ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း(၅)

 

ဗိုလ်ထက်မင်း –  ဒီမိုကရေစီက နုနု၊  မုန်တိုင်းက ထန်ထန်  – အပိုင်း(၅)

(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅

 

၃၆။ ဦးရွှေမန်းရဲစိတ်ထဲမှာ ဥပဒေပြုအာဏာအထက်မှာ မိုးကောင်ကင်ဘဲ ရှိတယ်လို့ခံယူထားသလို ၊ သူရဲ့မူရင်းပြောနေကြ ရေပန်းစားခဲ့တဲ့ ဥပဒေရဲ့အထက်မှာဘယ်သူ့မှမရှိရဘူးလို့  ဆိုတဲ့အတွက် အစိုးရအုပ်ချုပ်ရေးကဏ္ဏကို ဝေဖန်လာတယ်။ သိမ်းဆည်းလယ်ယာမြေကိစ္စ၊ အလုပ်သမားအခြေခံလစာနှူံးထား သတ်မှတ်တဲ့ ကိစ္စတွေမျိုးမှာ အစိုးရနှေးတယ်ဆိုပြီး သူက ဖိအားပေးလာတယ်။ အစိုးရလုပ်နေတဲ့ငြိမ်းချမ်းရေးစင်တာဟာ ဘတ်ဂျက်လဘယ်လိုသုံးနေတာလဲဆိုပြီး၊  သူပေးမယ်ဆိုကာ နိုင်ငံခြားထောက်ပံ့မှူနဲ့ လှည့်ပတ် သုံးတါကိုထောက်လာလို့ဦးအောင်မင်း ရှဲူးရှဲူးရှဲရှဲဖြစ်ကာ လွှတ်တော်ကို သွားရှင်းရပါတယ်။ ဆက်သွယ်ရေးလိုင်စင်ကိစ္စ သူ့ရဲ့သား လုပ်နေတဲံ့ လုပ်ငန်း ထိခိုက်မှာကို စိတ်ပူဟန်တူပြီး ကန့်လန့်တိုက်ထားလို့ဝန်ကြီး အသစ်ပူပူနွေးနွေး ဦးမြတ်ဟိန်းက အမြန်ချပေးဖို့လာပြောယူရပါတယ်။

 

၃ရ။ ဦးရွှေမန်းဟာ လွှတ်တော်ကိုထောက်မဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့အား ဖြုတ်ချခဲ့ပါတယ်။ စာရင်းစစ်ချုပ်လူမှန်ကြီးဦးလွန်းမောင်က လျှို့ဝှက်သတင်း ဦးရွှေမန်းကို ယုံကြည်စွာပြောထားပေမဲ့ စည်းမထားဘဲ  ဦးရွှေမန်းက ဖေါက်သည်ချလိုက်လို့နှူတ်ထွက်သွားရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၆ပွင့်ဆိုင်ကိစ္စအစိုးရကို ပြည်ထောင်စုလွှတ်တော်ပါဝါသုံးကာ ဖိအားဆက်တိုက်ပေးခဲ့တယ်။ နယ်တွေဆင်းတဲ့အခါ ဦးရွှေမန်းဟာ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖိအားပေးကာ အုပ်ချုပ်ရေးကိစ္စမှာ ဝင်စွက်ဖက်လာလို့  ကယားပြည်နယ်ဝန်ကြီးချုပ် နှူတ်ထွက်ရသည်အထိ ဖြစ်လာတယ်။ သမ္မတဦးစီး ဝန်ကြီးချုပ်များ၊ ဝန်ကြီများထဲမှ အသံဗလံထွက်လာကာ ပါတီကထွက်ကြမယ်လုပ်လို့ဦးရွှေမန်းအရှိန်ပြန်သတ်လိုက်ရတယ်။ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်း ဝန်ကြီးတွေကို ပါတီရဲ့ အမတ်လောင်းစာရင်းကနေ သူက ဖြုတ်ခိုင်းတဲ့အတွက် ကော်မရှင်မှာ တသီးပုဂ္ဂလိကဖြစ်သွားရသလို ဦးစိုးသာက ထွက်မယ်လုပ်လို့ ဆွဲထားရတာမို့ပါတီတွင်းက သူ့ကို မကျေလည်သူ များလာတယ်။ 

 

၃၈။ ဦးရွှေမန်းဟာ ဦးသိန်းစိန်ပြန် အရွေးခံမှာကို စိုးရိမ်နေပြီး ကျန်မားရေးအကြောင်းပြချက်နဲ့ ကာယကံရှင်ကိုယ်တိုင် ပြောလာစေဖို့ သွယ်ဝိုက်ဖိအားပေးလာတယ်။ သူရဦးအောင်ကို မှတဆင့် သမ္မတစာတစောင် ရောက်လာဖို့ရှိတယ် ဆိုတာ အရိပ်အမြွက် ပြောခိုင်းတာမျိုး လုပ်လာတယ်။ ဦးသိန်းစိန်ပြန်အရွေးခံရင်တောင် ပါတီပြန်လာလို့မရအောင် ဥက္ကဌရာထူးကို၂၀၁၆ ခုနှစ်ကျမှ ပြန်ရွေးမှရမယ်လို့ အသံထွက်ခိုင်းတယ်။ 

 

အလားတူဦးမောင်မောင်သိမ်းကို သမ္မတ၊ဟာ ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြုပြီး မဝင်ဘူးလို့ ပြောခိုင်းလာတယ်။ ဒါပေမဲ့ဦးသိန်းစိန်က ရွေးကောက်ပွဲမဝင်ဘဲ တပ်ကတင်တဲ့သမ္မတ လုပ်မယ်လို့ပြောလိုက်တော့  ဦးရွှေမန်းအကြပ်ရိုက်သွားတယ်။ ဦးသိန်းစိန်ရေဘေးသွားလှူုဒါန်းတာနဲ့ စပ်လျဉ်ပြီးဘယ်ငွေနဲ့လှုတာလဲ ဆိုပြီး ပေါ်တင် တိုက်ခိုက်လာတယ်။ ရေကူးအသံလွှင့်ရုံကိစ္စလည်း ဦးရဲထွဋ်က စိန်ခေါ်တဲ့အထိဖြစ်လါတယ်။

 

၃၉။ ဦးရွှေမန်းပြောတဲံ့ ညွှန့်ပေါင်းအစိုးရစနစ်အရ သွားမယ်ဆိုရင် တပ်မတော်ရဲ့ဘတ်ဂျက်လိုမျိုး၊ အရေးကြီးတဲ့အခြေခံဥပဒေတွေကို ဇွတ်တရွတ်ပြင်မှာကို တပ်မတော်က စိုးရိမ်နေဟန်လည်း တူပါတယ်။ တပ်မတော်ရဲ့သဘောထားက လောလောဆယ် ပုဒ်မ၄၃၆၊ ၅၉(စ) တို့ကို ပြင်ဖို့မရှိသေးဘူးလို့တပ်ချုပ်က  ဗွီအိုအေနဲ့တွေ့ဆုံခန်းမှာပြောထားလျှက်သားနဲ့ ဇွန်လက တပ်မတော်သားကိုယ်စားလှယ်တော်တွေကို ဦးရွှေမန်းဟာ သီးသန့်ခန်းမထဲ ခေါ်သွင်းပြီး ၇၅%နဲ့ ကျေနပ်ဖို့ပြင်ဖို့ ဖိအားပေး လုပ်ခိုင်းလာတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှာ တပ်မတော်ကိုယ်စားလှယ်မပါအောင် ထားခဲ့တယ်။ ဦးရွှေမန်းက အခြေခံဥပဒေပြုပြင်ရေးမှာ တပ်က အတားအဆီးဖြစ်နေတဲ့ အသွင်မျိုး ဝေဖန်လာတယ်။

 

၄၀။ တပ်မတော်သားများကလည်း ဂျာနယ်တွေမှာ သစ္စာဖေါက်လို့တန်ပြန်ဝေဖန်လာတယ်။ အခြေခံဥပဒေပြင်ဆင်ရေး မဲဆန္ဒပေးခိုင်းရာမှာ လူထုအား တပ်ကို လက်ညှိးထိုးစေဖို ဖန်တီးတာဖြစ်တယ်လို့ပြောလာတယ်။ တပ်မတော်သားများက ပြည်ခိုင်ဖြိုးပါတီဟာ ယခင်မဆလပါတီလို ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့ ပုံစံဖြစ်နေလို့ ပါတီပြန်ဖွဲ့သင့်တယ်ဆိုပြီး အသံဗလံဆူညံလာလို့  တပ်ချုပ်က တပ်မတော်သားကိုယ်စားလှယ်တွေကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ခဲ့ရတယ်လို့ စစ်ရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

 

၄၁။ ဒါပေမဲ့ ဦးရွှေမန်းကိုယ်တိုင် အကြိမ်ကြိမ်မဲပေးတာဟာ ဥပဒေချိုးဖေါက်တဲံ့အတွက်  ဇေယျာသီရိမဲဆန္ဒနယ်မှ တပ်မတော်သားမိသားစု၁၇၀၀ခန့်က ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးဖို့ ဇူလိုင်လ၂၄ရက်နေ့က လက်မှတ်ထိုး တိုင်ကြားလာတယ်။ ဦးရွှေမန်းက ဘီဘီစီအင်တာဗျုးခန်းမှာ ဒီတိုင်စာဟာ  တစုံတယောက်ရဲ့ဖိအားကြောင့် ဖြစ်နိုင်တယ်ဆိုတာ သံသယ ရှိတယ်။ သူဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရဲတယ်။ သူ့နောက်မှာ ဒေါ်စု ဆိုတာထက် ပြည်သူရှိတယ်လို့ ပြောလိုက်ရာမှာ အခြေအနေ ပိုမိုတင်းမာသွားတယ်။  သူရဦးအောင်ကို က သူရဘွဲ့ဟာ အချင်းချင်းတိုက်ရတာဖြစ်လို့  ဂုဏ်ယူစရာမကောင်းဘူးလို့ ပြောလိုက်ရာ  တပ်အတွင်း ဂယက်ရိုက်သွားတယ်။ သူက ပါတီအတွင်း ကွဲလွဲမှူတွေ ပြန်လည်ရင်ကြားစေ့လို့မရတော့ဘူးလို့ ဆိုပါတယ်။

 

၄၂။ ဦးရွှေမန်းက တဆင့်မှာခိုင်းတဲ့ လျှို့ဝှက်အစည်အဝေးတခုမှာ သတင်းလုံခြုံမှူဂရုစိုက်ရန်လိုကြောင်း၊ သတင်းပေါက်ကြားသွားလို့ စိတ်ဆိုးနေကြောင်း၊ တပ်ကပြောင်းလာမဲ့အရာရှိများကို တချို့မဖြစ်မနေ လက်ခံ ရတာက လွဲလို့ကျန်သူများကိုတိုင်ပင်ကိုက်ထားသည့်အတိုင်း ဖြတ်ချမည်ဖြစ်ကြောင်း ဆိုပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အသစ်များ ကြိုဆိုတဲ့အခမ်းအနား ပါတီဌာနချုပ်မှာကျင်းပခဲ့ရာ တပ်က ၁၄၃ ဦးပေးထားသော်လည်း ၅၉ဦးသာ ရွေးချယ်ခံရလို့ တင်းမာမှူမြှင့်တက်သွားပြီး ယင်းညကျမှာ ချေမှူန်းခံရပါတယ်။ သမ္မတက ဥက္ကဌချိန်းတဲ့စာထုတ်ပြီး ရွေးထုတ်ထားတဲ့ (ဝန်ကြီး၊ဒုဝန်ကြီး) ငြိမ်းတွေကို ရဲတပ်ဖွဲ့များနဲ့ ခြံရံကာ ညကျောင်းလုပ်နေတဲ့ ပါတီဌာနချုပ်ကို ဝင်ရောက်စီးနင်း ညတိုက်ပွဲ ဆင်နွဲခဲ့ပါတယ်။

 

၄၃။ အစိုးရအကြောင်းပြတာက ပါတီအတွင်းလုပ်ဆောင်မှူတွေဟာ ပွင့်လင်းမြင်သာမှူနည်းပြီး ဦးရွှေမန်းဟာ သူ့သဘောသူ လုပ်တာများကါ လျှို့ဝှက်ကိစ္စတွေ ပေါက်ကြားတဲ့အပြင် ပါတီရံပုံငွေသုံးစွဲတာကအစ သံသယဖြစ်လာလို့ပါတီအကြံပေးနာယကတွေက သမ္မတထံ စာရေးတိုင်ကြားရာမှ စတင်ပြီး အရေးယူဆောင်ရွက်ရတယ်လို့ဆိုပါတယ်။ ဒါဆိုရင် ပါတီနဲ့တပ်က တိုင်စာ ၂ ကြိမ်ရှိလို့ အရေးယူတဲ့သဘော ဖြစ်ပါတယ်။ ဦးရွှေမန်းကို ကိုင်တွယ်ဖို့ စောစောပိုင်းက တကြိမ်ကြိုးစားခဲ့ပေမဲ့ ဦးအောင်သောင်း ရုံးမှာ အဝင်အထွက်ရှိနေတာမို့ သူ့ကိုပါ ရောသမမွှေလိုက်က တန်ပြန်တိုက်စစ်ဆင်လာရင် မထိမ်းနိုင်ဘဲ နိုင်ငံတည်ငြိမ်မှု ထိခိုက်လာနိုင်တာမို့ အသာနောက်ဆုတ်ခဲ့ရတယ်လို့ ပါတီဌာနချုပ်နဲ့နီးစပ်တဲ့သူများထံမှ သိရပါတယ်။

 

၄၄။ အထက်ပါဖြစ်စဉ်တွေကြောင့် ပါတီကို ဝင်ရောက်စီးနင်းဖို့အစိုးရနဲ့တပ်မတော်က မူလကတည်းက ညတိုက်ပွဲစီမံချက် ကြိုတင်ရေးဆွဲထားဟန်တူတယ်လို့မကြာသေးကလေးကမှ အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီးတစ်ဦးတွေ့ဆုံခွင့်ရတုံး စာရေးသူနဲ့ အပြန်အလှန်ဆွေးနွေးသုံးသပ်ရင်း အဲဒီအဖြေထွက်တာမို့ အမြင်ခြင်းနီးစပ်ပါတယ်။ အရေးပေါ်ထလုပ်ရင် သွေးစွန်းတာမျိုးဖြစ်နိုင်ပြီး ကြိုတင်စီမံချက်ဆွဲထားလို့သာ မြန်မြန်ပြီးသွားလို့ဖြစ်ပါတယ်။ စစ်ဆင်ရေးဆောင်ရွက်ပုံမှာ လုံခြုံရေးဆိုင်ရာအကြောင်းပြပြီး ရဲအင်အားကို ခေါ်သုံးတာဟာ ပါတီကိစ္စ ဖြစ်နေတဲံ့အတွက် ဥပဒေနဲမညီညွှတ်ဘူးလို့ နှစ်ဦးစလုံးက မြင်ပါတယ်။ ရဲဆိုတာက ပါတီအတွင်း သတ်ပွဲချပွဲဖြစ်မှ၊ တိုင်ချက်ဖွင့်မှသာ ရဲကို ခေါ်တာ သဘာဝကျပါတယ်။ ယခင်လူတွေ လုပ်နေကြပုံစံမျိုး ကျင့်သုံးတာ တွေ့ရလို့ ပြည်သူလူထုရဲ့ ယုံကြည်မှူပုံရိပ် ကျဆင်းသွားတယ်။ 

 

၄၅။ စာရေးသူတို့နှစ်ဦးတို့  ဒီဖြစ်စဉ်မှာ ဦးသန်းရွှေ ပါဝင်ပတ်သက်မှူ ရှိ၊မရှိ နဲ့ စပ်လျဉ်းပြီးဆွေးနွေးကြရာ သူက တိုက်ရိုက်အမိန့်ပေးတာမျိုး၊ သမိုင်းတရားခံအဖြစ်မခံဘဲ တပ်ထုံးစံသဘောအရ လုပ်ခါနီးကျမှ (သမ္မတ/တပ်ချုပ်) တစ်ဦးဦးက၊ အထူးကိုယ်စားလှယ်စေလွှတ်ကာ အသိပေး massageပေးလို့ဖြစ်စေ၊ ဒီထက်ပိုလုပ်နိုင်တာက ပုဂ္ဂိုလ်ရေးရာ/ အရာရှိအတွင်းရေး အစီရင်ခံစာလိုမျိုးတင်ပြခဲ့ပြီးမှ သူကမီးစိမ်းပြလို့စစ်ဆင်ရေးစတာဖြစ်တယ်၊ဦးသန်းရွှေက နိုင်ငံရေးဝင်မစွက်ဖူးလို့ ထိပ်သီးတွေက လေသံ ထွက်ကြပေမဲ့  မင်းတို့ ညီညီညွှတ်ညွှတ်လုပ်ကြ ဆိုတာက အသံဗလံတွေ သူ့အနားရောက်နေတော့ စိတ်မချမ်းမသာဖြစ် နေလို့ ဒီစကားထွက်တယ်လို့ ယူဆပါတယ်။ ထိပ်သီးတွေ အခါကြီးရက်ကြီး သွားကတော့တာမျိုးအချိန်မှာ ဦးရွှေမန်းကိစ္စ  ကြိုတင်စကားနှပ်ကြောင်းပေးထားပြီးဖြစ်တယ်။ စစ်သဘောအရ searching fire  (တုံ့ပြန်မှူကိုသိချင်လို့ အစမ်းသဘောမှန်းပစ်ခြင်း) ပစ်ကြည့်ရာ ဦးသန်းရွှေဆီက အထက်ပါစကားထွက်လာ တာဖြစ်နိုင်ပါတယ်။ 

 

၄၆။ နေ့ခင်းမလုပ်ဘဲ ညတိုက်ပွဲ ဘာကြောင့်လုပ်ရတာလဲဆိုတော့ – ပါတီဟာ ညကျောင်း ဆိုတဲ့ တပ်လို ဆွေးနွေးပွဲတွေ ညမှာ အမြဲလုပ်နေကြဖြစ်ပါတယ်။ ခေါင်းဆောင်တွေစုတဲ့အချိန်၊ ဦးရွှေမန်းတို့ မရှိတဲ့အချိန်၊ အတွင်းက တိုင်စာတင်ထားတဲ့ ပါတီဝင်တွေနဲ့ အစိုးရလွှတ်လိုက်တဲ့ ပါတီပြောင်းဝန်ကြီးတွေနဲ့ ဟန်ချက်ညီ လုပ်လိုက်တာဖြစ်တယ်။ စစ်ဆင်ရေးညတိုက်ပွဲလုပ်ရတာဟာ ကော်မရှင်က သတ်မှတ်ရက်နဲ့ကပ်နေလို့ အင်အားသုံးလိုက်တာဖြစ်ပေမဲ့ ပါတီအတွက်တော့ အမဲစက်ကြီးဖြစ်တယ်လို့နှစ်ဦးစလုံးသုံးသပ်ကြပါတယ်။ ဦးရွှေမန်းက  တပ်ကပြောင်းလာတဲ့အရာရှတွေ ပါတီမှာ များများလက်မခံရတဲ့ အကြောင်းရင်း သူ့မှာရှိနိုင်ပေမဲ့စာရေးသူတို့နှစ်ဦးက သိပ်များများ လက်မခံတာကို သဘာဝကျတယ်လို့မြင်ပါတယ်။

 

၄၇။ ဒီလိုညတိုက်ပွဲဖြစ်ရတဲ့အတွက် တာဝန်ရှိသူသုံးဦးကတော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း၊ ဦးဌေးဦး သာဖြစ်တယ်။ ပါတီဥက္ကဌတာဝန်ဝတ္တရား၊ လွှဲပြောင်းလက်ခံ၊ လုပ်ထုံးလုပ်နည်း၊ ပါတီစည်းမျဉ်း ပွင့်လင်းမြင်သာစွာ မလုပ်ခဲ့လို့ ဒီလိုဖြစ်ပွါးခဲ့ရတာလို့မြင်ပါတယ်။ တပ်မှာ တပ်ရင်းမှူးမရှိရင် ခေတ္တတပ်ရင်းမှူး ဟုခေါ်တွင်ပြီး  သူလွှဲတဲ့ သူကို အချိန်မရွေး လှဲလှယ်ပိုင်ခွင့်ရှိပါတယ်။ ဦးရွှေမန်းကိုလည်း  စတင်ခေါ်ကတည်းက  ပါတီ ခေတ္တဥက္ကဌ လို့ခေါ်ရင် တခါတည်းဇာတ်လမ်းပြတ်သွားနိုင်ပါတယ်။ ဦးရွှေမန်း ပါတီတွင်းမှာ လုပ်ချင်ရာ လုပ်သွားတဲ့ သူ့ရဲ့အာနည်းချက်ကို မပေါ်လွင်ဘဲ အင်အားသုံးဖယ်ရှားလိုက်တာကိုက ဦးရွှေမန်းအပေါ် အမှတ်တက်သွားစေတယ်။ 

 

၄၈။ ဘာဘဲဖြစ်ဖြစ် ဦးရွှေမန်းတကယ်ပြုပြင်ပြောင်းလဲချင်စိတ် ရှိသည်ဖြစ်၊ မရှိသည်ဖြစ်စေ အင်အားသုံး အရေးယူလိုက်ခြင်းဟာ ဒီမိုကရေစီကို တကယ် တပ်မတော်က အသွင်ကူပြောင်းချင်တာ ဟုတ်ပါ့မလားဆိုတာ မေးခွန်းနဲ့ ပြုပြင်ပြောင်းလဲချင်တဲ့အရာရှိများအတွက် မကောင်းတဲ့ပြယုဒ်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့စပ်လျဉ်းပြီး နိုင်ငံရေးလောကနယ်ပယ်မှာ မဟာဗျူဟာအမြင်အမျိုးမျိုးရှိနေကြပါတယ်။ 

 

ဦးရွှေမန်းကို ဗီလိန်မင်းသားကြီး အဖြစ် အသုံးတော်ခံစေကာ ဒေါ်အောင်ဆန်းစုကြည်အား အင်အားစုမတည်ဆောက်နိုင်အောင် ရေရှည်စီစဉ် ထားတဲ့အစိုးရရဲ့မဟာဗျူဟာ၊ 

 

ဦးရွှေမန်း ကိုယ်နှိုက်က ဘယ်သူ့လွမ်းမိုးမှူမှမပါဘဲ တချက်ခုတ်၊သုံးချက်ပြတ်ချင်တဲ့မဟာဗျုဟာ၊ 

 

ဦးရွှေမန်းကို ပထမတော့ power game ကစားခိုင်းပေမဲ့ သူကိုယ်တိုင် အလင်းတန်း စိတ်ကူးမြင်မိသွားပြီး ထိန်းမနိင် သိမ်းမနိုင်ဖြစ်တော့မှ ဇက်ကြိုးဆောင့်ဆွဲလိုက်တဲ့ မဟာဗျုဟာ … တို့ဖြစ်ကြပါတယ်။

 

အဆိုပါမဟာဗျုဟာများအနက် ပထမ မဟာဗျုဟာကို အတိုက်အခံတချို့က စိုးရိမ်စိတ်နဲ့ပြောပေမဲ့ ဖြစ်ရပ်များက မဖြစ်နိုင်တော့ကြောင်း ထင်ရှားစွာတွေ့လာရပါတယ်။ အာဏာရှင်တို့မည်သည် အပြတ်ရှင်းလေ့ ရှင်းထရှိရာ ယခုဖြစ်စဉ်ကို လွှတ်ထားရတာဟာ နိုင်ငံတည်ငြိမ်မှူ ၊ရွေးကောက်ပွဲ ထိခိုက်မခံနိုင်လို့ ခဏလွှတ်ထားတာဖြစ်ပြီး အချိန်မရွေး ကိုင်လို့ရအောင် ပြင်ထားနိုင်ကြောင်း သုံးသပ်တင်ပြလိုပါတယ်။

 

၄၉။ ဦိးရွှေမန်းအနေနဲ့  ဥက္ကဌရာထူးနှစ်ခုလုံး ပူးတွဲကိုင်ခွင့်ရသူပီပီ ပကတိအမှန်ကို မမြင်ဘဲ လိုအပ်တာထက်ပိုပြီး အင်အားသုံးနေလို့ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးခဲ့တယ်။ ဦးသိန်းစိန်ကို လေးစားမှူအနေနဲ့ အရေးကြီးကိစ္စရပ်များကို သူက (အလွတ်/ ပုဂ္ဂိုလ်ရေးရာ) သဘောတင်ပြသင့်တယ်လို့ စာရေးသူတို့ နှစ်ဦးကမြင်ပါတယ်။ ဦးရွှေမန်းဟာ သူရဲ့အကျင့်စရိုက်ဖြစ်တဲံ့ တက်ကြွလှူပ်ရှားသူအသွင်ယူကာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့ စစ်တပ်ကို ဖိအားပေးမယ်၊ အစိုးရကိုတိုက်ခိုက်လာလို့ စစ်မျက်နှာ၂ခုနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ သူထင်သလို သူ့သြဇာမရှိတော့ဘဲ တပ်က ဆန့်ကျင်လာတဲ့အပြင် ပါတီကပါ နောက်ကြောဓါးနဲ့ထိုးတဲ့အတွက် ညတိုက်ပွဲနဲ့ ချေမှူန်းခံလိုက်ရတာ ဖြစ်ပါတယ်။ 

 

၅၀။ လတ်တလောအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီက မဲနည်းနေရင်တောင် တပ်က တင်မဲ့သမ္မတကို  ပူးပေါင်းပေးလိုက်ယုံဖြင့် သမ္မတဖြစ်ဖို့ အခွင့်အရေးရနေသလို ပြန်လည်စုစည်းခိုင်မာအောင် တည်ဆောက် နေပါတယ်။ အတိုက်အခံ NLD ပါတီဘက်ကလည်း တပ်မမှူး (စကခ-၁)အဆင့်လုပ်ခဲ့သူ ၊ ဦးအောင်မင်းနဲ့  တပါတ်စဉ်ထဲက ဗိုလ်မှူးချုပ် စိုးဌေး(DSA-13/ best cadet/ U.S course)၊ ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ကဲ့သို အရာရှိကြီးများ အပါအဝင် တပ်မတော်အရာရှိများကို စည်းရုံးသိမ်းသွင်းကာ ပါဝါတင်ပြီး ဆိုင်ထားတာ ကြောင့် ပွဲကြီးပွဲကောင်း မုန်တိုင်းထန်မဲ့ သဘောရှိနေပါကြောင်း၊ သုံးသပ်တင်ပြလိုက်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း(၅)
  1. ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်
    ဒီဆောင်းပါးဟာ ဖတ်ရကျိုး နတ်ပါတယ်.. တချို့အမြင်တွေကို ကြည်လင်ရှင်းလင်းအောင်မြင် သွားနိုင်တဲ့ ဆောင်းပါ ဖြစ်ပါတယ်…အားလုံး ဆက်လက်ကြိုးစားကြပါစို့…

Comments are closed.