ဓာတ်ပုံသတင်း

မောင်မောင်သိန်း – မြန်မာပြည်က စာရေးဆရာများ လာ့စ်ဗေးဂတ်စ်နေ ဆရာကြီး မောင်သာရကို တွေ့ဆုံဂါရ၀ပြု

မောင်မောင်သိန်း – မြန်မာပြည်က စာရေးဆရာများ လာ့စ်ဗေးဂတ်စ်နေ ဆရာကြီး မောင်သာရကို တွေ့ဆုံဂါရ၀ပြု
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

အမေရိကန်ပြည်တခွင် စာပေခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညိုတို့ လာ့စ်ဗေးဂတ်စ်မြို့တော်မှာ နေထိုင်ပြီး ကျန်းမာရေးကုသမှုခံယူနေတဲ့ စာရေးဆရာကြီးမောင်သာရကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့ကြပါတယ်။ ဆရာကြီးဟာ လူကြီးရောဂါနဲ့ ကျန်းမာရေးချူခြာနေတာမို့ အဆက်မပြတ် ဆေးကုသစောင့်ကြည့်မှု ခံယူနေရတာကိုတွေ့ရပါတယ်။

စာပေခရီးစဉ် စီစဉ်သူတဦးဖြစ်တဲ့ ကိုမောင်မောင်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ် (ကပ္ပိယထိပ်ပြောင်) မှာ ရေးထားတာက “ဆရာမောင်သာရကို သွားကန်တော့ကြတယ်။ ဆရာ ပျော်လိုက်တာ။ မင်းတို့က ပြန်ကြတော့မှာလားနဲ့ တချိန်လုံးမေးတယ်၊ ၃ ခုါ နှုတ်ဆက်ပြီးမှ ပြန်လာခဲ့ကြတယ်” လို့ ဆိုပါတယ်။

 

မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ ဆရာကြီး
ဦးဘုန်း(ဓာတု)နဲ့ ဆရာကြီး

 

ညီမင်းညိုနဲ့ ဆရာကြီး

(ဓာတ်ပုံများ – ကပ္ပိယထိပ်ပြောင်ဖေ့စ်ဘွတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts