စာအုပ်စင်

ရန်ဝင်း (တောင်တံခါး) ၏ သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ထွက်မည်

ရန်ဝင်း (တောင်တံခါး) ၏ သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ထွက်မည်

မိုးမခ စာအုပ်စင် ။ စက်တင်ဘာ ၁၁၊ ၂၀၁၅
မိုးမခတွင် သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ ဆောင်းပါးများရေးသားနေသည့် ဝိုင်းတော်သား ကလောင် တဦးဖြစ်သူ ဆရာ ရန်ဝင်း (တောင်တံခါး) / ဒေါက်တာကျော်ကျော်ဝင်း ၏ “သမိုင်းအစဉ်လာနှင့် ရိုးရာယဉ်ကျေးမှု ဆောင်းပါးများ” စာအုပ် စက်တင်ဘာ လကုန်မှာ ထွက်ရှိမည် ဖြစ်ကြောင်း သိရ၍ မိုးမခ စာဖတ်ပရိသတ်အား ဝယ်ယူဖတ်ရှု သိမ်းဆည်းနိုင်ရင် ထပ်ဆင့် အသိပေး လက်တို့လိုက်ရပါသည်။
မိတ်ဆွေအပေါင်းတို့ခင်ဗျား…
ကျွန်တော့် စာအုပ်သမိုင်းအစဉ်လာ နှင့် ရိုးရာယဉ်ကျေးမှု ဆောင်းပါးများ၊ ဒေါက်တာကျော်ကျော်ဝင်း သည် စက်တင်ဘာလ၊ ၂၀၁၅၊ လကုန်ပိုင်းတွင် ထွက်ပါမည့်အကြောင်း သတင်း ပေးအပ်ပါသည်။ အမှာစာ ကို စာရေးဆရာကြီး ဘိုးလှိုင် (ဒေါက်တာတင်လှိုင်) က ရေးပေးပါသည်။
မဂ္ဂဇင်း ဆိုက်ကြီးအရွယ်၊ စာမျက်နှာ ၄၀၀
ပုံနှိပ် – ကြီးပွားရေး ပုံနှိပ်တိုက် (လူထု)၊ မန္တလေးမြို့
ရောင်းဈေး – ကျပ် ၇၀၀၀
ရန်ဝင်း (တောင်တံခါး) @ YangyiaungWin Taung Da Gar

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts