Han Thit Naing သတင်းပဒေသာ

NLDမှနော်လှလှစိုး မင်္ဂလာဒုံတပ်နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

 

NLDမှနော်လှလှစိုး မင်္ဂလာဒုံတပ်နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်

နော်လှလှစိုးသည် NLD ပါတီကိုယ်စားလှယ် အဖြစ် အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဘက်များမှာ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ပါတီနှင့် ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးပါတီ ပါတီ ၄ခုနှင့်ယှဉ်ပြိုင်မည်ဟု စက်တင်ဘာ ၉ရက်တွင် နော်လှလှစိုးမှ မိုးမခသို့ပြောသည်။

မင်္ဂလာဒုံမြို့နယ်သည် တပ်နယ်မြေဖြစ်သော် လည်း ဝင်ပြိုင်ဖြစ်သည့်အကြောင်းကို နော်လှလှစိုးမှပြောပြရာတွင် မင်္ဂလာဒုံမြို့နယ်မှ NLD ပါတီဝင်များသည် အရမ်းတက်ကြွမှုရှိကြပြီး ပြည်သူလူထုထောက်ခံမှု အများအပြားရှိနေ ကြောင်း၊ မင်္ဂလာဒုံတွင် အဖွဲ့ချုပ်သည် အပြတ် အသတ်နိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။

နိုင်ငံရဲ့ပြောင်းလဲမှုကို လူတိုင်းလိုချင်ကြ တယ်၊ အလွှာအသီးသီးကပါ။ ဆင်းရဲပြီး မပြေလည်တဲ့သူတွေကလည်း ပြောင်းလဲချင်သလို တကယ့်ပညာတတ်အသိုင်းအဝိုင်းကလည်း ပြောင်းလဲမှုကို သူတို့လည်းသိကြတယ်၊ အားလုံးကအရမ်းကို တမ်းတအစာငတ်နေ ကြတယ်ဟုပြောသည်။

NLDပါတီမှ ဦးဆောင် ခေါင်းဆောင်သူသည် ကမ္ဘာမှအသိမှတ်ပြုထားသူဖြစ်ပြီး ကိုယ်တိုင်လည်း ဝင်ရောက်အရွေးချယ်ခံ မည်ဖြစ်သောကြောင့် အောင်နိုင်ရေးတွင် ပါတီဝင်များ၊ ကိုယ်စားလှယ်များ အားလုံး ပုံအောပြီး ကြိုးစားသွားမည်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း၊ အမျိုးသားလွှတ် တော်ထဲရောက်လျှင် လည်းပြည်သူအတွက် အကျိုးရှိစေမည့် ဥပဒေများကို ပြင်ဆင်အတည်ပြု ပေးသွားမည် ဟုလည်း နော်လှလှစိုးမှပြောသည်။

 

နော်လှလှစိုးသည် ၂၀၁၄ နှစ် အောက်တိုဘာက ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများက စိတ်ဝင်စားမှု နည်းသည့်အပြင် မဲဆန္ဒရှင်များကလည်း တဦးချင်း မဲပေးခွင့် မရဘဲ တအိမ်ထောင် တမဲသာ ပေးခွင့်ရခဲ့သည်။ စည်ပင်သာယာရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီနှင့် စစ်အုပ်စု ကျောထောက်နောက်ခံများ၊ ၀န်ထမ်းဟောင်းများသာ အရွေးခံခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts