News Yan Naung (Bo Ta Htaung)

Yoogane Myanmar ဆိုင်သစ်ဖွင့်ပွဲ ပြုလုပ်

Yoogane Myanmar ဆိုင်သစ်ဖွင့်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)       မိုးမခ     စက်တင်ဘာ ၂၆ – ၂၀၁၅
 
          Yoogane Myanmar ၏ လေးခုမြောက် ဆိုင်ခွဲသစ်
ဖွင့်လှစ်ပွဲကို အဆိုပါဆိုင်တည်ရှိရာ 8th Mile Junction တွင်  စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ (၄)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
 
 
          Yoogane
Myanmar  ဆိုသည်မှာ ကိုရီးယားအစားအသောက်များကို
မြန်မာနိုင်ငံ မှ စားသုံးသူ မိဘပြည်သူများကို အရသာထူးခြားစွာ စီမံဖန်တီးရောင်းချပေးနေသော
ကိုရီးယား ဖရန်ချိုက်စ် စားသောက်ဆိုင်ဖြစ်သည်။ Yoogane ကိုရီးယားစားသောက်ဆိုင်၏ အခြားစားသောက်ဆိုင်များနှင့်မတူ
ထူးခြားသော Concept မှာ စားသုံးသူများရှေ့တွင် ဟင်းလျာများကို စားဖိုမှူးများမှ ချက်ပြုတ်စီမံပေးခြင်း
ဖြစ်သည်။ 

 

 
Yoogane Korean Restaurant သည် ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် စတင်အခြေချတည်ခဲ့ပြီး
ကိုရီးယား နိုင်ငံ၏ နံပါတ်တစ် Chicken Galbi Restaurant လည်း ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံအပါအဝင်
ကိုရီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဖိလစ်ပိုင်၊ထိုင်း၊ဗီယက်နမ်၊တရုတ် နှင့် စင်္ကာပူ
နိုင်ငံတို့တွင် ဆိုင်ခွဲပေါင်း ၁၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။
 
          Yoogane
Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ  Mr.
Chan Su Park က ယခုကဲ့သို့ ပြောပြခဲ့သည်။ ` ကျနော်တို့ ဒီ ယူဂါးနဲ ဆိုင်ကို မြန်မာနိုင်ငံတွင်
ဆိုင်ခွဲပေါင်း(၇)ဆိုင်မှ (၁၀)ဆိုင်အထိနှင့် Mini Chicken Galbi (Bibira) ဆိုင်အငယ်စား
၇၀ ကျော်ခန့်ကို ဆက်လက်ဖွင့်လှစ်ရောင်းချသွားဖို့ ရည်ရွယ်ထားပါတယ်။လက်ရှိမှာတော့ ရန်ကုန်မြို့
ရှိ ပုလဲကွန်ဒို၊ဂျမ်းရှင်းမော်တင်၊ ကိုးမိုင် အိုးရှင်း စူပါစင်တာ နှင့် ၈မိုင် တို့တွင်
ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး မကြာမီ မြန်မာပလာဇာ တွင် ထပ်မံ ဖွင့်လှစ်ရောင်းချသွားမှာ
ဖြစ်ပါတယ် ။ဒီ့အပြင် မန္တလေးမြို့တွင်လည်း မကြာမီထပ်မံဖွင့်လှစ်မည်  ဖြစ်သည် ´ ဟု ပြောပြခဲ့သည်။      
   

 

 

          ထို့နောက်
ဆိုင်တာဝန်ရှိသူများက ဆိုင်သစ်အားဖဲကြိုး ဖြတ်ကာဖွင့်လှစ်ပေးခဲ့သည်။
          ယူဂါးနဲ
မြန်မာ ၏ အသစ်ထပ်မံ ဖွင့်လိုက်သော ရှစ်မိုင် ဂျမ်းရှင်းတွင် Cheese Fondue  ဟင်းလျာနှင့်အတူ အရသာ ထူးခြားသော ဟင်းလျာများကို
ယူဂါးနဲ ဆိုင်ခွဲများတွင် စက်တင်ဘာလ ၂၆ ရက်နေ့ မှစတင်၍ သုံးဆောင်နိုင်ပြီ ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts