စာအုပ်စင်

ချင်းရောင်ခြည်၊ စဉ်-၁၁ ထွက်ပြီ

ချင်းရောင်ခြည်၊ စဉ်-၁၁ ထွက်ပြီ

S.K ရှန်လိန်း၊ မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၅
 
ချင်းဗုဒ္ဓသာသနပါလကအဖွဲ့က ၃-လတစ်ကြိမ် စီစဉ်ထုတ်ဝေလျက်ရှိသော ချင်းရောင်ခြည်ဗုဒ္ဓဓမ္မမဂ္ဂဇင်း အမှတ်စဉ် ၁၁-ထွက်ရှိလာပြီဖြစ်သည်။ မဂ္ဂဇင်းတွင် ဆလိုင်းဇေယျသူ- အင်ကြင်းတော၊ ကျင်ဒွေးတင်အောင်၊ မောင်နိုင်မီး၊ ဦးအောင်မြသန်း၊ ဦးလှဖေ၊ ပြည့်နှစ်လွင်-အလုံ၊ မိုင်လှလှရီ – TT Smile၊ ဆလိုင်းဘအောင်၊ ဘုံလင်း – မင်းတပ်၊ ငွေဌေး-ဟင်္သာတ၊ ဆလိုင်းဟန်ထွန်း၊ တောင်ဇလပ်ဖြူ၊ ကိုနိုင်း-ချင်းတောင်၊ ဒေါ်မြသိန်း M.Ed၊ ဗွီတောင်-ဟိုင်းလုံ၊ ဦးအောင်မြင့် အင်ဂျင်နီယာ၊ ငြိမ်း၊ မေတ္တာရှင်-ရွှေပြည်သာ၊ S.K ရှန်လိန်း၊ နေလင်းညီ၊ ၀ိသေသ၊ ဆလိုင်းရွှေလင်း၊ ရွှေဆလိုင်း၊ ဆလိုင်းတာရာလင်း၊ သုယဉ်ညို၊ ကြာသွီပိုး၊ ညီညီထွန်း-ခေတ္တလူ့ပြည်၊ တို့၏ စာမူများ ပါဝင်သည်။ 
 
ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့၏ Web မှာ www.chinyaungchi.com ဖြစ်ပြီး၊ email မှာ chin.tharthana@gmail.com ဖြစ်သည်။  မဂ္ဂဇင်းကို (၁) မိတ်ဆွေစာပေ၊ ပေါက်တော၊ ဘုရင့်နောင်လမ်းမ၊ အင်းစိန် (၂) သီတာနီလာစာပေ၊ ၆၇၂ ကုန်သည်လမ်းနှင့် လမ်း၃၀ထောင့် (၃) စာပေနန်းတော်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓလလမ်းထောင့် (၄) ပါရမီ စာပေ၊ ၂၉-လမ်း (ထက်) (၅) မြသော်တာစာပေ၊ ၂၉-လမ်း၊ ထက်၊ (၆) မ.ဘ.သ အရောင်းဆိုင်၊ ရွာမစာသင်တိုက် အင်းစိန်တို့တွင် ရရှိနိုင်သည်။ အွန်လိုင်းတွင် PDF  File အဖြစ်အခမဲ့ ရယူနိုငသော website မှာ www.moemaka.com ဖြစ်သည်။

ယခု မဂ္ဂဇင်းကို ၂၀၁၅ နိုဝင်ဘာလထုတ်အဖြစ် အုပ်ရေ ၁၁၀၀ ထုတ်ဝေပြီး၊ ဗုဒ္ဓဓမ္မအစစ်အမှန်ကို ချင်းလူထုအကြား ပြန့်နှံ့စေရန် ရည်ရွယ်သည်။

 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts