ကဗျာ

လင်းသက်ငြိမ် – မနက်​ဖြန်​ စီးချင်း

လင်းသက်ငြိမ် – မနက်​ဖြန်​ စီးချင်း
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅

ယောင်​ကိုင်းရင့်​မှည့်​​နေတဲ့ ပြည်​တည်​နာကြီးကို
အပ်​က​လေးနဲ့ ထိုး​ဖောက်​လိုက်​သလို
မှောင်​မိုက်​ခြင်းကိုခွင်းမယ့်​ အလင်း​ရောင်​ဟာ
ငါတို့ဆီ တည့်​တည့်​မတ်​မတ်​ကြီးဆိုက်​​ရောက်​လာ
ဘယ်​​တော့မှ မမှိန်​​ဖျော့မယ့်
အမည်​နာမ​တွေက လာခြင်း​ကောင်းခဲ့ကြတယ်
လူ​တွေနား​ထောင်​ဖို့ တီးခတ်​ခဲ့တဲ့ဂီတကို
လူ​တွေနား​ထောင်​ကြရဲ့မဟုတ်​လား
မနက်​ဖြန်​ဟာ ပန်းပွင့်​အသစ်​​တွေနဲ့
မနက်​ဖြန်​ဟာ နုသစ်​​သော​လေညင်း​တွေနဲ့
အဲ့ဒီလိုယုံကြည်​တယ်
အဲ့ဒီ​လောက်​အထိ ယုံကြည်​လို့ရခဲ့တယ်
အ​ပြောင်းအလဲအတွက်​ ရဲရင်​သူရဲ့လမ်းမှာ
သံမဏိနှလုံးသား​တွေ ရူးသွပ်​ကုန်​ကြ​ပေါ့
အနုတ်​လက္ခဏာ​တွေပြည့်​​နေတဲ့​နေရာမှာ
အိပ်​မက်​​တွေကို ​ရောင်​စုံခြယ်​ဖို့
ညှိုး​ရော်​​နေတဲ့ အနာဂါတ်​ကို
ခွန်​အားသစ်​သွန်း​လောင်းဖို့
လှပတဲ့သမိုင်းနဲ့အတိအကျ 
ဆင်းသက်​လာတဲ့ သူရဲ​ကောင်းပဲ
ကြည့်​လိုက်​စမ်းပါ
သူတို့မုန်းတဲ့အနီ​တွေ အနီ​ရောင်​​တွေ
လှိုင်းထလို့ တဖိတ်​ဖိတ်​​တောက်​လို့
မနက်​ဖြန်​ကိုကြို​နေတဲ့ ရင်​ထဲကအသံ​တွေ​လေ
အစွယ်​သ​နေကြတဲ့ ​ခွေးများ သွား​ရေတမျှားမျှားနဲ့
လမ်း​တွေကို​ ​ချောင်း​​မြောင်းနေကြ​ပေါ့။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts