News Yan Naung (Bo Ta Htaung)

SAMSUNG GALAXY Note 5 အမှန်တကယ် ထွက်ပြီ

SAMSUNG GALAXY Note 5  အမှန်တကယ် ထွက်ပြီ

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ ။ ဩဂုတ်  ၁၈ – ၂၀၁၅

 

အာကာကျော်၊Bobby Soxer ၊ စိုင်းစိုင်းခမ်းလှိုင်

 

ကိုဇာနည်ဝင်းထက်

 

ကိုဇာနည်ဝင်းထက်၊စိုင်းစိုင်းခမ်းလှိုင်၊ Bobby Soxer,Mr Nam Sik Ahn

 

        Samsung Myanmar မှ   Samsung Galaxy Note 5  ကို မြန်မာနိုင်ငံတွင် ဩဂုတ်လ (၂၃) ရက်နေ့မှစ၍  စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာမှ တာဝန်ရှိသူ ကိုဇာနည်ဝင်းထက် က Samsung Galaxy Note 5 စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

          Galaxy Note 5 ကို မိုဘိုင်းကဏ္ဍတွင် ဦးဆောင်လျက်ရှိသော Feature များဖြစ်သည့် အကောင်းဆုံး ဖုန်းမျက်နှာပြင်နည်းပညာ၊ အရည်အသွေးမြင့် ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးရန်အတွက် အဆင့်အမြင့်ဆုံး ကင်မရာ၊နောက်ဆုံးပေါ်ကြိုးနှင့် ကြိုးမဲ့ မြန်နှုန်းမြင့် အားသွင်းစနစ်တို့အပြင် စွမ်းဆောင်မှုအားမြင့်မားသည့် Processor  တို့ပါဝင်သည့် ပုံစံဒီဇိုင်းနှင့် လုပ်ဆောင်ချက်တို့ဖြင့်  ပေါင်းစပ်ထားပါသည်။တိုးမြှင့်ထားသည့် 4GB RAM ဖြင့် ဈေးကွက်အတွင်း စွမ်းဆောင်ရည်အမြင့်မားဆုံး ပေးစွမ်းနိုင်မည်ဖြစ်သည်။ အသုံးပြုသူများသည် multi-task ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့နေမည်ဖြစ်ပြီး စာတိုပေးပို့လက်ခံခြင်း၊လူမှုကွန်ယက်များတွင် အပ်ဒိတ်တင်ခြင်း နှင့် ဂရပ်ဖစ်ဖန်တီးမှုများစွာ ပါဝင်သော ဂိမ်းများကို ထစ်ခြင်းနှေးခြင်းမရှိဘဲ
ကစားနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

          ဒီဇိုင်းပုံစံအသစ်ဖြင့် ပြုလုပ်ထားသော Galaxy Note5 တွင် multi-task အသုံးများတို့အတွက် sidesync ၊ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသော 5th Genaration S Pen ၏ စွမ်းဆောင်ရည် စသည့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးအဝင်ဆုံး လုပ်ဆောင်ချက်နှင့် ပစ္စည်းများ ပါဝင်ပါသည်။

          “ အသုံးပြုသူအများစု မနှစ်သက်တဲ့အချက်တွေကို စကရင်ဆိုဒ်ကြီးတဲ့ စမတ်ဖုန်းတွေက ပေးနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ ဖန်သားပြင် မြင်ကွင်းအတွေ့အကြုံ၊လမ်းသွားလမ်းလာရင်း
လုပ်ငန်း ပိုမိုဆောင်ရွက်လို့ရလာတဲ့ အချက်တွေနဲ့ အမြဲတမ်း ဖြေရှင်းပေးသွားနိုင်မယ်လို့  ဆမ်ဆောင်းအနေနဲ့ ယုံကြည်ပါတယ်။Note series မှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး DUAL
SIM လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ် ” ဟု ဆမ်ဆောင်းမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ  Nam Sik Ahn မှ ပြောကြားခဲ့ပါသည်။

“ Note5 ထွက်လာတာနဲ့ ကျနော်တို့ရဲ့ ရည်သန်ချက်ဖြစ်တဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ပြတ်သားပြီး ရဲရင့်တဲ့  ဆန်းသစ် ဖန်တီးမှုတွေကို ပြန်လည်အာရုံစိုက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။” 

Galaxy Note5 သည် ဆမ်ဆောင်း၏  Flagship များထဲမှတစ်ခုအပါအဝင်ဖြစ်သော Galaxy NoteLine အားပိုမိုစွမ်းဆောင်ရည် မြင့်မား၍ သုံးစွဲသူစိတ်ကြိုက် ဖန်တီးလုပ်ဆောင်နိုင်စေရန် အံ့ဩမှင်သက်ဖွယ်ရာ ကောင်းလောက်အောင် အဆင့်မြှင့်တင်ထားသော စမတ်ဖုန်းတလုံးဖြစ်ပါသည်။ Galaxy S6 ၏ အစဉ်အလာဒီဇိုင်းအားမှီငြမ်းထားပြီး ကျဉ်းမြောင်းသော ဘောင်နှင့် အနောက်ဘက်တွင်ခုံးထားသော ဒီဇိုင်းကြောင့် လွယ်ကူစွာဖြင့် လက်တဖက်တည်းနှင့်  အံဝင်ခွင်ကျကိုင်တွယ်နိုင်ပါသည်။ ပါးလွှာသောမျက်နှာပြင်သည် စာရေးသားရန်အတွက် အလွန်ကောင်းမွန်ပြီး ခုံးနေသော ဒီဇိုင်းကြောင့် လက်တဖက်တည်းနှင့် ဖုန်းသုံးရာတွင်ပိုမိုလွယ်ကူစေပါသည်။

          Galaxy Note5 သည်ထူးခြားဆန်းသစ်သော ဆမ်ဆောင်း၏ အဓိကကျသည့် ၅.၇လက်မ ရှိသော Quad HD Super Amoled မျက်နှာပြင် နှင့်အတူ ပိုမိုတောက်ပအသက်ဝင်သော
အလင်းအမှောင်ပြတ်သားမှု နှင့် အသေးစိပ်ကျသော မာလ်တီမာဒီယာ စွမ်းဆောင်ချက်များကို အံ့ဩဖွယ်ရာ ထည့်သွင်းပေးထားပါသည်။

          Galaxy Note5 အသုံးပြုသူများသည် ဆမ်ဆောင်း၏ အဆင့်မြှင့်တင်ထားသော Quick launch ဟုခေါ်သည့် home button အားနှစ်ချက်ဆက်တိုက်နှိပ်ရုံဖြင့် ၀.၆ စက္ကန့်အတွင်း ကင်မရာအားဖွင့်နိုင်ခြင်း၊ Auto Real-time High Dynamic Range(HDR) , Smart Optical Image Stabillization(OIS) နှင့်အသစ်စက်စက် brand-new filters များပါဝင်သည့်  advanced camera system မှလည်း အကျိုးကျေးဇူးများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

          Galaxy Note5 တွင် ဆမ်ဆောင်း ၏ လျင်မြန်သော ကြိုးဖြင့်အားသွင်းမှုနှင့် ကြိုးမဲ့အားသွင်းစနစ်ပါဝင်ကာ ကြိုးမဲ့အားသွင်းနည်းစနစ်အား ထည့်သွင်းပေးထားခြင်းသည် ယခုလက်ရှိရနိုင်သော အခြားမည်သည့်ကြိုးမဲ့အားသွင်းပြားနှင့်မဆို တွဲဖက်အသုံးပြုနိုင်ပါသည်။ ကြိုးဖြင့်အားသွင်းရာတွင်လည်း အနီးစပ်ဆုံးမိနစ် ၉၀ အတွင်း အားအပြည့်သွင်းနိုင်မည်ဖြစ်ပြီး ဆမ်ဆောင်း၏ နောက်ဆုံးပေါ် ကြိုးမဲ့စနစ်ဖြင့်အားသွင်းရာတွင် အနီးစပ်ဆုံး မိနစ် ၁၂၀ အတွင်း အားအပြည့်သွင်းနိုင်မည်ဖြစ်ပါသည်။

          Samsung Galaxy Note5 တွင် သုံးစွဲသူများကိုယ်ရေးကိုယ်တာနှင့် အလုပ်အကိုင်အချက်အလက်များအား လုံခြုံစွာ သိမ်းဆည်းနိုင်သော လွယ်ကူရိုးရှင်းသော set up ပါဝင်သော app  အစရှိသည့် တိုးမြှင့်ထားသော လုံခြုံရေးစနစ်လုပ်ဆောင်ချက်များလည်း ထပ်မံ၍ ထောက်ပံ့ပေးထားသည်။

          Samsung Galaxy Note5  ကိုမြန်မာနိုင်ငံတွင် ဩဂုတ်လ ၂၃ ရက်နေ့၌ စတင်ရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်( Black Sapphire ) နှင့် ရွှေရောင် ( Gold Platinum ) တို့အား 32GB storage အရွယ်အစားနှင့် ရရှိနိုင်မည်ဖြစ်သည်။

          ဩဂုတ်လ ၂၃ ရက်နေ့ တစ်ရက်ထဲတွင် ရောင်းချမည့် အထူးဈေးနှုန်းမှာ ၈၅၀၀၀၀ ကျပ်( ၂၃ ရက်နေ့ နောက်ပိုင်းတွင် ၈၈၀၀၀၀ ကျပ် ) ဖြစ်ပြီး ငွေကျပ် ၁၅၀၀၀၀ ထပ်ဆောင်းအပိုပစ္စည်းများရရှိမည်ဖြစ် ဖြစ်သည်။ ၎င်းတို့မှာ- 

၁။ 5000mAH Samsung Battery Pack တစ်ခု
၂။ 32GB OTG Flash Drive

၃။ ၅၀၀၀၀ ကျပ်တန်ဖိုးရှိ အူရီဒူး နံပါတ်အလှ။၁၀၀၀၀ ကျပ် ထည့်သွင်းရုံဖြင့် ၂၇၀၀၀ ကျပ် တန်ဖိုး။အူရီဒူးဖုန်းအချင်းချင်း – ၂ နာရီ။မည်သည့်ကွန်ယက်မဆို- ၂နာရီ။ ဒေတာအခမဲ့အသုံးပြုခွင့် – 1GB။  စာတိုပေးပို့မှု အခမဲ့- ၁၀၀၀။ဆင်းကဒ်တစ်ခု။

၎။ ဝယ်ယူသူများအတွက် မိမိအသုံးပြုနေသော လက်ကိုင်ဖုန်းများဖြင့်လဲလှယ်နိုင်ခြင်း

၅။ ဧရာဝတီ ဘဏ်မှတဆင့် Note5 အား ကြိုတင်မှာယူနိုင်ခြင်း (စက်တင်ဘာလ ၁ရက်နေ့ နောက်ပိုင်းတွင်ရယူနိုင်) Note5 နှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက www.samsungmobilepress.com  (သို့)  www.samsung.com/galaxy သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ထပ်မံသိရှိရခဲ့သည်။

ဆမ်ဆောင်းအီလက်ထရွန်နစ် သည် နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ရုံသာမက အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဥာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗီများ၊အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ၊စမတ်ဖုန်းများ၊တက်ဘကလက်များ၊ဝတ်ဆင်နိုင်သည့်နည်းပညာထုတ်ကုန်များ၊ကွန်ယက်ဆက်သွယ်ရေးစနစ်များ၊ Semiconductor များနှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျှက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts