ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၁)

 

ဗိုလ်ထက်မင်း –  NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၁)

(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅

၁။    NCA  လက်မှတ်ရေးထိုးပွဲပြီးတာ့ ရွေးကောက်ပွဲကာလနဲ့  နီးကပ်လာပြီမို့ ပူးတွဲကော်မတီတွေ ဖွဲ့စည်းဖို့ အစည်းအဝေးတွေ ဖုတ်ပူမီးတိုက်ကျင်းပနေရပါတယ်။ ဒါဆိုရင် အားလုံး ပါဝင် လက်မှတ် မထိုးနိုင်ရတဲ့အကြောင်းရင်းတွေမှာ NCA Peace Process အကောင်အထည်ဖေါ်မှု အစိုးရအားနည်းချက်တွေ  ထပ်မံတွေ့ရှိလာခဲ့သလို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က KIA, TNLA , AA (၃)ဖွဲ့ မပါလို့ မထိုးသေးဘူးလို့ ဇွတ်တင်းခံနေရတာဟာတွေ ရှိနေပါတယ်။ လက်မှတ်ထိုးရင် ဘယ်လိုအကျိုး ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ အစုအဖွဲ့တွေဆီက မတူတဲ့ အမြင်တွေကို  ပြည်သူလူထု လေ့လာနိုင်ဖို့တင်ပြသွားပါ့မယ်။

၂။    ဒီမိုကရေစီ အသွင်ကူပြောင်းရာမှာ ဒေသတည်ငြိမ်ဧချမ်းရေးဟာ အရေးကြီးဆုံးလိုအပ်ချက် ဖြစ်နေရာ လူထုငြိမ်းချမ်းရေး ဦးစွာရရမှာဖြစ်သလို ဒီမိုကရေစီရဲ့ အနှစ်သာ ပြည့်ဝဖို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြေရှင်းနိုင်ဖို့ နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်တဲ့ တွေ့ဆုံဆွေနွေးရေး ပလက်ဖေါင်းကနေ အဖြေရှာဖို့ လမ်းတခုအနေနဲ့ ရှိနေရာ ဒါကို ကျောခိုင်းလိုက်မယ်ဆိုရင် (သို့မဟုတ်) ထိုးဖို့တုံ့ဆိုင်းနေတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ မူလက သဘောတူထားခဲ့တဲ့စာချုပ်ကို လက်မှတ်မထိုးသေးဘူး ဆိုရင် တပ်မတော်ကဖက်ကနေ အခြေခံဥပဒေ မပြင်ဆင်ဖို့ အကြောင်းပြချက်တွေ ခိုင်ခိုင်မာမာရရှိသွားပြီး ပိတ်ဆို့ဟန့်တားမှု မလွှဲမသွေကြုံလာဦးမယ်လို့ လည်း ပြောဆိုကြပါတယ်။

၃။    ရှေးဦးစွာ NCA လက်မှတ်မထိုးသူအချို့က မိမိယုံကြည်ချက်အရ အမှန်ဟု နားလည်ပေးသော်လည်း အစိုးရတပ်မတော်ကို ဟစ်တိုင်ထားပြီး လက်မှတ်ထိုးသူများကိုတော့ သတိပေးဝေဖန်ရာကြရာမှာ အလွန်အကျွံ ဝေဖန်ကြတာမျိုးလဲ မီဒီယာတွေမှာ တွေ့နေရပါတယ်။

၎။    စက်တင်ဘာလ၂၈ရက်နေ့ တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးအစည်းအဝေးပြီးတာနဲ့  တပြိုင်နက်လက်မှတ်ထိုးတဲ့ အဖွဲ့အပေါ် မီဒီယာများက ဖိအားပေးလာကြတယ်။ အချို့ဒီမိုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ဟာ ငါနဲ့မတူ ငါ့ရန်သူသဘောထားကာ အမျိုးသားပြန်လည်သင့်မြတ်ရေး စကားလုံးတောင် မေ့နေဟန်တူကာ အစိုးရကိုမယုံကြည်မှုဆိုတဲ့ အတိုင်းအတာတခုထက် ပိုပြီး မုန်းတီးနေသလို လက်မှတ်ထိုးသူများကိုပါ သိမ်းကျုံးစွပ်စွဲတာကိုလည်း ဖတ်ရှုရပါတယ်။ မိုးမခ ပင်တိုင်ဆောင်းပါးရှင် မောင်မောင်စိုးနဲ့ နိုင်ငံရေးသုခမိန်ဆရာကျော်ဝင်း (RFA နဲ့တွေ့ဆုံခန်းတခုမှာ – ဆရာကျော်ဝင်းက အဖွဲ့တဖွဲ့ချင်း ဆွေးနွေးတာကို ပိုကြိုက်တယ်။) တို့လို သဘောထားကြီးကြီး အပြုသဘောတုံ့ပြန်တာကိုလည်း တွေ့ခဲ့ရပါတယ်။

၅။    ထိပ်သီးအစည်းအဝေးမှာ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နဲ့ ဒုဗိုလ်ချုပ်ကြီ်းဆေးထင်တို့ က လက်မှတ်ထိုးတဲ့ အဖွဲ့တွေကို ရည်ရွယ်ပြီးပြောသွားတာကို အောက်ပါအတိုင်းကောက်နှူတ်တင်ပြပါမယ်- နိုင်ထောမွန်က …

“ အရပ်သားတပိုင်း၊ စစ်အစိုးရဖြစ်နေတဲ့ ဒီအစိုးရဟာ နိုင်ငံရေးလုပ်မယ်ဆိုရင် မိတ်ဆွေ၊ ရန်သူ သေချာစဉ်းစားဖို့လိုတယ်၊ ကျွန်တော်တို့ရဲ့ မူလရပ်တည်ချက်က ဦးတည်ချက်ကို အထောက်အကု ပြုမလား၊မပြုဘူးလား ဆိုတာ သေချာစဉ်းစားဖို့လိုတယ်။ သတိထားပြီးတော့ ဆက်လက်လုပ်သွားဖို့ ပန်ကြားချင်တယ်။ ပြည်တွင်းရေးကို ခြုံပြီးပြောရရင် အစိုးရက အပြောင်းအလဲလုပ်တာ အပေါ်ယံဘဲဖြစ်တယ်။” လို့ပြောသွားပါတယ်။

ဒုဗိုလ်ချုပ်ကြီးဆေးထင်က … “ကိုယ်ကျိုးစီးပွါးအတွက် မူလရည်မှန်းချက်တွေ မပျောက်ပျက်ရန် လိုကြောင်း၊ ဖြစ်နိုင်တာနဲ့ ဖြစ်ချင်တာကို ခွဲခြားသိမြင်ရန် လိုအပ်တယ်၊ လက်ရှိ အခြေအနေအရ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ကျွန်တော် စဉ်းစားဖို့လိုတယ်၊ ကိုယ်ကျိုးစီးပွားတွေ နောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ကြွေးကြော်ခဲ့တဲ့ အသက်ပေးခဲ့တဲ့၊ “တိုင်းပြည်အတွက် ၊ပြည်သူအတွက်” အသက်ပေးလှူမယ်ဆိုတဲ့ ရည်ရွယ်ချက်က ပျောက်သွားနိုင်တယ်၊” လို့ပြောသွားပါတယ်။

၆။    သူတို့နှစ်ဦးပြောသွားတာတွေနဲ့ စပ်လျဉ်းပြီး ပါတီဘက်ကို ကူးပြောင်းသွားတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးက မှတ်ချက်ပြုလာပါတယ်- “သူတို့က မိတ်ဆွေ ရန်သူဆိုပြီး သတ်မှတ်တာတွေ၊ တိုင်းပြည်အတွ အသက်ပေးတယ်။ ပြည်သူအတွက် အသက်ပေးတယ်ဆိုတာ ပြောသွားပါတယ်။ ဒီလိုဆိုရ ဘယ်အဆင့် ရောက်သွားသလဲ ဆိုရင် ပြည်ထောင်စုက ခွဲထွက်ချင်လို့ အဓိပ္ပါယ်ရောက်နေကြောင်း၊ ဦးဆေးထင် ထောင်ကျတာဟာ ပြည်ထောင်စုခွဲထွက်ချင်လို့ဖြစ်ကြောင်း၊  ဦးဆေးထင်ပြောတဲ့ ကိုယ်ကျိုးစီးပွါးဆိုရာမှာ မွန်အဖွဲ့ကို ပြန်မေးရမှာ ဖြစ်ကြောင်း၊ မွန်ခေါင်းဆောင် နိုင်ရွှေကျင် က ဦးသန်းရွှေနဲ့ ဖက်လှဲတကင်းလုပ်ပြီး သံဖြုဇရပ်ဘုရားသုံးဆူလမ်း တည်ဆောက်ရေးစီမံကိန်း ပါမစ်ချပေးခဲ့ကြာင်း ၊ ၁၉၉၀ခုနှစ် ရွေးချယ်ခံ မွန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အစိုးရရဲ့ရွှေကျဉ်ဆံ ငွေကျဉ်ဆံ မခံနိုင်ဘူးလို ဝေဖန်ခဲ့ဘူးကြောင်း ၊ မွန်အဖွဲတွေ့လည်း ပါမစ်ရောဂါကြောင့် အစိတ်စိတ်ကွဲ ခဲ့ဘူးကြောင်း၊ ပြည်သူလူထုက သူတို့စကားကို ရုတ်တရက်ကြည့်လိုက်ရင် နားလည်မှု လွဲသွားနိုင်ကြောင်း၊ ခွဲထွက်ရေးလိုလားတဲ့စိတ်များ ကိန်းအောင်နေသူများ ဖြစ်ကြောင်း။” ဝေဖန် မှတ်ချက်ပြုပြောသွားပါတယ်။

၇။    ဆက်လက်ပြီး အဆိုပါအရာရှိကြီးက သူတို့ဆိုလိုနေတဲ့ ကိုယ်ကျိုးစီးပွါးပတ်သတ်မှုနဲ့ စပ်လျဉ်းပြီး အောက်ပါအတိုင်း ဝေဖန်ပါတယ်-

            “ပကတိအတိုင်း ရိုးရိုးလေးတွေးကြည့်တာက အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက် ပေးတဲ့ ကားပါမစ်ဆိုတာဟာ သူတို့ရဲ့အောက်ခြေ စစ်သည်တော်တွေအတွက် စားဝတ်နေရေးအတွက် ပေးတာဖြစ်ကြောင်း၊ မပေးရ င်ဓမြတွေ ဖြစ်သွားနိုင်ကြောင်း၊ မှန်မှန်ကန်ကန်လုပ်ဖို့ သူတို့သမိုင်းကြောင်းပင် ဖြစ်ပြီး မှန်မှန်ကန်ကန် မလုပ်က ယခင်ကလိုတိတ်မနေဘဲ အသံတွေ ထွက်လာမှာဖြစ်ကြောင်း၊ မိမိက အစိုးရပေးတာကို မယူရင် ဝေဖန်တဲ့သူတွေက တာဝန်ယူကျွှေးမွေးနိုင်လားလို့ မေးချင်ကြောင်း၊ မုဒိတာမပွါးတာအံ့သြကြောင်း၊ ဒီလို စိတ်ဓါတ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ တက်လာမယ်ဆိုရင် အဲဒီတိုင်းရင်းသားတွေရဲ့ အနာဂတ်အတွက် ရင်လေးဖို့ ကောင်းပါတယ်။”  လို့ ပြောသွားတာ ကြားသိရပါတယ်။

၈။    စာရေးသူက ကားပါမစ်နဲ့စပ်လျဉ်းပြီးပြန်လည်ထောက်ပြပါတယ် …

    “တကယ်တမ်း ကားပါမစ်ဟာ နိုင်ငံတော်အတွက် အခွန်ငွေ ရသင့်ရထိုက်တာထက် နည်းလို့ နစ်နာကြောင်း၊ လူတစ်ဦးတယောက်အတွက်မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့တွေအတွက် ဆိုပေမဲ့ လူကြားလည်း မကောင်းကြောင်း၊ တကယ်ဆိုရင်ဦးရွှေမန်းကေ စတနာနဲ့ဘောင်ဝင်အောင် လွှတ်တော်ဘတ်ဂျက်က ချပေးမယ်လို့ပြောလာသေးကြောင်း၊ ဦးအောင်မင်းက ဒေါကန်ပြီး လွှတ်တော်ကို သွားရှင်းလင်းရ သေးကြောင်း၊ တကယ်တော့ ဦးရွှေမန်းနိုင်ငံခြားသွားခဲ့စဉ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို မေးခံရလို့ မသိလိုက် တာလည်းပါလို့ထောက်ပြတာဖြစ်ဟန်တူကြောင်း၊ အစိုးရက နယ်စပ်စည်ပင်ဝန်ကြီးဌာနဟာ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးလုပ်နေတာမို့လုပ်ထုံးလုပ်နည်း စနစ်တကျနဲ့နှစ်စဉ် အစိုးရသာမန်ဘတ်ဂျက် ခေါင်းစဉ်နဲ့တင် တောင်းရင် ဖြစ်နိုင်ကြောင်း။ ဘတ်ဂျက်ချပေးလို့ တိုင်းရင်းသားတွေအတွက် လိပ်ပြာသန့်သန့်ပေးလို့ရနိုင်ကြောင်း၊ ဦးအောင်မင်းတို့ကို နိုင်ငံတကာ ထောက်ပံ့နေတာ ကျပ် ငွေ ၁.၅ ဘီလီယံရှိရာ ပွင့်လင်းမြင်သာဖို့ လိုကြောင်း၊ (ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံရဲ့လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ အဓိကငွေကြေး European External Action Service ၏ တရားဝင် စာရင်းအရ  ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခဆိုင်ရာ အီးယူ ထောက်ပံ့မှုအတွက် လက်ရှိယူရို ၅၈  သန်းကျော်ပြီဖြစ်သလို ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း  ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးလုပ်ငန်း ဗဟို ဌာန(MPC) သို့ စုစုပေါင်း ယူရို ၈ ဒသမ ၇ သန်း ထောက်ပံ့ခဲ့ကြောင်း၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ပဋိပက္ခအသွင်ပြောင်းခြင်း စသည်တို့ အပါအ၀င် ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခလုပ်ငန်းစဉ်များ စွာကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) လုပ် ဆောင်နိုင်ရန် ယူရို ၅ ဒသမ ၄ သန်း ထောက်ပံ့ခဲ့ကြောင်း၊ ရှေ့လာမည့် လုပ်ငန်းစဉ်များ အတွက် အခြား အလှူရှင်များနှင့် အီးယူပူးပေါင်း၍ ပူးတွဲငြိမ်းချမ်းရေး ရန်ပုံငွေ (JPF) ကို တည်ထောင်မှု လက်စသတ်နေပြီ ဟုသိရပါတယ်)၊ ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် သူ့ပိုင်ဆိုင်တာကိုတောင်  ရောင်းပြီး အနစ်နာခံ လုပ်နေတာဟာ ရယ်စရာဖြစ်နေပြီး ကလေးပြော ပြောတာထက် လည်ပတ်သုံးစွဲငွေကို စာရင်းရှင်းတမ်းနဲ့သိသင့်သိထိုက်တဲံ့ အချိန်ကျရင် စနစ်တကျ ရှင်းလင်းတင်ပြတာက အမှတ်ပိုရမှာဖြစ်ကြောင်း ထောက်ပြရာ သူကလက်ခံပါတယ်။

၉။    SNLD ဦးခွန်ထွန်းဦး နဲ့ SSPP/SSA ဦးစိုင်းလတို့ ပြောဆိုချက်အရ (၁၅) ဖွဲ့အနက် (၈) ဖွဲ့ဟာ လက်မှတ်ထိုးပြီး ကျန်ခဲ့တဲ့အဖွဲ့တွေဟာ အင်အားကြီးဖြစ်နေတဲ့အသွင်ဖြစ်ပြီး၊ ထိုးတဲ့အဖွဲတွေ့ကိုတော့ အင်အားနည်းတဲ့အဖွဲ့တွေ များလို့ အလုပ်မဖြစ်တဲ့ အသွင်မျိုး ပြောတာဟာ နှိမ်တာဖြစ်ကြောင်း ဗိုလ်မှူးကြီး (ငြိမ်း)တစ်ဦးကတော့ စာရေးသူနဲ့တွေ့ဆုံခဲ့ရာမှာ အောက်ပါအတိုင်း ဝေဖန်သွားပါတယ်။

    “ အင်အားကြီးတယ် ဆိုတာ ဘယ်လိုပေတံနဲ့သတ်မှတ်တာလဲ၊ စစ်သည်အင်အားကို အခြေခံ ရပေမဲ့ခေတ်က ပြောင်းနေပြီ၊ လက်နက်စွမ်အား၊ စိတ်ဓါတ်စွမ်းရည်၊ ပိုင်ဆိုင်မှုအကျယ်အဝန်း နယ်မြေပေါ်လည်း တည်တယ်။ အင်အားကောင်းပါတယ်ဆိုတဲ့ ဝ တောင် ကရင်ကို နယ်မြေအကျယ်အဝန်း ဖြန့်ကျက်မှု မမှီဘူး။ ပဲခူးတိုင်းကစပြီး တနင်္သာရီတိုင်းထိ ရှိတယ်။ အခုမှ ပြည်နယ်ထက်နိမ့်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဘဲရှိတယ်။ KIAကချင် နဲ့SSPP/ SSA ရှမ်း အင်အားကြီးတယ်ဆိုတာ ဌာနချုပ် ကွက်ကွက်လေးကျန်တာ။ ကချင်လိုင်ဇာကနေ အရေးပေါ်ဟူးကောင်းကို ရွှေ့ဖို့ လုပ်ထားတာကအစ သိထားတယ်။ ၁၉၄၈ခုနှစ်ကတည်းက ကရင်က စလာခဲ့တာ၊ ရှမ်းက စော်ဘွားနန်းတက်ဖို့ တို့နဲ့ စခဲ့တာ ပြီးတော့ ကချင်က ၁၉၆၂ ခုနှစ်ကျမှ ပေါ်လာတာပါ။ ဝ က တရုတ်သြဇာ မကျော်နိုင်တာနဲ့ အပစ်ရပ်ကြေညာချက် ထုတ်ထာကိုဘဲ ကြည့်ပါ။”  ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဗိုလ်ထက်မင်း – NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၁)
  1. မည်သို့ပင်ဆိုစေကာမူ
    လဝ ကို မြ န် မာ့ တပ်မတော် မှမတိုက်ရဲးချေ
    သံလွင်သစ် ကိစ္စ က သက်သေ ပင်တည်း

  2. ကျေးဇူးတင်ပါတယ် ကိုမောင်မောင်စိုး
    ကျနော် ဘယ်ပါတီမှမဝင်သလို ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှာ မပူးပေါင်းသေးပါဘူး။ ဒါပေမဲ့ ကချင်ပြည်မှာမွေးဖွားခဲ့တော့ ကချင်ပြည်နယ်သားတွေကို အရမ်းသံယောဇင်ရှိပါတယ်။

    KIA, TNLA , AA (၃)ဖွဲ့ မပါလို့ မထိုးသေးဘူးလို့ ဇွတ်တင်းခံနေရတာဟာတွေ ရှိနေပါတယ် ..လို့စာရေးသူရေးထားပါတယ်။ MPC က တရုပ်ဝင်ရှုပ်လို့ ဒီအဖွဲ့ျေတွလက်မှတ်ထိုးဖို့ ခက်နေပါတယ် ပြောတော့ ..တရုပ်အစိုးရစိတ်ဆိုးတာကြောင့် အဲဒီပြောတဲ့လူက ..အဲဒီလိုပြောတာမဟုတ်ပါဘူး..ဆိုပြီး မီဒီယာအရေးမှားသလို ပြန်လွှဲချလိုက်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ ကချင် KIA နဲ့ ကိုးကန့် တွေကို လက်ရှိမြန်မာတိုက်လေယာဉ်တွေနဲ့ ဗုံးကျဲ၊ ဒုံးပျံတွေစမ်းသပ်ပစ်ခတ်ခြင်းခံနေရတာ ..မြေပြင်တပ်ကလဲ မြို့ငယ်ရွာတွေမီးရှို့ မေပြင်မြန်မာစစ်တပ်ကိစ္စကတော့ အစိုးရနဲ့စစ်တပ်အမိန့်မရပဲ လုပ်တာဖြစ်နိုင်ပေမဲ့ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်တာကတော့ စစ်တပ်က သေသေချာချာ လုပ်တာပါ။ လိုင်စာကို အလွယ်တကူတက်သိမ်းနိုင်ပေမဲ့ ..မလုပ်တဲ့အတွက် စစ်တပ်ကိုကျေးဇူးတင်ရမှာပါပဲ။ ကချင်ဒုက္ခသည် သိန်းနဲ့ချီပြီး အမေရိကန်က ထောက်ပံ့ကြွေးမွေးထားတာကို တရုပ်အစိုးရ လုံးဝမကြေနပ်ပါဘူး။ ငါတို့နဲ့ မြန်မာအစိုးရကြား ဝင်မရှုပ်နဲ့ပေါ့။

    ဒါကြောင့် အမေရိကန် နဲ့ ထိုင်း သြဇာရှိတဲ့ KNU, DBKA အောက်မြန်မာပြည်က လက်နက်ကိုင်တိုင်းရင်းသားများ အပစ်ခနတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ထိုးနိုင်ပေမဲ၊ တရုပ်သြဇာကြီးတဲ့ KIA, ကိုးကန့်၊ ဝ တိုင်းရင်းသား အထက်မြန်မာပြည် လက်နက်ကိုင်တိုင်းရင်းသားတွေကတော့ လက်မှတ်မထိုးနိုင်တာ ..ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုပါ။

    အချိန်ကာလတစ်ခုကို စောင့်ရမှာဖြစ်ပါတယ်။
    လူနှစ်ယောက် လမ်းမပေါ်ရန်ဖြစ်ထိုးကြိတ်လို့ အင်အားကြီးတဲ့လူက အလဲထိုးအနိုင်ယူပါတယ်။ လဲကျရှုံးနိုမ့်ရသူကတော့ ငြိမ်းချမ်းရေးလုပ်ပါ ဆိုရင်တောင် မလွယ်တော့၊ အထက်မြန်မာပြည်လက်နက်ကိုင်ကိစ္စ … အဲဒီနေရာသွားမကြည့်ဖူးရင် … နားလည်ဖို့ခက်ပါတယ်။ ကျနော် နိုင်ငံခြားနေပေမဲ့ အဲဒီနေရာမှာကို မကြာခဏရောက်ပြီး ကချင်ဒုက္ခသည်အရေး ကူညီနေသူ ဖြစ်ပါတယ်။ အင်ဂွန်ဂျာဝါ (၂)

  3. လက်မှတ်ထိုးတဲ့သူတွေအပေါ်ရေးနေတာလွန်လာလို့ပြည်တွင်းကကရင်တွေအပေါ်လက်တွဲခဲ့ဘူးတဲ့သူတွေကသူတို့ရဲ့အမြင်ကိုဖေါ်ပြသလိုမထိုးတဲ့သူတွေအပေါ်အပြစ်တင်နေတာလည်းမဟုတ်ပါ။အကျိုးရလဒ်ထွက်လာနိုင်မှူစဉ်းစားချင့်ချိန်နိုင်ဖို့သာအကြံပြုတာဖြစ်ပြီးလက်ခံတာမခံတာသူတိုဖါသာသူတို့လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်ပါတယ်။လူထုမြေဇာပင်
    ဖြစ်တာကိုတော့စိတ်မကောင်းဖြစ်မိပါတယ်။အခုလိုအကြံဥဏ်ပေးတာကျေးဇူးတင်ပါတယ်။

Comments are closed.