သတင်းဆောင်းပါး

ဝတ်မှုန် (စင်္ကာပူ) – မြန်မာကျပ်ငွေတန်ဖိုးနှင့် အိမ်ခြံမြေစီးပွားရေး

ဝတ်မှုန် (စင်္ကာပူ) – မြန်မာကျပ်ငွေတန်ဖိုးနှင့် အိမ်ခြံမြေစီးပွားရေး

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၅

လွန်ခဲ့တဲ့ ၃နှစ် ကမ္ဘာ့ရေနံဈေးကျမယ်၊ စီးပွားရေးကျဆင်းမယ် ဆိုကတည်းက ကမ္ဘာ့နိုင်ငံများ အိမ်ခြံမြေတွေ ထိုးရောင်းလို့ ဈေးကျသွားပြီး ဝယ်မဲ့သူ မရှိဖြစ်သွားပါသည်။ တကယ်ပဲ အမေရိကားမှာ ကျောက်ခဲတွေကနေ ရေနံနဲ့ဓါတ်ငွေ့ စက်ရုံတွေ Shale Oil & Gas စရိတ်သက်သာစွာ ထုတ်နေကြသောကြောင့်  ကမ်းလွန်ရေနံလုပ်ငန်းတွေ ဆက်မလုပ်ဖြစ်ပဲ ရေနံစိမ်းဈေး ၂၀၁၄ တွင်  တဝက်ဈေးထိ တကယ်ကျဆင်းသွားပါသည်။ စက်သုံးဆီ ဈေးတွေလည်း တဖြေးဖြေးကျဆင်းသွာပါသည်။

သို့သော် အံ့သြစရာ မြန်မာလူထု ကမ္ဘာ့အခြေအနေကို ဒုံးကဲယား Done Care လုပ်ပြီး ဝိသမလောဘ စီးပွားရေးသမားများ ထောင်ချောက်ထဲ ပြေးဝင်လာကြသည်။  ကမ္ဘာ့ဈေးနှုန်း ဂရုမစိုက်တဲ့ အစိုးရကလည်း ဘာမှမတတ်နိုင်  ဘာမှမလုပ်နိုင်တော့ပဲ ၂နှစ်လောက် ဝုန်းဒိုင်း အိမ်ခြံမြေဈေးကွာက် ဖြစ်သွားခဲ့ပါတယ်။ အစိုးရက ဈေးကွက်စီးပွားဖွင့်ပေးပြီ ဖြစိလို့ အိမ်ဈေးတွေ ကမ္ဘာ့ပေါက်ဈေးထက် ၅ဆ နီးပါး တက်သွားတာ နောက်ဆုံးတော့ လူလတ်တန်းစားနဲ့ ဆင်းရဲသား တွေပဲ ခံလိုက်ရပါပြီ။

၂၀၀၁ အစိုးရသစ် တက်လာပြီးတဲ့နောက် အိမ်ခြံမြေဈေးတွေ အရမ်းတက်လာလို့ နားလည်တတ်ကြွမ်းသူများက ၂အိမ်ရှိရင် တအိမ်ကို ရောင်းချပြီး ဒေါ်လာတွေ ကိုင်တားပါသည်။ အခု ခေတ်ကောင်းမှာ ရောင်းချနိုင်သူများ လေချွန်နိုင်ပါပြီ။ နိုင်ငံရေးအကျဉ်းသား စစ်အာဏာရှင်ဟောင်း  မြေး၊ မြစ်များက  အာဏာရှိစဉ်က ရထားသော ရန်ကုန်စည်ပင်နယ်နမိတ်များက မြေများစွာ ရောင်းပြီး၊ ADG ဘဏ် ရှယ်ယာအများစုကိုဝယ်ပစ်လိုက်နိုင်ပါသည်။

၁၉၉၈ ခုနှစ်တုန်းကလည်း လူလတ်တန်းစားတွေ မြေကွက်တွေ ငွေထုတ်နဲ့လဲ  အကြီးကျယ် အရောင်းတက်ခဲ့ဖူးပါသည်။ Asean Finicial Crisis ဖြစ်ခဲ့သည်။ မြန်မာပြည်တွင်း အိမ်ခြံမြေ ဈေးတက်လာပြန်ပြီး တနှစ်အတွင်းမှာ ဝယ်မိသူများ၊  အကြွေးတွေ ဗလပွတင်ပြီး မြေကွက်တွေ ရောင်းမရ၊ ဈေးထိုးကျသွားခဲ့ဖူးပါသည်။ ယခု ၂၀၁၁ အိမ်ခြံမြေတွေ တမဟုတ်ခြင်း တက်သွားတော့ ဝယ်ရောင်းလုပ်ရင်း လူလတ်တန်းစားများသာ  ရောင်းမရတဲ့ တိုက်ခန်းတွေနဲ့ ကျန်ရစ်ပြန်ပါပြီ။ ၂၀၁၁ ကတည်းက နားလည်တတ်ကြွမ်းသူများက မဝယ်ကြဖို့ အကြံပေးမှုကို မလိုက်နာတော့ အခု ဝယ်ထားသူများ ငွေတွေ ပျောက်သွားပါသည်။  ကန်ထရိုက် တိုက်ခန်း မြေရှင်၊ ကန်ထရိုက်တာတွေလ်း ပြီးအောင် မဆောက်နိုင်ပဲ ကန်ထရိုက်တာ ပြေးတဲ့အခြေအနေတွေ ဖြစ်နေပါတယ်။

မြန်မာကျပ်ငွေ 1990 တုန်းကပေါ့ဗျာ။

အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်

စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်

တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်

2007 သံယာအရေးအခင်းကျတော့

အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်

စင်ကာပူတစ်ဒေါ်လာ  ၉၀၀ကျပ်

တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်

2011

အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်

စင်ကာပူတစ်ဒေါ်လာ  ၆၂၀ကျပ် .. ဟိုက်၊ကျလှချည်လား…

တိုက်ခန်းတစ်ခု ၅၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်

2015 နှစ်လည် ရောက်ပါပြီ၊

အမေရိကန်တစ်ဒေါ်လာ ၁၃၀၀ကျပ်

စင်ကာပူတစ်ဒေါ်လာ  ၉၂၀ကျပ်

တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၁၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၁၅၀၀ကျပ်၊၊ ဒန်ပေါက်တစ်ပွဲ ၂၂၀၀ကျပ်

(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။

မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိလာသည်။ ၂၀၁၅တွင် ၁၂၀ ဘီလျံအထိ တိုးတက်လာခဲ့သည်။  နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2013-14 တွင် 3.5 billions ရရှိပြီး၊ 2014-15 တွင် စံချိန်တင် 8 billion ရရှိခဲ့သည်။ ၂၀၁၅ အတွက်  6 billion မှန်းထားသည် ဟု မြန်မာရင်းနှီးမြှတ်နှံမှုကော်မတီမှ ဆိုသည်။ ။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။  သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။

နိုင်ငံခြားရင်းနှီးမှုတွင် ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ အလုပ်သမားများကို အလုပ်ပေးနိုင်ခြင်းမှာ ကုန်ထုတ်လုပ်ငန်း စက်ရုံများ ဖြစ်သည်။ ထိုကဏ္ဍတွင် FDI ရင်းနှီးမြှတ်နှံမှုများ ၂၀၁၃ တွင် ၁.၇၅ ဘီလျံ၊ ၁၀၁၄ တွင် ၁.၅ ဘီလျံ့ ရှိလာသောကြောင့် အလုပ်ကိုင်အခွင့်လမ်း အနည်းငယ်ရှိလာသော်လည်း အလုပ်လက်မဲ့များပြားနေဆဲ ဖြစ်သည်။ အစိုးရမှ ၂၀၁၅ အနိုမ့်ဆုံးလစာ တနာရီ ကျပ်၄၅၀၊  တစ်ရက် ကျပ်၃၆၀၀ (၈နာရီ) သတ်မှတ်လိုက်ခြင်းမှာ အလုပ်သမား ၁၅ယောက် အောက်ရှိသော ကုန်ထုတ်လုပ်ငန်းများနှင့် မဆိုင် ဟုဆိုသည်။

တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ ယခု ပြုပြင်ပြောင်းလဲမှု အစိုးရသစ် ၅နှစ်ကာလအတွင်း ကျပ်ငွေ ၁၃၀၀ အထိ ဈေးပြန်ထက်လာသည်။  နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ.. ဓါတ်ငွေ့ ၊ ရေနံ၊  ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။

ကျပ်ငွေ ရာဇဝင်

မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။  ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။

အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။

 

ကျပ်ငွေသမိုင်း ဇယားကို့မှတ်တမ်းတင်ပါသည်။

ကျပ်ငွေတန်ဖိုး အရှင်သတ်မှတ်ပြီ

၂၀၁၁ တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို ရပ်ဆိုင်းနိုင်ပြီး၊ ဗဟိုဘဏ်ကို ဈေးကွက်စီးပွားရေးအရ ငွေတန်ဖိုး ညှိနှိုင်းသတ်မှတ်စေခဲ့သည်။

ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာနေပါသည်။ ၂၀၁၄ တွင် ရေနံဈေးနှုန်း 50% ကျဆင်းသွားသောကြောင့် ကမ္ဘာ့ကမ်းလွန်ရေနံလုပ်ငန်းများ အခြေအနေမကောင်းပါ။ ၂၀၁၅ တွင် ရေနံဈေး ထိန်းထားနိုင်သော်လည်း ကမ္ဘာ့စီးပွားရေး နာလံမထူနိုင်သေးပါ။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများ မကြုံစဖူး ဈေးတက်ခဲ့ပါသည်။

ယခုအခါ အိမ်စေယခု စင်ကာပူတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင့် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။ မြန်မာများစွာ ပြည်တော်ပြန် ကိုယ်ပိုင်လုပ်ငန်း ကန်ထရိုက်လုပ်ငန်းများလုပ်ကိုင်ကြသည်။ ပညာအရည်ချင်းရှိသူ၊ လုပ်ငန်းကြွမ်းကျင်သူများအတွက် မြန်မာပြည်တွင် လုပ်ကိုင်အဆင်ပြေလာကြသည်ကို တွေ့ရသည်။ သို့သော်  ပညာအရည်ချင်း နဲပါးသူများ၊ လူသစ်များ လခစား လုပ်လိုသများစွာလည်း ပြည်ပသို့ တသဲသဲ ထွက်နေဆဲဖြစ်သည်။ အထူးသဖြင့် အစိုးရအလုပ်သမား ဝန်ကြီးဌာနမှ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းပေးသောကြောင့် ထိုင်း၊ မလေးရှား သို့သွားရောက်လုပ်ကိုင်သူ များပြားနေဆဲ ဖြစ်သည်။

စင်ကာပူ

မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။

GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။

 မြန်မာနိုင်ငံ GDP ထိုးတက်လာရာတွင်  နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ  (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။  http://fx.sauder.ubc.ca/etc/USDpages.pdf  ၊

အမေရိကန်ဒေါ်လာ

 အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ မြန်မာပြည် ပြည်တွင်းအခွန်ငွေ ရရှိလာသောကြောင့်  ပြည်ပရောက်မြန်မာများထံမှ အတင်းအကြပ် ၁၀% ၀င်ငွေခွန်ကောက်စရာမလိုတော့ပါ။ စင်ကာပူတွင် ရိုးသားစွာ အလုပ်လုပ်သော မြန်မာများမှာ တစ်နှစ်လျင် US$ 300-1200 အထိ အခွန်ပေးရသည်။   April 2012 မှစတင်ပြီး မြန်မာအစိုးရသည်ကမ္ဘာအခွန်ဥပဒေကိုလိုက်နာပြီဖြစ်သည်။ ပြည်ပရှိမြန်မာများကိုအခွန်၂ထပ်မကောက်တော့ပါ။ ၂၀၀၆မှစပြီး စင်ကာပူမှ Double Tax Avoidance အခွန်၂ထပ်မကောက်ရန်ကြိုးစားခဲ့သော DTASG အဖွဲ့အားမှတ်တမ်းတင်ပါသည်။

လွန်ခဲ့သော 21-sep-2013 အချိန်က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို သမ္မတဦးသိန်းစိန်စတင်ခဲ့ချိန်ဖြစ်သည်။  မြန်မာအစိုးရသစ်သည် ငွေကြေးကြွမ်းကျင်သော Wold Bank, IMF, ADB, EU စသည့် ကမ္ဘာ့အဖွဲ့အစည်းများ၊ ဂျပန်၊အမေရိကန်၊ ကိုးရီးယာနှင့်အရှေ့တောင်အာရှနိုင်ငံများ၊ ဂျော့ချိဆိုးရိုး အပါဝင် တစ်ဦးချင်ပုဂ္ဂိုလ်များ ဖြင့်တိုင်ပင်လုပ်ဆောင်ခဲ့ရာ အခြေအနေကောင်းခဲ့သည်။ ကျပ်ငွေတန်ဖိုး ခိုင်မာလာသည်။ ယခု ၂နှစ်ကြာသောအခါ ကျပ်ငွေဈေးနှုန်းသည် အမေရိကန်ငွေကြေးခိုင်မာမှုကြောင့်တစ်ကြောင့် မြန်မာ့ကျပ်ငွေဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။  စင်ကာပူဒေါ်လာဈေးမှာသိပ်မတက်လှပါ။ မြန်မာပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ ထင်သလောက် မထိမ်းချုပ်နိုင်သောကြောင့် ငွေကြေးဖေါင်းပွမှု၊ အိမ်၊မြေ၊ခြံဈေးနှုန်းအလွန်ကြီးမြင့်မှုများ ဖြစ်ပေါ်နေသည်။ ကန်ဒေါ်လာကို လွတ်လပ်စွာကိုင်တွယ်နိုင်သောကြောင့် အသစ်ချက်ချွတ် ကန်ဒေါ်လာများကိုင်ပြီး စီးပွားလုပ်ကိုင်နိုင်သလို၊ မြန်မာကျပ်ငွေ ၅ထောင်၊ တစ်သောင်းတန်များလည်း ပေါ်လာပြီး ကျပ်ငွေလည်သိက္ခာတက်လာပါသည်။ မြန်မာနိုင်ငံအစိုးရသည် ငွေကြေးကိစ္စများကို အထူးကြွမ်းကျင်သူ ပရိုဖက်ရှင်နယ်များလက်သို့ ထည့်လိုက်ခြင်းဖြစ်သည်။ ခရိုနီ၊မနိုပိုလီ ငွေရှင်၊လုပ်ငန်းရှင်ကြီးများကလည်း ကျပ်ငွေဈေးကိုထိန်းချုပ်ရန်ကြိုးစားမည်မှာ သဘာဝကျပါသည်။ သို့သော် အမျိုးသားစိတ်ရှိပြီး၊ ငွေကြေးကျွမ်းကျင်သူ၊ အုပ်ချုပ်ရေးကျွမ်းကျင်သူ မြန်မာလူမျိုးများ၊ ခေါင်းဆောင်များကျေးဇူးဖြင့် ကျပ်ငွေတန်ဖိုးဆက်လက်ခိုင်မာရန်မျှော်လင့်ပါသည်။

ငွေကြေးတန်ဖိုး ဖောင်းပွခြင်း Inflation ဆိုသည်မှာ ဆင်းရဲနိုင်ငံများတွင် အလွန်များပြားပြီး မထိန်းနိုင်၊ ငွေစက္ကူများကို ဗဟိုဘဏ်မှ ထိန်းချုပ်ရိုက်ထုတ်ရပါသည်။ ဥပဒေကြီးစိုးလာပါက နိုင်ငံတစ်ခု (မြန်မာနိုင်ငံ) ဘဏ်များအတိုးနှုန်းထက် မြန်မာကျပ် ငွေကြေးဖောင်းပွနှုန်း နိုမ့်နေပါက ကျပ်ငွေတန်ဖိုးမြင့်မည်။   ၂၀၁၂ အချိန်က ကမ္ဘောဇဘဏ်တွင် 8.5% ဖြင့် အပ်နှံငွေ ၉၆၄သိန်း သည် ကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှသည် (ဇယားအရ)။  ၃နှစ်အတွင်း အတိုးအရင်း ငွေစုစုပေါင်း သိန်းပေါင်း ၁၂၃၁ ဖြစ်လာမည်။ စီးပွားလုပ်တတ်သူများ ကမ္ပဏီများသည် ၂၀ရာနှုံးအထိ အမြတ်ရအောင် လုပ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံ သဘာဝအရ ၂၀၁၁ နောက်ပိုင်း ကျပ်ငွေ တန်ဖိုးကျလာပါသည်။ စီးပွားရေးသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ် တည်နေပါသည်။ ယခု ၂၀၁၅ သြဂုတ်လတွင် အစိုးရသစ် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ရွေးကောက်ပွဲ နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်ရန်အတွက် အာဏာရပါတီနှင့် အတိုက်ခံ အင်အယ်ဒီပါတီ၊ တိုင်းရင်းသားပါတီများ ပြင်ဆင်နေခြင်းကြောင့် စီးပွားရေး မတည်ငြိမ်ပဲ ကန်ဒေါ်လာငွေ တမဟုတ်နှုန်း 1US$ = Kyat 1300 အထိ ဈေးတက်လာသည်။

ကန်ဒေါ်လာ ဈေးတက်မှု  တနည်းအားဖြင့် မြန်မာကျပ်ငွေ အဆက်မပြတ်ဈေးကျမည်ကို မည်သည့်နည်းနှင့်မျှ တားတီးမရတော့ပါ။ ကမ္ဘာ့ ဖွံဖြိုးဆဲ စစ်အာဏာအစိုးရ အဂတိလိုက်စားမှုများ ဖြစ်နေကျ အလားအလာအရ နောက် ၃နှစ်အကြာ ၂၀၁၈ တွင် ကျပ် ၂၀၀၀ အထက် သေချာပေါက် ဖြစ်မည်။ ဒီတော့ သိန်းတစ်ထောင်တန် တိုက်ခန်းတစ်လုံး နောက်၃နှစ်ဆိုရင် သိန်းတစ်ထောင်နဲ့ပဲ ရောင်းရမရမည် ဆိုရင်တောင် US$ ဒေါ်လာ ၇သောင်းခန့် အရှုံးပေါ်တော့မယ် ဖြစ်ပါသည်။  ဒါကြောင့် တိုက်ခန်း၊ အိမ်များကို ငှားရဖို့ပဲ လုံးပမ်းနေတဲ့ ကာလဖြစ်ပါသည်။

 

ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts