သူတို့အာဘော်

ဇာနီကြီး – ရွေးကောက်ပွဲ အကြိုနဲ့ အလွန် မဲကိစ္စ



ဇာနီကြီး – ရွေးကောက်ပွဲ အကြိုနဲ့ အလွန် မဲကိစ္စ

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၅

ကျနော်ရဲ့ သုံးသပ်ချက်ကတော့ ၆၀% လောက်နဲ့ NLD နိုင်မယ်လို့….။ ဒါပေမဲ့ ဒီ ၃ ပါတ်အတွင်း အင်အယ်ဒီ စောင့်ကြည့်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးက …  မဲပေးမဲ့နေ့နဲ့  မဲရေတွက်မဲ့နေ့ (နောက်တနေ့) တွေမှာ ဘယ်လောက် လုပ်နိုင်မလဲ။ အထူးသဖြင့် မဲဆန္ဒကော်မရှင် စစ်ဗိုလ် (ဂျူနီယာ ဗိုလ်မှုးများ) နဲ့ ဘယ်လောက် အဆင်ပြေအောင် နေနိုင်မလဲ ဆိုတဲ့အပေါ် အများကြီးမူတည်နေပါတယ်။ ကြံခိုင်ရေးပါတီကို အပြစ်တင်ရှုံချ အတိတ်အဖြစ်ဆိုးတွေ ဖေါ်ပြချင်သူတွေလဲ ရှိမှာပဲ။ ဘာပဲဖြစ်ပစေ ကြံ့ဖွံ့တွေရဲ့ မူရင်းသရုပ်ကို ပြည်သူလူထုသိရှိရုံမက လူတွေက စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အညံ့မခံ မဲလာပေးဖို့ အရေးကြီးပါတယ်။

မဲရေတွက်ခြင်းကိုတော့ … စနစ်တခုနဲ့ ပွင့်လင်းမြင်သာအောင် လုပ်ဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့

၁။ ရွေးကောက်ပွဲကျင်းပကော်မရှင်က ကြံ့ခိုင်ရေးပါတီနဲ့လက်ရှိအမှုထမ်းဆဲ စစ်ဗိုလ်လေးတွေ ဖြစ်နေတယ်။ သူတို့ ဘက်လိုက်မှာသေချာပါတယ်။

၂။ အောက်ခြေ မဲရုံပေါင်း ၄၇၀၀၀ ကျော်ကို ဦးစီးသူ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ဌာနဆိုင်ရအကြီးကဲများလည်း …တစ်လကို သိန်းပေါင်းများစွာဝင်ငွေ (ဂါရဝပြုငွေနဲ့ အဆောင်ယောင်တွေ) ဒါတွေကို ခုံမင်သူများလို့ … အောက်ခြေမဲရုံမှုးများလဲ ကြံခိုင်ရေးဘက်လိုက်ကြမယ်။

၃။ နောက်ဆုံးတော့ လူထုနဲ့ အင်အယ်ဒီ စောင့်ကြည့်အဖွဲ့များ အားနည်းချက်ကြောင့် မဲစာရင်းမှားမှုတွေက ကြံခိုင်ရေးပါတီဝင် မဲအရေအတွက် ပိုများလာနိုင်ပါတယ်။ စင်ကာပူမဲပေးခြင်းက ပုံ သက်သေဖြစ်ပါတယ်။ စင်ကာပူ exit pool အရ ၉၅% က အင်အယ်ဒီကို မဲပေးပေမဲ့၊ အဲဒီမဲတွေက သက်ဆိုင်ရာကိုယ်စားလှယ်မဲအားလုံးရဲ့ ၁% တောင်မရှိပါဘူး။ တကယ်သွားမဲပေးမဲ့ နေ့ကအရေးကြီးပါတယ်။

အကောင်းဆုံးက ၇၀%ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲလို  ၇၉ % နဲ့  (လွှတ်တော်၏ ၄၉၂ တွင် ၃၉၂ နေရာနိုင်)့ နိုင်ဖို့ကိုတော့ ကျနော်တို့အားလုံး မျှော်လင့်ပြီး၊ စိတ်လှုပ်ရှားနေပါတယ်။

နောက်တဆင့် ..ဘယ်သူသမ္မတ အရွေးခံရမလဲ ဆိုတာလဲ အလွန်အရေးကြီးနေပါတယ်။

၆၀% လွှတ်တော်အမတ်များက အင်အယ်ဒီဆိုရင် စစ်တပ်နဲ့ကြံခိုင်ရေးကို နိုင်ပြီး အစိုးရဖွဲ့ခွင့် မလွယ်ပါ။ ၇၀% လွှတ်တော်အမတ်ရရင်တောင် မလွယ်ပါ။ ဒီမှတ်ချပ်ကို အင်အယ်ဒီ တဖက်သတ်ထောက်ခံသူများက ကြိုက်မှာမဟုတ်ပါဘူး။ ကျနော်တို့လည်း တရားမျှတစွာနဲ့ အင်အယ်ဒီ အပြတ်သတ်နိုင်ဖို့ လုပ်နိုင်ပါတယ်။
.
ရွေးကောက်ပွဲကိုတော့ တားခြင်း၊ ရွှေ့ခြင်း မလုပ်နိုင်တော့ပါဘူး။ ဒါက ရွေးကောက်ပွဲကော်မရှင် စစ်ဗိုလ်ငယ် ၃၀၀ကျော်က မရွေ့ဖို့ ဆုံးဖြတ်လို့ ဦးတင်အေး၊ ဦးသိန်းစိန်တို့ ရွှေ့ မဲ့အကြံ မအောင်မြင်ဖြစ်သွားပါတယ်။ အလားအလာ တော်တော်ကောင်းပါတယ်။

နောက်ဆုံး၂ခုကို ကြံ့ခိုင်ရေးနဲ့ စစ်အာဏာရှင်ဟောင်းများ လုပ်နိုင်ပါသေးတယ်။ တနည်းပြောရင် ညစ်မှာပဲ ဖြစ်ပါတယ်။

ညစ်နည်း ၁။

ကျေးရွာများ ၇၀% ဆန္ဒမဲပေးသူများကို အားနာမှု၊ ခြိမ်းခြောက်မှုများနဲ့ အင်အယ်ဒီအပေါ် မဲမပေးဖို့ လုပ်ပါမယ်။

ညစ်နည်း ၂။

မဲရေတွက်ခြင်းကို မဲပုန်းတည သိပ်ထားပြီး၊ နောက်တနေ့မှာ ရေတွက်မှာဆိုတော့ ကျေးရွာတွေမှာ အဲဒီည မျက်လှည့်ပြပွဲ စည်ကားနိုင်ပါတယ်။ အနည်းဆုံး ဘယ်သူအနိုင်ရသလဲ ကြေညာဖို့ ၃လအထိ အချိန်ဆွဲထားနိုင်ပါတယ်။

ကိုယ်ဖက်က အသာရတယ်ဆိုပြီး ပေါ့လို့မဖြစ်ပါ။

၆၀%လောက်နဲ့ အင်အယ်ဒီ ဒေါ်အောင်ဆန်းစုကြည် အစိုးရမဖွဲ့ဖြစ်ရင် ဒေါ်အောင်ဆန်းစုကြည်လဲ လွှတ်တော်ဥက္ကဌလုပ်၊ သူရဦးရွှေမန်းလို အင်အားသုံးဖယ်ရှားတာမျိုး သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရလူကြီးတွေ မလုပ်ဖူး မပြောနိုင်ပါဘူး။ သူတို့ စစ်အုပ်စုချင်းတောင် ဒါမျိုး ဖယ်ရှား၊ အင်အားသုံးပြီး ညစ်တယ်ဆိုတော့ အာဏာ လွှတ်ရမယ်ဆိုရင် ဒီလိုအကျင့်မျိုးရှိသူ ကြံခိုင်ရေးပါတီ စစ်အာဏာရှင်ဟောင်းများ လုပ်ဦးမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းကို သူရဦးရွှေမန်း လွှတ်တော်ဥက္ကဌ အဖြစ်လာတုန်းက တိုင်းအဆင့် ဌာနဆိုင်ရာအကြီးကဲတစ်ဦးကို .. အစည်းဝေး လူ ၅၀ လောက်ရှေ့မှာ အနိုင်ကျင့်ပြပါတယ်။ ခင်ဗျားအခုချက်ခြင်းထွက်သွား.. (ဘေးက ကုလားထိုင်က လက်ကိုင်လိုက်ပြီး)၊ မထွက်ရင် ကျနော် လှမ်းပေါက်လိုက်မယ်နော်… လို့ ဒေါသနဲ့ပြောတာကြောင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲ စည်းဝေးခန်းမက အရှက်တကွဲ ထွက်လာခဲ့ရတယ်။ အားလုံးက ဒီလူကြီး အသက်၆၀နီးပြီ ဆိုတော့ အငြိမ်းစားပေးခံရမယ် ထင်တာ၊ နောက် ၃ လ နေတော့ သူရဦးရွှေမန်း က အဲဒီအရာရှိကြီးကို နာမည်နဲ့ ခေါ်နှုတ်ဆက်တယ်။ ၂၀၁၅မှာ ဖြစ်ပျက်ခဲ့တာပါ။ အခုတော့ သူရဦးရွှေမန်းလဲ ပါတီဥက္ကဌက ထုတ်ခံရပြီး၊ သာမန်လူ (ပါတီဝင်တော့ ပါတီဝင် ဖြစ်နေဆဲ၊ ခရိုနီမိသားစုတစုအဖြစ် ကျန်ရစ်ဆဲ) ဘဝ ရောက်သွားရှာတယ်။ ဗိုလ်ခင်ညွန့်ထက်တော့ မခံရတော့ဘူးပေါ့။ စစ်အစိုးရလက်ထက်တုန်းကဆိုရင် အဲဒီအကြီးအကဲ ထောင်နန်းစံရပြီပေါ့။ အခုတော့ အထက်နဲ့ အောက် အပြန်အလှန် ပြောပိုင်ခွင့်ရှိပေမဲ … စစ်ဗိုလ်ချုပ်ဟောင်းဝန်ကြီးတွေကို ပြောရဲတဲ့လူ အလွန်နည်းပါးနေဆဲပါ။

လူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုသာ တိုက်ခိုက် ပြောရဲ၊ မေးရဲပေမဲ့ ..သမ္မတ ဦးသိန်းစိန်တို့ကိုတော့ ကြောက်နေဆဲပဲ …ဗျာ။

ဒါကြောင့် အင်အယ်ဒီ ၆၀% ရမှာ သေချာပေမဲ့ ၉၀% ရမှ အစိုးရဖွဲ့နိုင်မယ်။ ကျေးရွာမဲရုံများက မဲရေတွက်မှု၊ မဲပေးမှုများကို မညစ်နိုင်အောင် အင်အယ်ဒီ၊  စောင့်ကြည့်သူများနဲ့  မီဒီယာ ၃ ပွင့်ဆိုင်အဖွဲ့များနဲ့  မဲရုံမှုး အဖွဲ့များ အဆင်ပြေ၊ ပျော်ရွှင်စွာ အပြောင်းလဲလုပ်နိုင်မယ်လို့  ကြီးစွာသောမျှော်လင့်ခြင်းနဲ့ တိုက်တွန်း ရေးသားလိုက်ပါတယ်ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts