ချမ်းမြ (မိုးမခအထောက်တော်) ရသဆောင်းပါးစုံ

ချမ်းမြ – “ရာပြည့်​ အ​မေမာစာအုပ်​များ နှင့် ​မြေး-ချမ်းမြရဲ့ ရာပြည့်​ကဗျာ”

ချမ်းမြ – “ရာပြည့်​ အ​မေမာစာအုပ်​များ နှင့် ​မြေး-ချမ်းမြရဲ့ ရာပြည့်​ကဗျာ”

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅

၂၀၁၅ နိုဝင်​ဘာ ၂၉ ရက်​​နေ့ဆိုရင်​ အ​မေလူထု​ဒေါ်အမာရဲ့ ရာပြည့်​​မွေး​နေ့ပွဲကို မန္တ​လေးမြို့တွင်​စည်​ကားသိုက်​မြိုက်​စွာ ကျင်းပ​တော့မည်​ဖြစ်​သည်​ ။နိုဝင်​ဘာ ၂၆ ရက်​​နေ့က​နေ ၂၈ ထိက မန္တ​လေးမြို့ ဓမ္မသာလအခန်းမမှာ အ​မေမာရဲ့ရာပြည့်​အကြိုပွဲအဖြစ်​ ကျင်းပမည်​ဖြစ်​သည်​။ နိုဝင်​ဘာ၂၉ရက်​​နေ့ အ​မေမှာ​မွေး​နေ့မှာ​တော့ ဆရာ​တော်​ဦးပညာ ရဲ့​ကျောင်းတိုက်​ဖြစ်​သည့်​ အမရပူရမြို့က ​တောင်​​လေးလုံး​ကျောင်းတိုက်​မှာ လူထုတိုက်​က ဦးစီးပြီးအ​မေ့ရဲ့သားသမီး​မြေးမြစ်​​တွေက ​ ရာပြည့်​မွေး​နေ့ပွဲကို ခြိမ့်​ခြိမ့်​သဲ ကျင်းပကျအုံးမယ်​ဖြစ်​သည်​။

အ​မေလူထု​ဒေါ်အမာကို အဖဦးထင်​၊အမိ​ဒေါ်စု တို့က​နေ ၁၉၁၅ ခုနှစ်​ နိုဝင်​ဘာလ ၂၉ ရက်​​နေ့မှာ မန္တ​လေးမြို့တွင်​​မွေးဖွားခဲ့ပါတယ်​။အ​မေမာက အသက်​ နှစ်​ဆယ်​​ကျော်​​တက္ကသိုလ်​​ကျောင်းသူဘဝကတည်းက စာ​ရေးလာတာဟာ အ​မေမကွယ်​လွန်​မီ လပိုင်းအလိုထိပါပဲ။ အ​မေမာ ​ရေးသားထုတ်​​ဝေခဲ့တဲ့ စာအုပ်​​တွေက​တော့

၁၉၃၈ မှာ​တော့ Maurice Collis -Trials In Burma မြန်​မာပြည်​တွင်​စစ်​​ဆေးခဲ့​သော အမှုအခင်းများ (ဘာသာပြန်​) စာအုပ်
၁၉၄၀ မှာ​တော့ Maurice Collis – Sandamala စန္ဒာမာလာ (ဘာသာပြန်​) စာအုပ်

၁၉၄၅ မှာ​တော့ Ashihei Hino – War and Soldier ဂျုံနှင့်​စစ်​သား (ဘာသာပြန်​) စာအုပ် ​နှင့်
Wanda Wasilewska – The Rainbow သက်​တံ​ရောင် ​(ဘာသာပြန်​) စာအုပ်
၁၉၄၉ မှာ​တော့ ကွန်​မြူနစ်​ တရုတ်​ပြည်​ အင်​အားပြိုင်​ပွဲ စာအုပ်
၁၉၅၀ မှာ​တော့ သမ္မတဟိုချီမင်း အတ္ထုပ္ပတ္တိစာအုပ်
၁၉၅၃ မှာ​တော့ Archie John Stone – In the Name of Peace ငြိမ်းချမ်း​ရေးသို့ (ဘာသာပြန်​ )စာအုပ်

၁၉၆၃ ခုနှစ်​မှာ​တော့ ဆိုရှယ်​လစ်​တိုင်းပြည်​များသို့ စာအုပ်​နှင့်​ အိုယန်​ကီးတို့ စာအုပ်
၁၉၆၄ မှာ​တော့ ပြည်​သူချစ်​​သောအနုပညာသည်​များ စာအုပ်
၁၉၆၆ မှာ​တော့ ဘဝချင်းမတူသည့်​ တရုတ်​ပြည် ​(ဘာသာပြန်​ နှစ်​တွဲ)
၁၉၆၇ မှာ​တော့ ​အောင်​ဗလ ၊ ဖိုးစိန်​ ၊ စိန်​ကတုံး စာအုပ်
၁၉၆၉ မှာ​တော့ ​ရွှေရိုးဘက​လေး (နှစ်​တွဲ) စာအုပ်

၁၉၇၀ မှာ​တော့ ​ရွှေမန်းတင်​​မောင်​ စာအုပ်
၁၉၇၃ မှာ​တော့ အငြိမ့်(နှစ်​တွဲ​ပေါင်း) စာအုပ်​နှင့်​ ကမ္ဘာအကြီးဆုံးစာအုပ်
၁၉၇၅ မှာ​တော့ ​ရွှေ​ဒေါင်း​တောင်​​ဆောင်းပါးများ
၁၉၇၆ မှာ​တော့ ဆရာကြီးသခင်​ကို​ယ်​​တော်​မှိုင်းစာအုပ် ​နှင့်​ Chester Ronning A Memoir of Chine in Revolution ​တော်​လှန်​တဲ့တရုတ်​ပြည်​ ကျွန်​မမှတ်​မိသမျှ (ဘာသာပြန်​) စာအုပ်

၁၉၈၃ မှာ​တော့ လူချစ်​သမျှ လူထုဦးလှ စာအုပ်
၁၉၈၅ မှာ​တော့ ချင်းတွင်းမှ ပင်​လယ်​သို့စာအုပ်
၁၉၈၉ မှာ​တော့ မြန်​မာ့မဟာဂီတ စာအုပ်​ နှင့်​ အာဖရိက ဝတ္ထုတိုများ(ဘာသာပြန်​)စာအုပ်

၁၉၉၀ မှာ​တော့ ​ဆေးလိပ်​ နဲ့ လူသား (လူထုဦးလှ နှင့်​ ပူးတွဲ​ရေးသား) စာအုပ်
၁၉၉၁ မှာ​တော့ မန္တ​လေးသူ မန္တ​လေးသားများ စာအုပ်
၁၉၉၂ မှာ​တော့ ထိုင်းဝတ္ထုတိုများ – ၁(ဘာသာပြန်​) စာအုပ်
၁၉၉၃ မှာ​တော့ ရတနာပုံ မန္တ​လေ ၊ မန္တ​လေး ၊ ကျွန်​မတို့ မန္တ​လေး စာအုပ်​နှင့်​ ထိုင်းဝတ္ထုတိုများ – ၂ (ဘာသာပြန်​) စာအုပ်
၁၉၉၄ မှာ​တော့ သာသနာ့တန်​​ဆောင်​ ဆရာ​တော်​ကြီးများ စာအုပ်​ နှင့်​ ကျွန်​မတို့ ငယ်​ငယ်​က (ကိုယ်​​ရေးအတ္ထုပ္ပတ္တိ) စာအုပ်
၁၉၉၆ မှာ​တော့ ကမ္ဘာ့အကြီးဆုံး ​ကျောက်​ဆင်းတု ​ဒေါက်​တာသန်းထွန်းမှ အင်္ဂလိပ်​ဘာသာပြန်​ဆို (အင်္ဂလိပ်​-မြန်​မာ နှစ်​ဘာသာ)
၁၉၉၇ မှာ​တော့ အ​မေ့​ရှေးစကား စာအုပ်​၊ မြန်​မာ့​ခေတ်​သစ်​ ပန်းချီ စာအုပ်​ နှင့်​ ​တောင်​​လေးလုံးမှ နတ်​ကျွန်းသို့…. စာအုပ်
၁၉၉၉ မှာ​တော့ ​တောင်​အာရှပြတင်း​ပေါက်​များ (ဘာသာပြန်​) စာအုပ်​၊ ၈၃ နှစ်​ ၈၃ ခွန်း စာအုပ် ​နှင့်
ကျွန်​မတို့ မန္တ​လေးက မန္တ​လေး​တောင်​ စာအုပ်

၂၀၀၀ ခုနှစ်​မှာ​တော့ အ​မေ့​ရှေးစကား (ဒုတိယတွဲ) စာအုပ်
၂၀၀၁ မှာ​တော့ ငယ်​ကကျွမ်းတဲ့ ခင်​ပွန်းသည်​သို့  စာအုပ်
၂၀၀၂ မှာ​တော့ ၁၂ပွဲ ​ဈေးသည်​ နှင့်​ ကျွန်​မတို့အညာ စာအုပ်
၂၀၀၃ မှာ​တော့ လွမ်းသူ့စာ စာအုပ်
၂၀၀၄ မှာ​တော့ စာအုပ်​ဆိုင်​က လူဝင်​လူထွက်​ စာအုပ်
၂၀၀၆ မှာ​တော့ မြမဥ္ဇူဝတ္ထုတိုများ စာအုပ်
၂၀၀၇ မှာ​တော့ အ​မေ့​ရှေးစကား (တတိယတွဲ) စာအုပ်
၂၀၀၈ မှာ​တော့ အလွမ်း​ပြေမှတ်​စုများ စာအုပ်
၂၀၁၀ မှာ​တော့ ကျွန်​မ​ရေးတဲ့ သူ့ဘဝ လူထုဦးလှစာအုပ်​ တို့ပဲဖြစ်​ပါတယ်​။

ပြည်​သူချစ်​​သော အနုပညာသည်​များစာအုပ်​ဟာဆိုရင်​ ငါးကြိမ်​တိတိပြန်​လည်​ထုတ်​​ဝေခဲ့တဲ့စာအုပ်​ဖြစ်​ပါတယ်​။ ပထမအကြိမ်​က ၁၉၆၄ ​မေလ ၊ ဒုတိယအကြိမ်​က ၁၉၆၄ စက်​တင်​ဘာလ ၊ တတိယအကြိမ်​က ၁၉၆၇ ဇူလိုင်​လ ၊ စတုတ္ထအကြိမ်​က ၁၉၇၄ နှင့်​ ပဉ္စမအကြိမ်​ကို​တော့ ၁၉၉၇ ဒီဇင်​ဘာလ မှာထုတ်​​ဝေခဲ့တာဖြစ်​ပါတယ်​။

ဒါ​ကြောင့်​ ​မြေးတစ်​​ယောက်​အ​နေနဲ့ အခု လာမယ့်​ နိုဝင်​ဘာ ၂၉ အ​မေမာရဲ့ ရာပြည့်​ပွဲ​လေးကို စိတ်​ကရည်​စူးပူ​ဇော်​ပြီး အ​မေမာကို ကဗျာတစ်​ပုဒ်​ နဲ့ ကန့်​​တော့လိုက်​ပါတယ်​။

“မရိုင်းတဲ့ သမိုင်း မ​သေတဲ့ အမည်​” (ချမ်းမြ)
ဗမာပြည်​ အ​မှောင်​​ခေတ်​မှာ
အ​လင်း​ရောင်​​တွေ​ဝေဖြာ​စေဖို့….

နတ်​​မောက်​ က
ဗိုလ်​ချုပ်​​အောင်​ဆန်း ကို​ပေးတယ်။

မန္တ​လေး က
လူထု​ဒေါ်အမာ ကို​ပေးတယ်။

ဗိုလ်​ချုပ်​​အောင်​​ဆန်း က
ပြည်​သူချစ်​တဲ့ ​ခေါင်း​ဆောင်….။

လူထု​ဒေါ်အမာ က
ပြည်​သူချစ်​​သော အနုပညာသည်​…။

သူတို့အ​ကြောင်း ခပ်​ရိုးရိုး​လေးပဲ

အ​မေမာတဲ့
လူ​သာ​သေပြီး နာမည်​မ​သေတဲ့သူ
လူသာ​သေပြီး သမိုင်းမ​သေတဲ့သူ

၂၀၁၅ နိုဝင်​ဘာ(၂၉) မှာ
အနှစ်​ တစ်​ရာပြည့်​ပြီ…။

အနှစ်​တစ်​ရာ မဟုတ်​ဘူး
ကမ္ဘာပျက်​သုဉ်း အ​မှောင်​ဖုံး​တောင်
ပြည်​သူ​တွေရင်​ထဲ ကျွန်​​တော့်​ရင်​ထဲ
အမြဲတမ်း စီးဆင်း​နေမယ့်​ သမိုင်း…။
အမြဲတမ်း စီးဆင်း​နေမယ့်​ နာမည်​…။

{ချစ်​ခြင်းအားဖြင့်အ​မေလူထု​ဒေါ်အမာ နှစ်​တစ်​ရာပြည့်​သို့}


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts