ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဥပဒေကိုသက်သွင်းမည်ဟု နော်လှလှစိုးပြော
အောက်တိုဘာ ၈ရနေ့တွင် ဆင်းရဲနွမ်းပါးသောကလေးသူငယ်များကို ပညာရေးအတွက် ကူညီ ထောက်ပံ့ ပေးနေသော S4SK –M နှင့် NCRWG တို့မှ ကလေးများသည် မိမိတို့ရဲ့အကာ အကွယ်အခွင့် အရေး များကို လွှတ်တော်ထဲရောက်ရင် အမှန်တကယ်တင်ပြတောင်းဆိုပေးဖို့ မင်္ဂလာဒုံမြို့နယ် အောင်နိုင်ရေးရုံး ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံတွင် နေ့လည်၁၂နာရီက လာရောက် အကူအညီ တောင်းခံနေ ကြောင်း တွေ့ရှိခဲ့ရသည်။
မြန်မာနိုင်ငံသည် ၁၉၉၁ခုနှစ်မှစတင်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပဋိဥာဏ်စာချုပ် ကို ယခုထိလက်မှတ်ထိုးနေသော်လည်း ကာကွယ်စောင့်ရှောက်မှု အားနည်းနေသေးကြောင်း၊ ထိုလူ့အခွင့် အရးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအရ ကလေးများသည် ဘယ်အခြေ အနေဘယ်လိုပဲ ရှိနေပါစေ က လေးတိုင်းသည် ပညာသင်ကြားခွင့်ရှိသင့် ကြောင်း၊ မိမိကူညီဆောင် ရွက်ပေးနေသော မတရားမှုများ တင်ပြ တိုင်ကြားသည့်အမှုများထဲတွင် ကလေးသူငယ်အမှုသည် အများ ဆုံးဖြစ်နေကြောင်း၊ ရဲစခန်းများ၊ တရားရုံးနှင့် ဆေးရုံများသည်လည်း ကလေးသူငယ်များအတွက် ကာကွယ် မှုသည် အင်မတန် နည်းနေသေးကြောင်း ပြောပြသည်။