မင်းကိုနိုင် – ?ယင်ကောင်?
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၅၊ ၂၀၁၅
ကမ္ဘာကျော် ကိုင်ရို
ရေမြောင်းထဲ သေရတာကို
မရယ်ရက်ဖူး အမေ
.
ထပ်တရာပန်းလေးတွေ ရနံ့မကောင်းရှာတာ
ကြောင်ရုပ်ဆိုးလေးကို… မွေးချင်သူ မရှိတာ
ပြဿ နာ အဖြစ် ထားရအောင်ပါ
.
ပြဿ နာ သမား
ကြာသပတေးသားအတွက် ပီယ ယတြာ
ပဉ္စပွတ်နံ မန်ကျည်းသားကို
ကျားရုပ်လေး ထုပေးပါ အမေရာ
.
နေ့ခင်းဆိုရင်
သူ့လောက် မျက်စိလျင်တာမရှိ
ည မီးထိန်ထိန်အောက်
သူ့လောက် ကန်းတာမရှိတဲ့ အကောင်
(အဲဒါ….) ဘာကောင်လဲ အမေ…။ ။
.
.
[ စစ်တွေထောင်တွင်းရေးခဲ့တဲ့ကဗျာ ကိုနိုင်နိုင်ရဲ့ကျေးဇူးနဲ့ ပြန်ရပါတယ်။ ]
မှတ်ချက် ။ ။
(၁) ကိုင်ရို = ကမ္ဘာကျော်ရှေ့ဖြစ် နောက်ဖြစ်ဟောဆရာလက္ခဏာပညာရှင်
.
(၂) ထပ်တရာပန်း = မာရီဂိုး = ချစ်တီပန်း