Ni July ကဗျာ

နီဇူလိုင် – “ဒေါင်း တဲ့လား”

နီဇူလိုင် – “ဒေါင်း  တဲ့လား”
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

တောအုပ်ထဲမှာ
တိရိစ္ဆာန်အချင်းချင်း..အမျိုးသားရင်ကြားစေ့ဖို့တဲ့
ဒေါင်းက ..ကျီးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက…ခွေးအကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက…ခြင်္သေ့ ကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက…မြေခွေးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းအချင်းချင်းကတော့…နောက်မှ…နောက်မှပေါ့လေ..။

လဒတွေကတော့ အခြေအနေကို ရစ်ဝဲ… ရစ်ဝဲနဲ့ကြည့်လို့.။
ဒေါင်းက တွေးတယ်..။
ခွေးအတွေ.. ကျီးတွေ… ခြင်္သေ့ တွေ.. မြေခွေးတွေဟာ.. ဒေါင်းမူ ဒေါင်းကျင့်တွေ ရလာရင်…။
ဒေါင်းစိတ် ဒေါင်းအတွေးတွေနဲ့.. အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့နိုင်မယ်ပေါ့…။

အခုတော့..
ကျီးတွေ
ခွေးအတွေ
ခြင်္သေ့တွေ
မြေခွေးတွေဟာ
ကျီးကျင့်
ခွေးအကျင့်
ခြင်္သေ့ကျင့်
မြေခွေးကျင့် မဖျောက်ပဲတောင်
ဒေါင်းယောင်ဆောင်တတ်လာပြီ..။
အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့မှာ..
ဒေါင်းအတုတွေ… ကလို့
လဒတွေဟာလဲ..
ကောင်းကင်တယံလုံး.. ပျံဝဲလို့..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts