Han Thit Naing သတင်းပဒေသာ

နိုင်ငံရေးရင့်ကျက်မှုရှိလာသောလူထုကြောင့် ရွေးကောက်ပွဲတွင် အာဏာရှင် မဆန်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးပြော

နိုင်ငံရေးရင့်ကျက်မှုရှိလာသောလူထုကြောင့် ရွေးကောက်ပွဲတွင်အာဏာရှင် မဆန်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးပြော

ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၉ရက်၊ ၂၀၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း မဲဆန္ဒနယ်မြေ (၁) ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသန်းနိုင်ဦးကို ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှု အခြေအနေနှင့် အနိုင်ရပါတီအား  အာဏာရှင်စနစ် ပုံစံမျိုး ပြုလုပ်သွားမည် မဟုတ်တော့ကြောင်းပြောပြသည်။
          ကော်မရှင်က မဲစာရင်း ၃၀ရာခိုင်နှုန်းလောက်ပဲမှန်မယ်ဟု ပြောတာနဲ့ပတ်သက်ပြီး မဲစာရင်းအပေါ် မှာ သံသယဖြစ်မိတဲ့အတွက် ပွင့်လင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်သည် တာဝန်ခံမှု တာဝန်ယူ မှုရှိသင့်ကြောင်း၊ ပန်းဘဲတန်းမြို့နယ်အနေနှင့် မဲစာရင်းမှန်ကန်မှုရှိဖို့အတွက် ဆောင်ရွက်ရေးအ ပိုင်းတွင်လည်း ရပ်ကွက်နေပြည်သူများက ပူးပေါင်းပါဝင်မှုရှိသည့်အတွက် ၈၀ ရာခိုင်နှုန်းဖြစ်အောင် ဆောင်ရွက်ထားကြောင်း၊ မဲပညာပေးရေးတွင် ပယ်မဲ၊ ခိုင်လုံမဲများ၊ တံဆိပ်တုံးနှိပ်နည်းသရုပ်ပြဆောင်ရွက်မှုအပိုင်း ကို ရပ်ကွက်ပေါင်း ၁၁ရပ်ကွက်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုအခါတွင် ရပ်ကွက်၂ခုသာပြီးစီးသေးကြောင်း ၊ရွေးကောက်ပွဲမတိုင်ခင်၁၀ရက်အလိုတွင် NLDမြို့နယ် အောင်နိုင်ရေးမှလည်း မဲရုံများကိုစောင့်ကြပ်ရေးအ တွက် သင်တန်းပေး ဖို့ရှိကြောင်း၊ တစ်မြို့နယ်မဲရုံ ၂ခုထားရှိပြီး မဲရုံတစ်ရုံတွင် မဲရုံကိုယ်စားလှယ် ၃ယောက် ထားဖို့ရှိပြီး မှန်ကန်မှု၊ မျှတမှုဖြစ် ရေးအတွက် စောင့်ကြည့်သွားမည်ဟု ပြောသည်။
          ဆက်လက်၍ ရွေးကောက်ပွဲတွင် အနိုင်ရမှုကို အာဏာလွှဲပေးသင့် ကြောင်းနှင့်ပတ်သက်ပြီး ၄င်းကဆက်လက် ပြောပြရာတွင်  ၁၉၉၀ခုနှစ်အခြေအနေ၊ ၂၀၀၈ဖွဲ့စည်းပုံကို နာဂစ်အခြေခံဥပဒေဖြင့် အတင်းအကျပ်ပြု လုပ်သွားခဲ့သောအခြေအနေ၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလုပ်သွားပုံအခြေ အနေ၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည့်အခြေအနေများသည် တစ်ခုနှင့်တစ်ခု မတူကြောင်း၊ လူထုရဲ့နိုင်ငံရေး အသိရေချိန်ဟာလည်း ပိုပြီးရင့်ကျက်လာပြီဖြစ်ကြောင်း၊ နိုင်ငံတကာစောင့် ကြည့်လေ့လာ သောအဖွဲ့များသည် လည်း ပြည်တွင်းတွင် ပုံစံ ၃မျိုးဖြင့် စောင့်ကြည့်သွားမည်သိရကြောင်း၊ ယခင်အာဏာ ရှင်တစ်ရပ်လို ပြုလုပ် သွားမည် မဖြစ်နိုင်ကြောင်၊ အနိုင်ရပါတီကိုအာဏာလွှဲမပေးလျှင် တိုင်းပြည်တည်ငြိမ်မှုကို မည်သို့မျှထိန်းသိမ်း နိုင်မည်မဟုတ်ကြောင်းများ ပြောပြသည်။
          “၂၇နှစ်တိုင်တိုင် တိုင်းပြည်ကနာနေတာ၊ ဒီလိုဆုံးဖြတ်မယ်ဆိုလို့ရှိရင် အရှေ့တောင်အာရှမှာ မွဲတဲ့နိုင်ငံကနေတက်လာမှာမဟုတ်တော့ဘူး၊ လက်ရှိအစိုးရကိုယ်တိုင်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ကိုလိုချင်တယ်၊ အေးချမ်းတာကိုလိုချင်တယ်၊ မြင်ချင်တယ်လို့ တဖွဖွပြောနေတာပဲလေ” ဟု လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်ဦးက ပြောသည်။
          ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မဲဆန္ဒနယ် (၁)တွင်  NLD မှ ဦးသန်းနိုင်ဦးအပါအဝင်၊ တစ်သီးပုဂလမှ ဦးခင်မောင်သန်း၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးသန်းဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဦးငွေစိုး၊ ခေတ်သစ်ပြည်ထောင်စုပါတီမှ ဦးသန်းထွန်းတို့နှင့် ယှဉ်ပြိုင်သွားရမည်ဟု သိရသည်။
ပန်းဘဲတန်းမြို့နယ် မဲဆွယ်စည်းရုံးရေးဆင်းရာ ၌ တချို့နေရာများရပ်ကွက်အုပ်ချုပ်ရေးမှူး မြို့နယ် ကော်မရှင် ရပ်ကွက်ကော်မရှင်များက လိုအပ်တာများကို လိုလိုလားလားနှင့် ကူညီပေးကြပြီး အနှောက်အယှက် ပြဿနာများ တစ်ခုမှမရှိသေးကြောင်း သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts