ကဗျာ အောင်ဝေး

အောင်ဝေး – အေ ၀း တ ည် က န် ေ ဘ ာ မ် ာ း ( ၃ နဲ့ ၄ )

အောင်ဝေး – အေ ၀း တ ည် က န် ေ ဘ ာ မ် ာ း ( ၃ နဲ့ ၄ )
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅

( ၃ )

ရွေးကောက်ပွဲဝင်ဖို့ 
ပါတီထောင်မယ်
၂၀၂၀။

နာယက နှစ်ဦးထားမယ်
မဟတ္တမဂန္ဒီ နဲ့ 
ချေဂွေဗားရား။

ဥက္ကဋ္ဌက
ငုယင်ဗန်ထရွိုင်း
အထွေထွေအတွင်းရေးမှူးက
ဂျိမ်းဖွန်ဒါ။

ကိုယ်က
သာမန်ပါတီဝင်လေးပေါ့ ။

ရွေးကောက်ပွဲနိုင်လို့ 
အစိုးရဖွဲ့ ရင်တော့
ကျနော် သမ္မတ လုပ်မှာနော့။ ။

(၄)

“ချုပ်နေ့ ကျူးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု
ကျီးကဲ့သို့ လျှင်၊ မတွေးချင်။
ခင်ပုပ်လည်း ငှက်
ညဉ့် လည်း နက်
ထွက်၍တိုက်ခိုက်သည်တကား”
(ေ မာ င် သာ ရ )

ဘ၀တွေက
စုပ်စုပ်ချုပ်လို့ 
စုံးစုံးမြုပ်ပြီ။
ခင်ပုပ်ငှက်မဟုတ်လို့ 
ထွက်မတိုက်ကြတာလား။
ညဉ့် မနက်သေးလို့ 
ထွက်မတိုက်ကြတာလား။

ဤလိုပုံနှင့်
မိုးကြီးချုပ်လျှင်
ကျွန်ုပ်အိမ်ပြန်ရောက်မည်
မဟုတ်ပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts