ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ကြိုးမိန့်သံ

  ရန်လင်းအောင် – ကြိုးမိန့်သံ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ရင်ခုန်သံ တသွေးတည်း
ရင်ဘတ်တွေ တသားတည်း
ကိုယ့်အရောင် သူ့အရောင်
အသံဆင်တူ
Link ချိတ်ထားတယ်။

မကောင်းသူထိပ် ကောင်းသူထိပ်ဟေ့
ခြေကျူးခြေဖြတ်
လက်ကျူးလက်ဖြတ်
မိစ္ဆာနှင်ခန်းမှာ
ပရိတ်အထာအသွင်ဆန်းတွေနဲ့
ပါပတရား ဖြူခါ ပြာခါ ခဝါကျသွားအောင်
ကြိုးမိန့်ပေးမယ့်
ဖဲကြိုးရောင်စဉ်တွေ  ……

ရန်လင်းအောင်

Photo : aung htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts