သတင်းပဒေသာ

ငြိမ်းချမ်းရေးလက်ထိုးဖို့ အပြီးသတ်ညှိနှိုင်းနေချိန်ဖြစ်သော်လည်း ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်းနေဆဲ

 
ငြိမ်းချမ်းရေးလက်ထိုးဖို့ အပြီးသတ်ညှိနှိုင်းနေချိန်ဖြစ်သော်လည်း ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်းနေဆဲ
စက်တင်ဘာ ၂၅၊ ၂၀၁၅

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ တပ်မဟာ(၃) နယ်မြေတွင် လိုင်ကာ ဇွပ်ဂျာကျေးရွာတွင် ယခုအထိ တိုက်ပွဲပြင်း ထန်နေဆဲဖြစ်ပြီး ပြန်လည်ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များ အယောက် ၂၀၀ ခန့်သည်လည်း ယခုအချိန် မိုင်းခေါင်စစ်ဘေးဒုက္ခသည်များတွင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဒေသခံများမှဆိုသည်။

အချို့ကျေးရွာများတွင် ပိတ်မိနေသည့် ဒေသခံများ အယောက် ၁၀၀ ခန့်ရှိနေနိုင်သေးကြောင်းလည်း သိရသည်။

အဆိုပါဒေသတွင် စက်တင်ဘာလ ၁၈ ရက်နေ့မှတိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ယနေ့မနက် စက်တာဘာလ ၂၂ ရက်နေ့တွင် လည်း နံနက် ၅ နာရီခန့်မှ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းဆိုသည်။

အစိုးရစစ်တပ်မှ ယမန်နေ့တွင်လည်း အင်အားတိုးမြင့်လျှက်ရှိသည့်အတွက် တိုက်ပွဲသည် ပို၍ ပြင်းထန်လာနိုင်ကြောင်း ဒေသခံများမှသုံးသပ်နေကြသည်။

မိုင်းခေါင်စစ်တပ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းသည် ကျော်ချင်းကပ်လျှက်ရှိပြီး မိုင်းခေါင်စစ်တပ်မှ ယခု တိုက်ပွဲဖြစ်ရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အဆိုပါဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်များ သည် လည်း ကြောက်ရွှံ့နေကြကြောင်း လည်း သိရသည်။

အစိုးရတပ်စခန်း အင်းအားတိုးချဲ့လာသည့်အတွက် ကေအိုင်အေဘက်မှ လိုင်ကာဇွပ်ဂျာကျေးရွာမှ နေရာဖယ်ထားရ ကြောင်းလည်း သိရသည်။

ဓာတ်ပုံ။။ namlimpa myithtoi မှ ကူးယူသည်။

မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်းများသို့ ထွက်ပြေးလာကြသည့်ဒုက္ခသည်များ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts