မိုးမခကို ပေးတဲ့စာ

သားဝင့်ကျော် – တရားတဲ့ဥပဒေ စိုးမိုးမှု့ ကင်းမဲ့လာခြင်း




သားဝင့်ကျော် – တရားတဲ့ဥပဒေ စိုးမိုးမှု့ ကင်းမဲ့လာခြင်း


(မိုးမခထံပေးစာ) စက်တင်ဘာ ၂၇၊ ၂၀၁၅

မြန်မာပြည်မှာ ကိစ္စကြီးငယ် ဖြစ်ပေါ်တိုင်း အဖြေရှာကြည့်ရင် နောက်ဆုံးအဖြေက‪ “တရားတဲ့ဥပဒေစိုးမိုးမှု့ကင်းမဲ့လာခြင်း”‬ ဆိုတဲ့ အဖြေရပါတယ်။

တရားတဲ့ဥပဒေစိုးမိုးမှု့ ကင်းမဲ့လာခြင်း ရဲ့အဓိက တရားခံကတော့ 
အာဏာရှင် အစိုးရတွေပါပဲ
။ အာဏာရှင်အစိုးရတွေက သူတို့ရဲ့အာဏာစိုးမိုးမှု့ တည်မြဲစေဖို့ 
တရားဥပဒေနေရာမှာ ‪စီမံခန့်ခွဲနိုင်သောအမိန့်‬ နဲ့ အစားထိုးလာကြတယ်။
‪ “‎ဥပဒေကဲ့သို့အာဏာတည်သောအမိန့်‬ ” ဆိုတာမျိုးတွေပေါ့။

တရားဥပဒေမှာ လူတစ်ယောက်ချင်းစီရှိသင့်တဲ့ လူ့အခွင့်အရေးပေါ်အခြေခံပြီး ရေးဆွဲသတ်မှတ်ကြတယ်။ 
“စီမံခန့်ခွဲနိုင်သောအမိန့်” က လူအများ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု့အတွက် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို လျစ်လျူရှု့ သတ်မှတ်လေ့ရှိတယ်။

ကျနော်တို့နိုင်ငံမှာ အာဏာရှင်အစိုးရတွေက သူတို့ရဲ့အုပ်ချုပ်မှု့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စီမံခန့်ခွဲမှု့အာဏာကိုအလွန်အကျွံ သုံးစွဲခဲ့ကြရင်းက “တရားတဲ့ဥပဒေ စိုးမိုးမှု ကင်းမဲ့” လာခဲ့ရတယ်။

အဲဒီအခါမှာ ပြည်သူကလည်း ဥပဒေအပေါ်လေးစားလိုက်နာမှု နဲပါးလာသလို
 ဥပဒေဘက်တော်သား ပြည်သူ့ဝန်ထမ်းနာမည်ခံတွေကလည်း
 ဥပဒေကိုအလွဲသုံးပြီး စားဝတ်နေရေးကို ဖြည့်ဆည်းခဲ့ကြတယ်။
 ဒီလိုနဲ့ တရားတဲ့ဥပဒေကင်းမဲ့တဲ့ နိုင်ငံဖြစ်တည်ခဲ့ရတာပေါ့။

ဘယ်လိုဖြေရှင်းကြမလဲ ? အဓိက နံပါတ်တစ် ဆောင်ရွက်ရမှာကတော့ တရားတဲ့ဥပဒေကိုစတင် ဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို ရပ်တန့်ပစ်ဖို့ပါပဲ။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ အာဏာရှင်ကျဆုံးတဲ့နေ့ဖြစ်ဖို့  မြန်မာပြည်သူပြည်သား အားလုံးပေါ်မှာ တာဝန်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts