News Yan Naung (Bo Ta Htaung)

Samsung Myanmar မှ ကလေးဒေသခံများ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အခမဲ့ စစ်ဆေးပေး

Samsung Myanmar မှ ကလေးဒေသခံများ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းများ
အခမဲ့ စစ်ဆေးပေး
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ ။ စက်တင်ဘာလ   ၁၆ – ၂၀၁၅
 
          ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများ၏  အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထိပ်တန်းအီလက်ထရွန်နစ်ကုမ္ပကြီးတစ်ခုဖြစ်သည့် Samsung Myanmar မှ ကျွမ်းကျင်ပညာရှင်များက အခမဲ့ သွားရောက်စစ်ဆေး ပြုပြင်ခဲ့ပါသည်။
 
          Samsung Myanmar မှ ကျွမ်းကျင်ပညာရှင် ၇ ဦးပါအဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကလေးမြို့ပေါ်ရှိ Samsung ၏  Dealer ဆိုင်ကြီးဖြစ်သည့် အားမန်သစ်အီလက်ထရွန်နစ်ဆိုင်တွင် အခြေစိုက်၍ အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာများကို အခမဲ့ စစ်ဆေးပြုပြင်ပေးခဲ့ပါသည်။ ပြုပြင်စစ်ဆေးလိုသည့် ပစ္စည်းများကို သယ်ယူလာရန် အခက်တွေ့နေသူများအတွက်လည်း ကြိုတင်စီစဉ်ထားသည့် မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပြုပြင်ပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
          ` အစက ဒီလိုမျိုး တစ်နိုင်ငံလုံးမှာ လုပ်ဖို့အတွက် ရေဘေးသင့်တဲ့ ဒေသတွေက Samsung Dealer တွေကို
စုံစမ်းကြည့်တယ်။ တော်တော်များများက သူတို့ဒေသတွေမှာ မြို့ပေါ်တွေမှာ ရေသိပ်မကြီးဘူး။ မြို့စွန်ရပ်ကွက်တွေ ကျေးရွာတွေမှာပဲ ဖြစ်တာကြောင့် ဒီလိုလာလုပ်ပေးဖို့ အရမ်းကြီးမလိုအပ်ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ကလေးမှာကျတော့ တစ်မြို့လုံးမြို့ပေါ်တွေပါမကျန် ရေမြုပ်သွားတာကြောင့် ဒီက Dealer ဆိုင်ကလည်း ဒီလိုအစီအစဉ်မျိုးလာမယ်ဆိုရင် လာခဲ့ပါလို့ ပြောတာကြောင့် လုပ်ဖြစ်တာပါ။ ´ ဟု Samsung Myanmar မှ မမေမိုးဦးက ပြောပြခဲ့သည်။
         
အဝတ်လျှော်စက်၊ ရေခဲသေတ္တာ စသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဦးစားပေးပြုပြင်ရန် ရည်ရွယ်ရခြင်းမှာ
အဆိုပါပစ္စည်းများသည် ရေလွှမ်းမိုးချိန်တွင် ရွှေ့ပြောင်းရခက်ခဲသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ Samsung ကျွမ်းကျင်အဖွဲ့အနေဖြင့် Samung အမှတ်တံဆိပ်များသာမက အခြား အမှတ်တံဆိပ်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။
          Samsung ထုတ်ကုန်များအနက်မှ Dealer ဆိုင်တွင် တစ်နှစ်အတွင်း ဝယ်ယူထားသူများကို လက်ခနှင့် ပစ္စည်းဖိုး
အခမဲ့ဖြင့်လည်းကောင်း၊တစ်နှစ်ကျော်နေသည့် ပစ္စည်းများကို လက်ခအခမဲ့ဖြင့်လည်းကောင်း ပြုပြင်ပေးပါသည်။
         
ထို့အပြင် Samsung Myanmar သည် ဩဂုတ်လ ၇ ရက်နေ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ ဖြစ်သည့် ဆန်အိတ် ၊သောက်ရေသန့်ဘူးတို့အား လက်ပံတန်း၊သုံးဆယ်မြို့ နှင့် သာယာဝတီမြို့ အနီးတဝိုက် ရေဘေးသင့်ဒေသ ၈ ခုသို့ သွားရောက်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရောင်းချရသော Samsung ၏ တရာဝင်ထုတ်ကုန်များဖြစ်သည့် မိုဘိုင်းဖုန်း နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများမှ ရရှိသော ငွေပမာဏမှ တစိတ်တပိုင်းအား ရေဘေးသင့်ပြည်သူများကို ကူညီပေးမည့် #SaveMyanmar  #BetterTogether လှုပ်ရှားမှုအစီအစဉ်ဖြင့်လည်း ရေဘေးကယ်ဆယ်ရေးပံ့ပိုးမှုများအတွက်
ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း ထပ်မံသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts