ကဗျာ

ဂီတယွန်းအိမ် – ရှေ့က တစ်အိမ် နောက်က တစ်အိမ်

ဂီတယွန်းအိမ် – ရှေ့က တစ်အိမ် နောက်က တစ်အိမ်
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၅

အဝေးကြီး လှမ်းကြည့်မနေတော့ဘူး …

ကိုယ်ဘယ်လောက်ထိ ပိုင်ဆိုင်နေပြီလဲဆိုတာ၊

စိုးရိမ်စိတ် လွှမ်းမိုးနေတဲ့ သမီးက

မိခင်လူမမာကို လာပြီး အကဲခတ်တယ်၊

အခြေအနေ မကောင်းဘူးထင်ရင် တရားခွေဖွင့်ထားဖို့ …

မေတ္တာတစ်ခါပို့တိုင်း တစ်စုံတစ်ယောက်ကို မေ့နေတတ်တယ် …

အို မဟုက်သေးဘူး …

မေ့နေတာလည်း မသေချာပြန်ဘူး၊

အချင်းချင်း အဆင်မပြေရင် ရန်ဖြစ်တယ်

အဆင်ပြေကြပြီလားဆို ဆောင်းဘောက်သံက မိုင်ကုန်ပဲ၊

ရှေ့တစ်အိမ်က သီချင်းသံ

အနောက်ဘက်တစ်အိမ်က တရားသံ

တစ်ပြိုင်နက်တည်း ခုန်ပေါက်ပြေးလွှားပြီး

ငါ့အခန်းထဲကို ဝင်လာကြတယ်။

စိတ်ရှည်မှုကို တတ်နိုင်သလောက်လေး ပျိုးကြည့်ရင်

အသံတွေ နူးညံ့လာမလားလို့ …

မဝေးဘူး … ဒေါသထွက်တတ်ရင်

နေရာတင် ခေါက်ခနဲ လဲကျသွားနိုင်တဲ့ နေရာမျိုး …

နားလည်တယ် … မုန်းဖို့ မသေချာသေးပေမယ့်

ချစ်လို့ မဟုတ်ဘူး ဆိုတာ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts