Ni July ကဗျာ

နီဇူလိုင် – “အောင်.. မှိုင်း.. ဆန်း.. ရေ”

 

နီဇူလိုင် – “အောင်.. မှိုင်း.. ဆန်း.. ရေ”

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၅

ခေတ်ကြီးကိုက

ကိုယ်ထူကိုယ်ထရတဲ့ခေတ်

အရာရာ..ကိုယ်ထူမှပဲ.. ကိုယ်ထရတယ်

ကိုယ်မထူရင် ကိုယ်မထရတဲ့ခေတ်ကြီးမှာ

စနစ်ပြောင်းဖို့..ကိုယ်ထူကိုယ်ထ ကြိုးစားရင်း

အကျဉ်းထောင်ထဲကိုကျတော့..ကိုယ်

မထူကိုယ်မထပဲ ရောက်ခဲ့ရပေါ့

နှာစေးနေတဲ့ တိုင်းပြည်မှာ

.အရာရာ ကိုယ်ထူကိုယ်ထရပုံများ

မတရားပိတ်လှောင်ထားတဲ့

ေ ထောင်တံခါးတွေပွင့်စေဖို့

ကိုယ့်အသက်ကိုလောင်းကြေးထပ်

အစာငတ်ခံတိုက်ပွဲဝင်ရသတဲ့..။ အောင်မှိုင်းဆန်းရေ

ကိုယ့်ဖာသာထူ ကိုယ့်ဖာသာထရင်း

အများအတွက် အလင်းဆောင်မင်း…အောင်ပါစေ

မင်း…မှိုင်းပါစေ

မင်း…ဆန်းပါစေ(၂၃.၁၀.၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts