ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – သမိုင်း

Photo – Ko Myo (88)

မောင်စွမ်းရည် – သမိုင်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

သမိုင်းချစ်မှ

နိုင်ငံချစ်မယ်။

နိုင်ငံချစ်ရင်

သမိုင်းချစ်မယ်။

သမိုင်းကိုမုန်း

မုန်းသူ ရှုံးမယ်။

သမိုင်းဝင်ကို

မငြင်ငြိုလင့်။

တကသရုံး၊ သမိုင်းရုံးကို

မိုင်းဗုံးခွဲခဲ့။

ဂျူဗလီခန်းမ ၊ သမိုင်းပြလို့

ဖြိုချပစ်ခဲ့။

ကြံတောသချိုင်း၊ သမိုင်းသုဿာန်

မြေလှန်ကြောက်ခဲ့။

ဂျူဗလီပြို၊ ကြံတောပြိုလဲ

မပြို သမိုင်း၊ လူတိုင်းရင်တွင်

သမိုင်းရှင်ခဲ့ သမိုင်းဝင်ကို

သဝန်တို၍ ၊ ငြင်ငြိုဖျက်လျှင်

ဖျက်သူပျက်သုဉ်း၊ သမိုင်းဆုံးလိမ့်

အမုန်းစိတ်လွှမ်း၊ မငြိမ်းချမ်းနိုင်

သက်ဆုံးတိုင်။

( ကိုဘုန်း(ဓါတု) ရဲ့ ဟောပြောချက်ကို အမှီပြုပြီး ကဗျာသီပါတယ်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts