ကဗျာ

ခက်ဦး – ရှေ့ပြေးတေးသံ

ခက်ဦး – ရှေ့ပြေးတေးသံ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅

သွေ့ခြောက်ရိုး
တိမ်ကောရိုး
ကြာရှည်
မရှိ

လွတ်ရာသာတိမ်း
ဘေးရှဲထားလိုက်ကြ
အမှိုက်တွေ

ဟိုး…….မှာ

ချောင်းရိုးထဲ
ဝါးလုံးထိုး တောင်ကျရေ
မောင်းတဒူဒူ
စည်တော်ကိုရွှမ်း
လာနေပါပေါ့

ပြည်တော်ဝင်ခန်း
နီးပြီလေ

ခက်ဦး
၁၄ . ၁၀ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts