ကဗျာ

လင်းသက်ငြိမ် – ငါတို့ အဆင်​မ​ပြေကြဘူး

လင်းသက်ငြိမ် – ငါတို့ အဆင်​မ​ပြေကြဘူး
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၅

ဖုန်း​ခေါ်မရတာကအစ
ယဉ်​​ကြော​ပိတ်​ နေတာကအဆုံး
လမ်းမှာ​တွေ့တဲ့မိန်းမများ
လမ်းမှာ​တွေ့တဲ့ ​စည်းစိမ်​ဥစ္စာများ
ငေး​မောခြင်းဟာ လူ့ဘဝရဲ့အရသာလို့
ငါထင်​မှတ်​လာ
လက်​ဖက်​ရည်​တစ်​ခွက်​သုံးရာဖြစ်​လာ
ခေါင်းတစ်​ခါညှပ်​ တစ်​​ထောင်​ဖြစ်​လာ
ငါတို့ အဆင်​မ​ပြေကြဘူး
မော်​​တော်​ကယ်​ကလည်းဖမ်းရင်
ငေါက်​ငမ်းပြီး ဖမ်းတုန်းပဲ
ရဲစခန်းထဲသွားရင်​လည်း တရားခံလိုကြည့်​တုန်းပဲ။

ရှစ်​ထပ်​တိုက်​ကြီး​ပေါ့
အလုပ်​သမား​တွေ​ဆောက်​ခဲ့တယ်
ငွေဟာ အခုထိ ဇာတ်​လိုက်​ပဲ
နေ့စားခ​လေး​တွေနဲ့
စုတ်​ချာ​နေတဲ့အိမ်​ကိုပြန်​ခဲ့တယ်
ငါတို့ အဆင်​မ​ပြေကြဘူး
ပျော်​ရွှင်​ဖို့ ချစ်​သူကို ဂရုမစိုက်​နိုင်
နောက်​ကွယ်​ကျမှမဆဲဖို့လည်း မထိန်းသိမ်းနိုင်
အမှန်​တရားဟာ ​ခြေမ​ပေါ်​သေးဘူး
ပြဇာတ်​ဟာ ပြဇာတ်​အတိုင်း အစီအစဉ်​တကျ
ငါတို့ အဆင်​မ​ပြေကြဘူး
ငါတို့ အဆင်​မ​ပြေကြဘူး လို့
ငါ အ​သေအချာ ထပ်​​ပြောချင်​ပါ​သေးတယ်​ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts