိန်ရဲ့ ဝန်မင်းလေးပါးနှင့် အခြားရေပြင်ညီ ကာတွန်းများ။့
၃။ ကာတွန်း ATH ရဲ့ For Change။
၎။ ကာတွန်း မောင်မောင်ဖောင်တိန်ရဲ့ ကာတွန်းနိုင်ငံတော်သစ်ဆီသို့။
တို့ဖြစ်ပါတယ်။

သူတို့လေးယောက်ဟာ ဆရာကျော်သူရိန့်ရဲ့စာအုပ်နံမည်အတိုင်းပြောရရင် ကာတွန်း ဝန်မင်းလေးပါး ပါပဲ။ အခုလို ကာတွန်းစာအုပ်တွေ အပြိုင်အဆိုင်ထွက်လာတာ အားရကျေနပ်စရာကောင်းသလို စာပေဈေးကွက် ပျက်နေတဲ့ကြားက အရဲစွန့်ထုတ်ဝေပေးတဲ့ ထုတ်ဝေသူတွေကိုလဲ လေးစားစရာကောင်းပါတယ်။

ဒီဆရာတွေရဲ့စာအုပ်ကတော့ အထူးညွှန်းနေစရာ မလိုတော့လောက်အောင် ကောင်းနေတာမို့ မဖြစ်မနေဝယ် သိမ်းထားသင့်ပါကြောင်း….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts