News Yan Naung (Bo Ta Htaung)

Curl Fix Mascara အလှကုန်ပစ္စည်းသစ် Etude House မှ မိတ်ဆက်ခဲ့

Curl Fix Mascara အလှကုန်ပစ္စည်းသစ် Etude House မှ မိတ်ဆက်ခဲ့
 
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ
စက်တင်ဘာ ၂၂ – ၂၀၁၅

 

 

 

 

 
       Etude House မှ အသစ်ထပ်မံထုတ်လုပ်လိုက်သော
Curl Fix Mascara အသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့)  နေ့လယ် ၁ နာရီတွင် ဂျမ်းရှင်းမော်တင်၌ ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ Mascara သည် တနေ့တာလုံး ပုံစံမပျက်ပဲ
ကော့ညွှတ်ခြင်း၊မျက်တောင်တချောင်းချင်းစီအား ထူထဲကော့ညွှတ်စေခြင်း၊Waterproof Effect
ရှိခြင်း၊ အတွင်းပိုင်းမျက်တောင်များကို ထိထိမိမိ ထူထဲကော့ညွှတ်စေခြင်း စသည့် အကျိုးထူးများ
ရရှိနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
          ထိုမိတ်ဆက်ပွဲတွင် မော်ဒယ် Dancer များ ၏
ဖျော်ဖြေမှု နှင့်အတူ အဆိုတော်အောင်ထက်နှင့် မိစန္ဒီတို့ကလည်း  သီဆိုဖျော်ဖြေခဲ့ကြသည်။

 

          Etude House မှထုတ်လုပ်သောအလှကုန်ပစ္စည်းများအား
မြန်မာနိုင်ငံအတွင်း La Source Trading Co.Ltd
မှတင်သွင်းဖြန့်ချိလျက်ရှိကြောင်းလည်း ထပ်မံသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts