ကဗျာ အောင်ဝေး

အောင်ဝေး – အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း – ၇ နဲ့ ၈

အောင်ဝေး – အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း  – ၇ နဲ့ ၈
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၅

(၇)

နှင်းမိုးတွေ ရွာတဲ့နေ့ က

ကျော်သူ ဖုန်းဆက်တယ်။

နယူးယောက်မြို့ ကြီးကနေ

ကျော်သူ ဖုန်းဆက်တယ်။

ဦးဝင်းတင်အုတ်ဂူကနေ

ကျော်သူ ဖုန်းဆက်တယ်။

ရွှေဝါရောင်တော်လှန်ရေးကနေ

ကျော်သူဖုန်းဆက်တယ်။

တာရာမင်းဝေအုတ်ဂူကနေ

ကျော်သူ ဖုန်းဆက်တယ်။

အမျိုးသားရုပ်ရှင်ခြံကနေ

ကျော်သူ ဖုန်းဆက်တယ်။

နှင်းမိုးတွေ ရွာတဲ့နေ့ 

နယူးယောက်မြို့ ကြီးကနေ

ကျော်သူ ဖုန်းဆက်တော့

အိပ်မက်ဟာ

မစ်ရှီဂန်မဲဇာမှာ

နိုးထလာတယ်။

ညီလေးရေ-

တို့ တွေ မိုင်ချီ ဝေးကွာနေလည်း

တို့ တွေ တရားအတူ ခိုင်ကျည်နေဆဲ။

ညီလေးရေ-

တရားကို စောင့်ပါ။

တရားစောင့်ရင်

မြားဖြောင့်လာမယ်။

မြားဖြောင့်ရင်

ကျားကြောင့်၊ ခြင်္သေ့ကြောင့်

စိုးနှောင့်စရာ ဘာမှမရှိ။ ။
( ၈ )

ရဲဘော်ယုန်ကို

မုန်လာဥဂိုထောင် စောင့်ခိုင်းတဲ့အဖြစ်။

ငါလည်း စာမတတ်

ငါ့ ယောက်ဖ ငညိုပြောတာလည်း

ငါမယုံ ဆိုတဲ့အဖြစ်။

ရွေးကောက်ပွဲနိုင်ရုံနဲ့ 

ရန်ကုန်မရောက်သေးတဲ့အဖြစ်။

“ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ

ဝယ်တယ်၊ ပဲလှော်နဲ့ လဲတယ်” ဆိုတဲ့အဖြစ်။

“ဒီလိုအဖြစ်မျိုးထဲမှာ

ချစ်ကျိုးနည်းရမှာလား” တဲ့

ချိုပြုံးသီချင်းလေး လှတယ်။

တကယ်တော့

စစ်တပ်က

အာဏာရှင်စနစ်ကို မွေးခဲ့တာမဟုတ်။

အာဏာရှင်စနစ်ကသာ

စစ်တပ်ကို မွေးလိုက်တာ။

နောက်တော့

စစ်အာဏာရှင်စနစ်ဖြစ်သွားရော မဟုတ်လား ကြွက်။

နေ၀င်းသေသွားလည်း

ကျော်ငြိမ်းခွဲခဲ့တဲ့ အသည်းက

အခုထိ ကွဲကောင်းတုန်း။ ။

(သိမ်းတင်သား သို့ )

ေ အ ာ င္ ေ ၀ း

(မြန်မာနိုင်ငံကဗျာဆရာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts