ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – မဟုတ်တာက …… စတယ်

ရန်လင်းအောင် – မဟုတ်တာက …… စတယ်
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

မဟုတ်တာ …
မဖတ်ချင်ကျော်သွားရမတဲ့လား
မဟုတ်တာ …
မတွေ့ချင် ရှောင်သွားရမတဲ့လား

သူခိုးပိုးမထိ
လူကောင်း ဟတ်ထိ
ခေတ်ကြီးကိုက   ခေတ်ကြီးကိုကနဲ့
ပုံထားခဲ့တဲ့ အမှိုက်တွေ တို့ခေါင်းထဲထိကျွံကျလာ
မြွေပါးကင်းပါး ဆူးငြောင့်ဘေးလမ်းများစွာ
စစ်တလင်းမှန်း မိုင်းကွင်းမှန်းသိလျက်နဲ့
နင်းဖြတ်ရမှာလို
မတွေ့ချင် ရှောင်မရ
မနင်းချင် ကျော်မရ
ရှင်းရင်ရှင်း နင်းရင်နင်း
တို့နောက်က တို့ချစ်တဲ့ကလေးတွေ
ငါတို့ ဒီလိုမတွေးရင်
သူတို့ အတွေးထဲ
ငါတို့က ဘာတွေလဲ။ ။

ရန်လင်းအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts