ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ဆောင်းညများ

 

ရန်လင်းအောင် – ဆောင်းညများ

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၅

 

 

နွေဦးပေါက်မှ

သွေးသားသန့်မှာလား

မိုးဦးရောက်မှ

ရေဆန်မှာလား

ငွေမိုးရွာမှ

အမုန်းမီးငြိမ်းမလား

ရွှေမိုးရွာမှ

မင်း ငါ့ကိုချစ်မှာလား

နှင်းတွေ …

ကိုယ့်ဘက်မပါဘဲ

တစ်ဆောင်းသစ်ရပြီ

တစ်ဆောင်းသစ်ပြန်ပြီ

တစ်ဆောင်းသစ်ဦးမည် ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts