သတင်းပဒေသာ

စေတုတ္တရာ ရေဘေးမှတ်တမ်း ဓာတ်ပုံပြပွဲ ကျင်းပမည်

စေတုတ္တရာ ရေဘေးမှတ်တမ်း ဓာတ်ပုံပြပွဲ ကျင်းပမည်
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၅

မြန်မာနိုင်ငံတဝှမ်း ကြုံတွေ့ခဲ့ရသည့် ရေကြီးမှုများtwGif; ရေဘေးဒဏ်သင့်ခဲ့ရသည့် မကွေးတိုင်း စေတုတ္တရာမြိုနဲ့ မြို့နယ် တဝိုက် ရေဘေးကာလမှတ်တမ်းဓာတ်ပုံများကို “ရေအောက်က ကုန်းထလာခဲ့ရတဲ့ မြို့ကလေး သို့မဟုတ် စေတုတ္တရာ..” အမည်ဖြင့် ၄ ရက်ကြာ ဓာတ်ပုံပြပွဲ ပြုလုပ်မည် ဖြစ်သည်။  တင်ဆက်မည့်ဓာတ်ပုံဆရာမှာ မိုးမခမိတ်ဆွေ ကလောင်တဦး ဖြစ်သည့် ကဗျာဆရာ ငြိမ်းဝေ (ကဗျာ့အိုးဝေ) ဖြစ်သည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ Think Art Gallery တွင် လာမည့်စက်တင်ဘာ (၂၇-၃၀) တွင် ကျင်းပမည့် အဆိုပါ ပြပွ္ပဲ်၌ စေတုတ္တရာ ရေဘေးကယ်ဆယ်ရေးကာလအတွင်း ကဗျာဆရာ ကိုငြိမ်းဝေကိုယ်တိုင် သွားရောက်ရိုက်ကူးထားသည့် မှတ် တမ်းတင်ပုံများနှင့် သူ၏ အခြားစိတ်ကြိုက် ဓာတ်ပုံဟောင်းတချို့ကိုစုပေါင်းကာ တင်ဆက်မည် ဖြစ်သည်။ ရေဘေးမှတ် တမ်းပုံများမှာ မှတ်တမ်းတင်ပြသခြင်းသာဖြစ်ပြီး အခြားအလှဓာတ်ပုံများကိုသာ ရောင်းချခြင်းမည်ဖြစ်သည်။  ရောင်းဈေးများ မှာ ငွေကျပ် လေးသောင်းကနေ တစ်သိန်းကျပ်အထိသတ်မှတ်ထားပြီး ရောင်းချ၍ရရှိသည့် ငွေကြေးမျုးကို ကုန်ကျစရိတ်နှုတ် ကာ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်က ကဗျာဆရာပါ၊ ဓာတ်ပုံဆရာလည်း မဟုတ်ပါဘူး။  ဝါသနာအရ ဓာတ်ပုံရိုက်ကူးဖြစ်တာပါ။  ဒီလို ဓာတ်ပုံပြပွဲ သီး သန့်လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။  ဒါပေမဲ့ မေလလောက်တုန်းက ကျွန်တော် ခရီးသွားဆောင်းပါးရေးဖို့ရည်ရွယ်ချက်နဲ့ စေတုတ္တရာမြို့ဆီရောက်ခဲ့ပါယတ်။  ဒီမြို့ကလေးရဲ့ ရေးဘေး ဒုက္ခကို ဘယ်အတိုင်းအတာအထိ ခံစားခဲ့ရတယ်ဆိုတာကို တွေ့မြင်ပြီး စာနာစိတ်ဖြစ်ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြပွဲကိုစီစဉ်တာပါ။  ကုန်ကျစရိတ်နှုတ်ပြီး ကျန်တာ အားလုံးကို လှူဒါန်းသွားမှာပါ။  အဓိကလှူဖို့ ရည်ရွယ်ထားတာက ရေဘေးအထိဆုံး ရွာ နှစ်ရွာပါ။  များများရောင်းပြီးရပြီး အလှူငွေလည်း များများရတယ်ဆိုရင်တော့ သီးသန့်လှူဒါန်းပါမယ်။ အဲဒီလိုမဟုတ်ခဲ့ဘူးဆိုရင် အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီး လှူဒါန်းသွား မှာပါ” ဟုလည်း ကဗျာဆရာ ကိုငြိမ်းဝေက စာနယ်ဇင်းသို့ ပြောသည်။

ကဗျာဆရာ ကိုငြိမ်းဝေ၏ တရားဝင် လူမှုကွန်ရက် Facebook စာမျက်နှာတွင်လည်း ဓာတ်ပုံပြပွဲအကြောင်းကို အောက်ပါ အတိုင်း ရေးသားဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

ဆွေမျိုးများအားလုံးကို တလေးတစား ဖိတ်ပါတယ်။ ကျနော်တို့ရဲ့ ဓာတ်ပုံပြပွဲ လက်ကမ်းကြော်ငြာ ဖိတ်စာပါ။  A-4 သုံး ခေါက် ချိုး စာမျက်နှာ ခြောက်ခု ကြော်ငြာပါ။  ၂၇၊ ၉၊ ၂၀၁၅ ကနေပြီး ၃၀၊ ၉၊ ၂၀၁၅ အထိ ကြော်ငြာထဲ ပါတဲ့အစီစဉ်အတိုင်း ခင်းကျင်းပြသမှာပါ။ ရောင်းချရန်ပြသတဲ့ ဓါတ်ပုံ အနည်းဆုံး ၅၀ နဲ့ စေတုတ္တရာနဲ့ စေတုတ္တရာမြို့နယ်ထဲက ရေဘေးဒ ဏ်ခံစားခဲ့ကြရတဲ့ ကျေးရွာများရဲ့အခြေအနေအမှန်များကို ကိုယ်တိုင်ကွင်းဆင်း ရိုက်ကူးခဲ့ကြတဲ့ ဓါတ်ပုံ ၂၅၀ ကို ခင်းကျင်း ပြသထားမှာဖြစ်ပါတယ်။  ဖွင့်ပွဲနေ့မှာ  ကြွရောက်လာသူများထဲက ကံထူးသူကို ၄၀၀၀၀ ကျပ်တန် ဓာတ်ပုံတစ်ပုံကို ကံစမ်းမဲ ဖောက်ပြီး လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံပြပွဲကျင်းပရေးအဖွဲ့က  ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ သတင်းအချက် အလက်တချို့လည်း ရှင်းပြမှာပါ။  စေတုတ္တရာနဲ့ပတ်သက်တဲ့  ကဗျာတချို့လည်း ရွတ်ဆိုမှာပါခင်ဗျား။  လာရောက်အားပေး ကူညီကြဖို့  လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

(ခင်မင်သူများ လိုအပ်သလို တဆင့်ဖြန့်ဝေ ရှယ်ပေးကြပါရန်လည်း အကူအညီတောင်းအပ်ပါတယ်။)

ငြိမ်းဝေ (ကဗျာ့အိုးဝေ) @ Nyein Wai နှင့်
ဓာတ်ပုံပြပွဲကျင်းပရေးအဖွဲ့

≠≠≠≠≠

ရေဘေးသင့် ဓါတ်ပုံပြပွဲအတွက် ရောင်းချဖို့ ရွေးချယ်ထားတဲ့ ဓာတ်ပုံ ၅၀ အနက်က ၂ ပုံကိုမိတ်ဆက် တင်ပြလိုက်ပါတယ်။

ပုံ (၁) မြို့ကလေးသို့အဝင်
ပုံ (၂) ဘဝတိုက်ပွဲ ရဲရဲနီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts