ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဝမ်းနည်းမှတ်တမ်း

  ငြိမ်းချမ်းအေး – ဝမ်းနည်းမှတ်တမ်း
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅
သင်္ကြန်မိုး မမစိမ်း ဒဏ္ဍာရီ နှောင်းရိပ် …
ဂီတချစ်သူ
ရုပ်ရှင်ချစ်သူ
သင်္ကြန်ချစ်သူ
ချစ်ခြင်းမေတ္တာကို ချစ်မြတ်နိုးသူများရဲ့
နှလုံးသား ထာဝစဉ် ဂန္တဝင်တွင်ကျန်ရစ်..
‘နေထွက်သောည’က စ
‘တခါက တဘဝ’
အကောင်းတွေပေး
ဖြတ်သန်းခဲ့သူရဲ့
အနုပညရသကျေးဇူး
အောက်မေ့သတိရ နှုတ်ဆက်လိုက်ပါရဲ့..
ကောင်းရာသုဂတိလားပါစေ..။

ငြိမ်းချမ်းအေ
သြဂုတ် ၂၄၊ ၂၀၁၅


(၂၄-၈-၂၀၁၅ နံနက် ၉ : ၀၅ တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရှာသည့် ထပ်ဆင့်အကယ်ဒမီများရှင် ဒါရိုက်တာမောင်တင်ဦး အတွက် မိုးမခဝိုင်းတော်သားများကိုယ်စား ဝမ်းနည်းနှုတ်ဆက်ဂုဏ်ပြု စကားစု ကဗျာတို ရေးသာလိုက်ရပါသည်။  ခေါင်းစီး ဓာတ်ပုံအတွက် ဒါရိုတာမောင်တင်ဦးရုပ်ရှင်ဆက်စပ်ဓာတ်ပုံများ စုစောင်းမျှဝေခဲ့သူ ကိုသားငယ် (ကိုဇင်ဝေလတ်) ကို အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts