Han Thit Naing ဓာတ်ပုံသတင်း

ပါတီကြီးတစ်ခု၏ အထူးတာဝန်ခံမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်စာအုပ်ထုတ်ဝေမှု ဒေါ်ညိုညိုသင်း ရှင်းလင်း

 

ပါတီကြီးတစ်ခု၏ အထူးတာဝန်ခံမှ ပုဂိုလ်ရေးတိုက်ခိုက်သည့်စာအုပ်ထုတ်ဝေမှု ဒေါ်ညိုညိုသင်း ရှင်းလင်း
ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၁၇၊ ၂၀၁၅
 

ပါတီကြီးတခုမှ “ဘာ့ကြောင့် ဦးထွန်းမြင့်ကိုမဲပေးရသလဲ” ဆိုသောစာအုပ်ထုတ်ဝေဖြန့်နေမှု နှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၆ရက် နေ့လည် ၂နာခွဲခန့်က ဗဟန်းမြို့နယ် ရေတာရှည်လမ်း သစ် အောင်နိုင်ရေးရုံးတွင် တသီးပုဂလ ဒေါက်တာဒေါ်ညိုညိုသင်းမှ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

          “ဘာ့ကြောင့်ဦးထွန်းမြင့်ကိုမဲပေးရသလဲ” ဆိုသောမဲဆွယ်စာအုပ်ထုတ်ဝေသောသူနှင့် ၄င်းပါတီကို ထုတ်ဖော်မပြောလိုကြောင်း၊ ၄င်းစာအုပ်တွင် မိမိအကြောင်းနှင့် ပတ်သက်၍ မမှန်မကန်ရေးသားမှုများ သည် စည်းရုံးရေးကာလတွင်ပြည်သူများအကြားမှုန်ဝါးသွားစေနိုင်ကြောင်း၊ ၄င်း၏မဲဆန္ဒနယ်အတွင်း ယှဉ်ပြိုင်ပါတီမှ ထိပ်တိုက်ပြဿနာများလည်းပြုလုပ်နေသည့်အတွက် စည်းရုံးရေးကာလတွင် အေးချမ်းစွာဆောင် ရွက်သွားစေ လိုကြောင်းများ ဒေါ်ညိုညိုသင်းမှပြောပြခဲ့သည်။
         ဆက်လက်ပြီး “ဒီစာအုပ်ထဲမှာပါတဲ့ မမှန်မကန်ရေးသားဖော်ပြချက်တွေဟ ပြည်သူလူထုအနေနဲ့ အများကြီးစိတ်ရှုပ် ထွေးစရာဖြစ်လာတယ်ဆိုတာတွေ့ရှိရပါတယ်၊ကျမကိုထောက်ခံသူများရဲ့ပြင်းပြတဲ့ဆန္ဒက ဒီစာအုပ်အပေါ် ဖြေရှင်းချက်ထုတ်စေချင်ပါတယ်၊ ဒီလိုဖြေရှင်းချက်မထုတ်ဖူးဆိုလို့ရှိရင်
ပြည်သူလူထုက ဒီစာအုပ်ထဲမှာပါတဲ့ အချက်တွေက အမှန်တွေပဲလို့ယူဆတဲ့ပြည်သူတွေလဲ အတိုင်းအတာတစ်ခုထိရှိ တယ်လို့ ကျမတို့သိရတယ်၊ ဖြေရှင်းသင့်တဲ့အချိန်ကာလရောက်ပြီလို့ယူဆတဲ့အတွက်ကြောင့် မို့လို့ ဖြေရှင်းတာပါ” ဟုပြောသည်။
          စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်နှင့်အညီ ဗဟန်းမြို့နယ်အတွင်း ဒေါ်ညိုညိုသင်း ၏ အောင်နိုင်ရေးအတွက် ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း၊ ၄င်းအောင်နိုင်ရေး ဆိုင်းဘုတ်များ ပျောက်ဆုံးမှုများနှင့် ဖျက်ဆီးခံရမှုများရှိခဲ့ကြောင်း၊ စည်းရုံးရေးဆင်းရာတွင်လည်း တခြားပါတီမှ လိုက်လံနှောက် ယှက်မှုမျိုးများပြုလုပ်ခဲ့ကြောင်း၊ မမှန်မကန်ရေးသားထားသော “ဘာ့ကြောင့်ဦးထွန်းမြင့်ကိုမဲပေးရသလဲ” ဆိုသည့် မဲဆွယ်စာအုပ်သည်လည်း ဗဟန်းမြို့နယ်အတွင်း အုပ်ရေသောင်းကျော် အခမဲ့ဖြန့်ချိနေကြောင်း၊ ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ် ကိုမှလည်း နာမည်တပ်ပြီး မစွပ်စွဲလိုကြောင်း များကို ရွေးကောက်ပွဲအောင်နိုင် ရေးနည်းဗျူဟာအကြံပေး ဦးတင်မောင်ဦးမှ ကပြောကြားခဲ့သည်။
          ဆက်လက်ပြီး “ကိုယ့်ကိုယုံကြည်မှုရရေးအတွက် ပုဂိုလ်ရေးကိုတိုက်ခိုက်တဲ့သူဟာ ကိုယ်ရည်ကိုယ်သွးနှိမ့်တဲ့သူတွေ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိတဲ့သူလို့ပဲ သဘောထားပါ တယ်၊ ပြည်သူတွေ သတိမူတဲ့ အချက်ဖြစ်လာရင် နိုင်ငံရေးသမားတွေဆိုတာ ဒီလိုလား လို့ ပြည်သူတွေ က ကောက်ချက်ချလိုက်မှာကို တော်တော်လေးစိုးရိမ်ပါတယ်၊ ဒါကြောင့်မလွှဲမရှောင်သာ ဒီသတင်းစာ ရှင်းလင်းပွဲပြုလုပ်ရတာပါ” ဟု ပြောသည်။
          ဒေါ်ညိုညိုသင်း၏အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၁၄ရက်တွင် ရဲစခန်းသို့အမှုဖွင့်ထားကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လည်း တင်ပြ ထားကြောင်း သိရသည်။
          “ဘာ့ကြောင့်ဦးထွန်းမြင့်ကိုမဲပေးရသလဲ” ဆိုသောစာအုပ်ကိုရေးသားထုတ်ဝေသူမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ရွေးကောက်ပွဲ ဗဟန်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္က ဦးစိုးညွှန့် ဖြစ်ပြီး ဒေါ်ညိုညိုသင်းနာမည်တပ်ရေးသားထားသည် အချို့မှာ ၂၀၁၀ရွေးကောက်ပွဲကာလတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ဝင်ပြိုင်ရာတွင် ၄င်းအောင်နိုင်ရေးအတွက် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေမှတဆင့် ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးခဲ့မှုကြောင့် အောင်မြင်မှုရခဲ့သည် စသည့် တချို့ကိုလည်း ရေးသားထားသည်။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်ညိုညိုသင်းမှလည်း မိမိ၏ငွေကြေးသက်သက်နဲ့ ဝင်ရောက်ခဲ့ပြီး မည်သည့်အကူအညီမျှ မပါပဲ ပြည်သူများ၏ထောက်ခံမှုကြောင့် အနိုင်ရခဲ့သည် ဟုသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts