ကဗျာ

ချမ်းမြ – ရွှေပြည်​​အေးရဲ့ည​နေခင်း

ချမ်းမြ – ရွှေပြည်​​အေးရဲ့ည​နေခင်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅

ဝါ ၊ စိမ်း ၊ နီ မီးပွိုင့်​​ နဲ့
မှိုလို​ပေါက်​​နေတဲ့ ဘီယာဆိုင်​​တွေ

ပြိုင်​ကား​တွေ ဆိုင်​ကယ်​​တွေကြားက
မြို့ပြင်​ကိုထွက်​သွားတဲ့စက်​ဘီး​လေး​တွေ

မိုး​မျှော်​တိုက်​ကြီး​တွေ​ဘေးမှာ
ပုံမှန်​အတိုင်းလည်ပတ်​​နေ​တဲ့ နာရီစင်

အပျို​ရည်ပျက်​​နေတဲ့ ည​နေခင်းတိုင်းမှာ
နန်း​တော်​ကြီးက​အေရိုးဗစ်​တီးလုံး​တွေနဲ့
အိပ်​ရာဝင်​ခဲ့ရတဲ့ည​တွေ

ကျွန်​​တော့်​ Mp3 ​လေးထဲမှာ​တော့
ကိုအငဲက “၈၅ ညတမ်းခြင်း”ဆိုတဲ့
သီချင်း​လေးကိုမ​မောနိုင်​မပန်းနိုင်
အ​ခေါက်​​ခေါက်​အခါခါသီဆို​နေ​လေရဲ့……။    ။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ
27/8/2015,9:42am


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts