ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် ကဗျာစာအုပ် ထွက်မည်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၅
မြန်မာနိုင်ငံ ဒေသအနှံ့မှ ကဗျာဆရာ တစ်ရာကျော်ပါဝင်ရေးသားထားပြီး စာပေချစ်သူများအဖွဲ့ စာပေနှင့်ပရဟိကွန်ရက်မှ စီစဉ်ထုတ်ဝေသည့် “ရှိုက်သံ – ရေဘေးသင့်စာနာမှုကဗျာများ”အမည်ရကဗျာစာအုပ်ကို တစ်အုပ် ၂၀၀၀ ကျပ်နှုန်းဖြင့် ၂၀၁၅ စက်တင်ဘာ ၂၀ ရက်နေ့ဝန်းကျင်တွင် ထွက်ရှိမည်ဖြစ်သည်။
ထိုကဗျာစာအုပ်ထွက်ရှိလာလျှင်လည်း ရန်ကုန်မြို့လှည်းတန်း တံတားအောက်၊ မန္တလေးမြို့ကျုံးဘေးတွင်ခင်းကျင်းပြီး စာ အုပ်များကို ရောင်းချပေးမည်ဖြစ်သည်။ နယ်ဝေးမှ လိုချင်သောစာပေချစ်သူများအနေဖြင့် ဖြန့်ချိရေးဖုန်း – ၀၉-၄၀၂၅၀၅၀၂၉ ၊ ၀၉-၂၅၆၂၆၄၆၇၃ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ စာအုပ်ရောင်းချရသည့်ငွေအားလုံးကိုလည်း ရေဘေးသင့်ပြန်လည်ထူထောင်ရေးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းပေးပို့သူ – ချမ်းမြ