မောင်စွမ်းရည် – ကျနော်ရရှိတဲ့ အမွေ

မောင်စွမ်းရည် – ကျနော်ရရှိတဲ့ အမွေ

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၅

ပုတီး တကွင်း

ဓား တစင်းနဲ့

ဆင်းတု တဆူ

ထိုက်ရာယူစေ၊ ကြိုက်ရာယူလေ

အဖေထားခဲ့၊ အမွေများ။

သမီးအကြီး

ပုတီး အမွေ။

သမီးလတ်က

ဆင်းတု ရစေ။

သားကြီး ဓားမွေ

ခံပါလေ – တဲ့။

အဖေချန်ထား

သွေးစွန်းဓားဖြင့်

သားက ခဲတံ ချွန်လေသတည်း။